0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2/ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က သမိုင်းဝင် အဆောက်အအုံနဲ့ နေရာများ
Jun 16, 2025
—
by
Milo Kevin
in
Travel
အရင်ရက်က ဖော်ပြခဲ့တဲ့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က သမိုင်းဝင် အဆောက်အအုံနဲ့ နေရာတွေထဲက ကျန်နေသေးတဲ့ Changgyeonggung နန်းတော်၊.Changdeokgung နန်းတော်၊ Sungnyemun ဂိတ်၊ Gyeongbokgung နန်းတော်၊ Myeongdong ဘုရားရှိခိုးကျောင်း အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
6.Changgyeonggung နန်းတော်
ကျက်သရေရှိပြီး တည်ငြိမ်အေးချမ်းတဲ့ Changgyeonggung နန်းတော်ကတော့ ဆိုးလ်မြို့သူမြို့သားတွေအတွက် အနားယူရာ နေရာတစ်ခုဖြစ်ပါတယ်။ ဘုရင် Taejong ဟာ နန်းစွန့်ပြီးတဲ့နောက် ဒီနန်းတော်မှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနန်းတော်ဟာ ဘုရင်တွေ အဓိကအသုံးပြုတဲ့ ပင်မနန်းတော်မဟုတ်ရုံသာမက နိုင်ငံရေးကိစ္စတွေ ကျင်းပတဲ့ နေရာမဟုတ်ပေမယ့် ဒီနန်းတော်ဟာ နာမည်ကြီး တော်ဝင်နန်းတော်ငါးခုထဲက တစ်ခုဖြစ်ပြီး အရေးကြီးတဲ့ အုပ်ချုပ်ရေးတာဝန်တွေအတွက် အသုံးပြုခဲ့ပါတယ်။ ဂျပန်ကိုလိုနီခေတ်မှာ နန်းတော်ကို တိရစ္ဆာန်ရုံ၊ ရုက္ခဗေဒဥယျာဉ်၊ ပြတိုက်နဲ့ အပန်းဖြေဥယျာဉ်အဖြစ် ပြောင်းလဲလိုက်တာကြောင့် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ တော်ဝင်နန်းတော်အဖြစ် ပြန်လည်မွမ်းမံခဲ့ပါတယ်။
တည်နေရာ- 185၊ Changgyeonggung-ro၊ Jongno-gu၊ ဆိုးလ်၊
ဖွင့်ချိန်- အင်္ဂါ-တနင်္ဂနွေ မနက် ၉း၃၀ မှ ညနေ ၅း၃၀ (တနင်္လာနေ့ ပိတ်ပါတယ်)
7.Changdeokgung နန်းတော်
Joseon မင်းဆက်ရဲ့ နာမည်ကြီး ဒုတိယ တော်ဝင်နန်းတော်ဖြစ်တဲ့ Changdeokgung နန်းတော်မှာ သဘာဝရှုခင်းနဲ့ လိုက်လျောညီထွေရှိတဲ့ ဗိသုကာပုံစံတွေအပြင် လှပတဲ့ ဥယျာဉ်ကိုလည်း တွေ့နိုင်ပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံရတဲ့ ဒီနန်းတော်နားမှာ သဘာဝတောင်တန်းတွေ တလျှောက် တည်ရှိတာကြောင့် တဲ့ ဗိသုကာလက်ရာတွေကို ပိုမိုပြီးပြည့်စုံစေပါတယ်။ Huwon Secret Garden လို့လည်း လူသိများတဲ့ ဒီဥယျာဉ်ဟာ ပွဲတွေကျင်းပဖို့ နေရာတွေ၊ လမ်းလျှောက်ဖို့အတွက် လျှောက်လမ်းတွေ ဖန်တီးထားပြီး Changgyeonggung နန်းတော်နဲ့လည်း ချိတ်ဆက်ထားပါတယ်။ ဘုရင်တွေ အရှည်ကြာဆုံး နေထိုင်တဲ့ နေရာဖြစ်တာကြောင့်ဒီတော်ဝင်နန်းတော်မှာ နှစ်ပေါင်း 300 သက်တမ်းရှိတဲ့ သစ်ပင်ကြီးတွေ အပါအဝင် သဘာဝနဲ့ သဟဇာတဖြစ်အောင် တည်ဆောက်ထားတဲ့ ရေကန်တွေ၊ မဏ္ဍပ်တွေရှိပါတယ်။
တည်နေရာ- 99၊ Yulgok-ro၊ Jongno-gu၊ ဆိုးလ်၊
ဖွင့်ချိန်- အင်္ဂါ-တနင်္ဂနွေ မနက် ၉ နာရီ မှ ညနေ ၅ နာရီ (တနင်္လာနေ့ ပိတ်ပါတယ်)
8.Sungnyemun ဂိတ်
အမျိုးသား အမွေအနှစ်ဖြစ်တဲ့ Sungnyemun Gate ဟာ Joseon ခေတ်ရဲ့ မြို့တော် Hanyang ရဲ့ အစောင့်ဂိတ်အဖြစ် နှစ်ပေါင်း 600 ခန့်ကြာအောင် ကာကွယ်ပေးခဲ့ပါတယ်။ ဒီဂိတ်ဟာ ဂျပန်ကိုလိုနီခေတ်မှာတောင် ကောင်းစွာ ထိန်းသိမ်းထားနိုင်ပေမယ့်လည်း ၂၀၀၈ ခုနှစ်မှာတော့ မီးလောင်ပြာကျသွားခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်းသုတေသနတွေကြောင့် 2013 ခုနှစ်မှာ တံခါးကို မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ ပြန်လည်ထိန်းသိမ်းထားတဲ့ Sungnyemun ဂိတ်ကို လူအများ ဘေးကင်းစေဖို့အတွက် အရှေ့တံခါးကိုသာ ဖွင့်လှစ်ထားခဲ့ပေမယ့် ပြည်သူတွေ ကြုံတွေ့နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို သက်သာစေဖို့ အနောက်တံခါးကို 2021 ခုနှစ် ဇွန်လမှ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
တည်နေရာ- ၄၀၊ Sejong-daero၊ Jung-gu၊ ဆိုးလ်၊
ဖွင့်ချိန်- အင်္ဂါ-တနင်္ဂနွေ နေ့လယ်မှ သန်းခေါင်အထိ (တနင်္လာနေ့ ပိတ်ပါတယ်)
9.Gyeongbokgung နန်းတော်
ကြီးကျယ်ခမ်းနားမှုနဲ့ ယဥ်ကျေးမှု အဆင့်အတန်း နှစ်မျိုးလုံးကို ပြသနေတဲ့ Gyeongbokgung နန်းတော်ဟာ Joseon မင်းဆက်ရဲ့ အဓိက တော်ဝင်နန်းတော် တစ်ခုလဲဖြစ်ပါတယ်။ ဒီနန်းတော်ကိုတော့ Seoul မြောက်ပိုင်းမှာ တည်ရှိတာကြောင့် Bukgwol လို့လည်း ခေါ်ကြပါတယ်။ နာမည်ကြီး တော်ဝင်နန်းတော် ငါးခုအနက် Gyeongbokgung ဟာ အကြီးကျယ်ဆုံး ဗိသုကာလက်ရာတွေကို ပိုင်ဆိုင်ထားတဲ့ နန်းတော်တစ်ခုဖြစ်ပါတယ်။ Gwanghwamun နဲ့ Heungnyemun ဂိတ်တွေကို ဖြတ်ကျော်ပြီး Geunjeongjeon Hall ကိုရောက်ရင်တော့ နန်းတော်အပေါ်မှာရှိတဲ့ Bugaksan တောင်ကြီးရဲ့ အံ့မခန်းမြင်ကွင်းကိုလဲ ခံစားနိုင်ပါတယ်။ အကျော်ကြားဆုံး Joseon မင်းဆက်က အဆောက်အဦနှစ်ခုဖြစ်တဲ့ Gyeonghoeru နဲ့ Hyangwonjeong Pavilions တို့က ရေကန်တွေဟာလဲ ရှေးဟောင်းနန်းတော်ရဲ့ ကျက်သရေကို ခံစားနိုင်သေးပြီး ရှေးမူလပုံစံအတိုင်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားသမိုင်းပြတိုက်နဲ့ အမျိုးသားနန်းတော်ပြတိုက်တွေမှာလဲ ကိုရီးယားနိုင်ငံရဲ့ သမိုင်းကြောင်းကို ကြည့်ရှုနိုင်ပါတယ်။
တည်နေရာ- 161၊ Sajik-ro၊ Jongno-gu၊ ဆိုးလ်၊
ဖွင့်ချိန်- ဗုဒ္ဓဟူး-တနင်္လာနေ့ နံနက် ၉ နာရီမှ ညနေ ၆ နာရီ (အင်္ဂါနေ့ ပိတ်ပါတယ်)
10.Myeongdong ဘုရားရှိခိုးကျောင်း
Myeongdong ဘုရားရှိခိုးကျောင်းကတော့ ကက်သလစ်ဘုရားကျောင်းရဲ့ သမိုင်းကြောင်းကို ပြသနေသလို အလွန်ကောင်းမွန်တဲ့ ဗိသုကာလက်ရာတွေကိုလည်း အံ့မခန်း မြင်တွေ့နိုင်ပါတဘ်။ ဘုရားကျောင်းရဲ့ နာမည်အပြည့်အစုံကတော့ Myeongdong Catholic Cathedral Archdiocese of Seoul ဖြစ်ပါတယ်။ Myeongdong Cathedral ဟာ ကိုးရီးယားကက်သလစ် ဘုရားကျောင်းရဲ့ သင်္ကေတနဲ့ နှလုံးသားတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး အာဇာနည်များစွာတို့ရဲ့ အကြွင်းအကျန်တွေလဲ ကိန်းအောင်းနေပါတယ်။ 12 နှစ်ကြာ ဆောက်လုပ်ပြီးတဲ့နောက် Myeongdong Cathedral ဟာ ကြီးမားလှတဲ့ ယဉ်ကျေးမှုတန်ဖိုးကြောင့် သမိုင်းဝင်နေရာတစ်ခုအဖြစ် သတ်မှတ်ခံရတဲ့အပြင် Gothic ပုံစံစစ်စစ် အဆောက်အဦလဲ ဖြစ်ပါတယ်။
တည်နေရာ- 74၊ Myeongdong-gil၊ Jung-gu၊ ဆိုးလ်၊
←
Previous:
ကိုရီးယားနိုင်ငံက သမိုင်းဝင် အဆောက်အအုံနဲ့ နေရာများ
Next:
ဆိုးလ်ရဲ့ ဆောင်းရာသီမှာ ဘာတွေသွားကြမလဲ ?
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications