0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ကိုရီးယားနိုင်ငံက သမိုင်းဝင် အဆောက်အအုံနဲ့ နေရာများ
Jun 14, 2025
—
by
Milo Kevin
in
Travel
ဆိုးလ်မှာရှိတဲ့ အထင်ကရ သမိုင်းဝင် အဆောက်အအုံတွေနဲ့ နေရာတွေဟာ ကာလကြာမြင့်စွာကတည်းက တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ ဆိုးလ်မြို့ရဲ့ သမိုင်းကြောင်းကို ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်း၊ လူနေမှုပုံစံနဲ့ သဘာဝအတိုင်း ရှုခင်းတွေကို ခံစားလို့ရမယ့် သွားရောက်လည်ပတ်သင့်တဲ့ သမိုင်းဝင်နေရာများစွာ ရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal Travel ကနေပြီးတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က သမိုင်းဝင် အဆောက်အအုံနဲ့ နေရာ 10 ခုကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတဲ့ သူတွေရှိရင်တော့ ဆက်ပြီးဖတ်ကြည့်ကြည့်လိုက်ပါ။
1.Deoksugung နန်းတော်
ဆိုးလ်မြို့ရဲ့ နာမည်ကြီး သမိုင်းဝင် နေရာတစ်ခုဖြစ်ပြီး Deoksugung နန်းတော်ဟာ “ရှေးဟောင်းဆန်တာ” နဲ့ “ခေတ်မီတာ” ကို ပေါင်းစပ်ထားတဲ့ ဗိသုကာစတိုင်တွေကို တွေ့မြင်ရနိုင်တဲ့ နန်းတော်တစ်ခုလဲ ဖြစ်ပါတယ်။ နာပြောင်းပြီး ဧကရာဇ်Joseon မင်းဆက်ရဲ့ 26 ယောက်မြောက်ဘုရင်နဲ့ Daehan အင်ပါယာရဲ့ ပထမဆုံးဧကရာဇ် Gojong ကို သက်တော်ရှည်စေလိုတာကြောင့် နန်းတော်ကို Gyeongungung ကနေ Deoksugung နန်းတော်လို့ နာမည်ပြောင်းလဲခဲ့ပါတယ်။ နန်းတော်ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ Daehanmun Gate ကိုဖြတ်လျှောက်တဲ့အခါမှာ ကြီးကျယ်ခမ်းနားတဲ့ ရိုးရာသစ်သား အဆောက်အအုံတွေအပြင် Joseon မင်းဆက် နှောင်းပိုင်းခေတ်မှာ တည်ဆောက်ခဲ့ အနောက်တိုင်းပုံစံ ကျောက်တုံးအဆောက်အအုံတွေကိုလဲ တွေ့မြင်နိုင်ပါတယ်။
Deoksugung မှာရှိတဲ့ နာမည်ကြီးတဲ့ အဆောက်အဦတွေကတော့ နန်းတော်ရဲ့ ဗဟိုဖြစ်တဲ့ Junghwajeon၊ တော်ဝင်အိပ်ခန်းဖြစ်တဲ့ Hamnyeongjeon၊ ဧကရာဇ် Gojong စားသောက်ပွဲတွေကို မကြာခဏကျင်းပလေ့ရှိတဲ့ Romanesque Jeonggwanheon တို့ဖြစ်ပါတယ်။ Junghwajeon ရဲ့ နောက်မှာရှိတဲ့ Seokjojeon ကတော့ သံတမန်ရေးရာနဲ့ အဆင့်မြင့်အစိုးရ အစည်းအဝေးတွေအတွက် အသုံးပြုတဲ့ အဆောက်အအုံဖြစ်ပြီး ဗြိတိသျှ ဗိသုကာပညာရှင် John Reginald Harding ကနေပြီး 1898 ခုနှစ်မှာ ဒီဇိုင်းထုတ်ခဲ့တဲ့ Neo-Renaissance စတိုင် အဆောက်အအုံဖြစ်ပါတယ်။
တည်နေရာ- 99၊ Sejong-daero၊ Jung-gu၊ ဆိုးလ်၊
ဖွင့်ချိန်- အင်္ဂါ-တနင်္ဂနွေ မနက် ၉ နာရီ မှ ည ၉ နာရီ (တနင်္လာနေ့ ပိတ်ပါတယ်)
2.Namsangol Hanok ကျေးရွာ
Namsangol Hanok ကျေးရွာကတော့ ကိုရီးယား ရှေးလူကြီးတွေရဲ့ နေထိုင်မှုပုံစံကို အနီးကပ်ခံစားနိုင်ပါတယ်။ Namsangol ပန်းခြံမှာတည်ရှိတဲ့ ဒီ hanok ရွာမှာ Hanbok ၀တ်ဆင်ခြင်း၊ Hangul ရေးခြင်းနဲ့ ရိုးရာ လက်ဖက်ရည်သောက်ခြင်းတို့လို ရိုးရာလှုပ်ရှားမှု အမျိုးမျိုးမှာ ပါဝင်ဆင်နွှဲနိုင်ပါတယ်။ Namsangol ပန်းခြံဟာ ရိုးရာလက်မှုပညာပြပွဲ၊ Namsan Gugakdang၊ Cheonugak နဲ့ Time Capsule Square တို့ရဲ့ နေရာဖြစ်ပြီး ဆိုးလ်မြို့လယ်ခေါင်ရဲ့ မြင်ကွင်းနဲ့ လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်ပါတယ်။ တိုက်ကွမ်ဒိုနဲ့ ကောက်ရိုးလက်မှုပညာ သရုပ်ပြတွေကို ကြည့်ရှုပြီး jegichagi နဲ့ yutnori လို ရိုးရာကစားနည်းတချို့ကိုလဲ ကစားနိုင်ပါတယ်။ စနေ၊တနင်္ဂနွေနေ့တွေမှာဆိုရင်လဲ ဒီရွာမှာ ရိုးရာမင်္ဂလာပွဲတွေကို ကျင်းပလေ့ရှိတာကြောင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကိုလဲ လေ့လာနိုင်ပါတယ်။
တည်နေရာ- ၂၈၊ Toegye-ro 34-gil၊ Jung-gu၊ ဆိုးလ်၊
ဖွင့်ချိန်- အင်္ဂါ-တနင်္ဂနွေ မနက် ၉ နာရီ မှ ညနေ ၆ နာရီ (တနင်္လာနေ့ ပိတ်ပါတယ်)
3.Jogyesa ဘုရားကျောင်း
Jogyesa ဘုရားကျောင်းရဲ့ ပင်မတံခါး Iljumun နဲ့ Sadaecheonwang Bujosang တို့ကို ဖြတ်ပြီး ပရိဝုဏ်အတွင်းကို ဝင်လိုက်တာနဲ့ ဒီနေရာဟာ သာသနာပြုခြင်း၊ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ နေရာတစ်ခုဖြစ်ကြောင်း ခံစားနိုင်ပါတယ်။ Jogyesa ဘုရားကျောင်းဟာ ကိုရီးယား ဗုဒ္ဓဘာသာမှာ အဓိက ဘုရားကျောင်းအဖြစ် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Jogyesa ဘုရားကျောင်းရဲ့ ဓမ္မခန်းမဟာ တစ်နှစ်ပတ်လုံး ဗုဒ္ဓဘာသာပွဲတွေ၊ ဟောပြောပွဲတွေ၊ အခမ်းအနားနဲ့ တခြားပွဲတော်တွေ ကျင်းပတဲ့ အဓိကနေရာအဖြစ် အသုံးပြုကြပါတယ်။ မြတ်စွာဘုရားမွေးနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် မီးပုံးပွဲတော်ကို ဒီဘုရားကျောင်းမှာ ကျင်းပလေ့ရှိပါတယ်။
တည်နေရာ- 55၊ Ujeongguk-ro၊ Jongno-gu၊ ဆိုးလ်၊
4.Bukchon Hanok ရွာ
Bukchon Hanok ရွာကတော့ Gyeongbokgung နန်းတော်၊ Changdeokgung နန်းတော်နဲ့ Jongmyo ဘုရားကျောင်းဆောင် တို့ကြားမှာ တည်ရှိပြီး ရင်သပ်ရှုမောဖွယ် ပတ်ဝန်းကျင်ရှုခင်းကြောင့် တစ်ချိန်က တော်ဝင်မိသားစုနဲ့ Joseon ခေတ်ရဲ့ အဆင့်မြင့်အရာရှိတွေ နေထိုင်ခဲ့တဲ့ ဇိမ်ခံရပ်ကွက်တစ်ခုဖြစ်ကြောင်း သိနိုင်ပါတယ်။ Cheonggyecheon စမ်းချောင်းနဲ့ Jongno ရဲ့ မြောက်ဘက်မှာ တည်ရှိတာကြောင့် Bukchon လို့လဲခေါ်တွင်ပါတယ်။ ဒီရွာဟာ ဆိုးလ်မြို့ရဲ့ သက်တမ်း နှစ် 600 သက်တမ်းရှိတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံကို ရရှိနိုင်တဲ့ ကျေးရွာတစ်ခုဖြစ်ပြီး Joseon ခေတ်ကို ပြန်ရောက်သွားသလို ခံစားရစေမှာပါ။
တည်နေရာ- ၃၇၊ Gyedong-gil၊ Jongno-gu၊ ဆိုးလ်၊
ဆိုင်ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ
5.Dongmyo ဘုရားကျောင်းဆောင်
Dongmyo တွင်၊ သင်သည် သာမန်အားဖြင့် ရှာမတွေ့နိုင်သော ရှည်လျားသော သမိုင်းကြောင်းများနှင့် လျှို့ဝှက်ထားသော ကျောက်မျက်ရတနာများကို တွေ့နိုင်သည်။ ထိုနေရာကို Imjin စစ်ပွဲအတွင်း ဂျပန်တို့ကို တိုက်ထုတ်ဖို့ ကိုရီးယားကို ကူညီပေးခဲ့တဲ့ မင်မင်းဆက်ရဲ့ တောင်းဆိုမှုအရ တရုတ်စစ်သူကြီး Guan Yu ကို ဂုဏ်ပြုဖို့အတွက် နတ်ကွန်းတစ်ခု တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဗိသုကာ လက်ရာတွေကို ဂျိုဆွန်ခေတ်ရဲ့ ကျက်သရေရှိမှုနဲ့အတူ ပူးတွဲမြင်တွေ့နိုင်ပါတယ်။Dongmyo ဘုရားကျောင်းဆောင် အနီးမှာ Dongmyo လဟာပြင်စျေး တည်ရှိပြီး အဆင်တန်ဆာအမျိုးမျိုးနဲ့ ရှေးဟောင်းပစ္စည်းများတွေကနေ တစ်ပတ်ရစ် ကုန်ပစ္စည်းတွေဝယ်ယူနိုင်ပါသေးတယ်။
တည်နေရာ- 84၊ Nangye-ro 27-gil၊ Jongno-gu၊ ဆိုးလ်၊
ကိုရီးယားနိုင်ငံက သမိုင်းဝင် အဆောက်အအုံနဲ့ နေရာတွေကတော့ ဒီလောက်နဲ့ ကုန်သွားမှာ မဟုတ်ပါဘူး။ နောက်ထပ် 5 နေရာတောင် ကျန်နေပါသေးတယ်။ ကျန်နေသေးတဲ့ နေရာတွေဖြစ်တဲ့ Changgyeonggung နန်းတော်၊.Changdeokgung နန်းတော်၊ Sungnyemun ဂိတ်၊ Gyeongbokgung နန်းတော်၊ Myeongdong ဘုရားရှိခိုးကျောင်း အကြောင်းကို နောက်ရက်ကျ တင်ဆက်ပေးမှာမလို့ စောင့်မျှော်နေကြပါနော်။
←
Previous:
xAI မှ Windows နဲ့ macOS အတွက် Grok App လုပ်ဖို့ ဆော့ဖ်ဝဲအင်ဂျင်နီယာများ ခေါ်ယူနေ
Next:
part 2/ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က သမိုင်းဝင် အဆောက်အအုံနဲ့ နေရာများ
→
Latest
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပါပြီ
Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပြီး ဒီ Update ရဲ့…
Read more
: Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပါပြီ
Xiaomi ဖုန်းအသုံးပြုသူတွေအတွက် သီးသန့် Theme တွေ ထပ်ရှာနေစရာ မလိုတော့မယ့် သတင်းကောင်းတစ်ခု
Xiaomi ဖုန်းအသုံးပြုသူတွေအတွက် သီးသန့် Theme တွေ ထပ်ရှာနေစရာ မလိုတော့မယ့် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။ လာမယ့်…
Read more
: Xiaomi ဖုန်းအသုံးပြုသူတွေအတွက် သီးသန့် Theme တွေ ထပ်ရှာနေစရာ မလိုတော့မယ့် သတင်းကောင်းတစ်ခု
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications