Your cart is currently empty!

Xiaomi 17 Pro: Display မှာ Dragon Glass ပါ၊ နောက်ကျောမှာ Plastic/Fiberglass, Durability Test ရဲ့ ထူးခြားချက်များ
Xiaomi 17 Pro: Display မှာ Dragon Glass ပါ၊ နောက်ကျောမှာ Plastic/Fiberglass? Durability Test ရဲ့ ထူးခြားချက်များ
JerryRigEverything YouTube ချန်နယ်မှာ တင်ခဲ့တဲ့ Xiaomi 17 Pro ရဲ့ Durability Test (ခံနိုင်ရည် စမ်းသပ်မှု)ဗီဒီယိုကြောင့် ဒီဖုန်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်အချို့ကို ထပ်မံသိရှိခဲ့ရပါတယ်။
Dragon Glass ရဲ့ စွမ်းဆောင်ရည် တိုးတက်လာမှု
Xiaomi 17 Pro ရဲ့ Display မှာ အသုံးပြုထားတဲ့ Dragon Glass Protection ဟာ ပုံမှန် စမတ်ဖုန်းတွေမှာ အစင်းထင်တတ်တဲ့ Level 6 မှာ အစင်းမထင်တော့ဘဲ Level 7 ရောက်မှသာ အစင်းရာ စတင်ပေါ်လာပါတယ်။
ဒါဟာ iPhone 17 Series ရဲ့ Ceramic Shield 2 လောက်ထိ မကောင်းသေးပေမဲ့၊ စမတ်ဖုန်း Display Glass တွေရဲ့ စွမ်းဆောင်ရည်ကို တစ်ဆင့်တက်သွားပြီလို့ ဆိုရမှာပါ။
နောက်ကျောဒီဇိုင်းနဲ့ Weight ပြသာနာ
Xiaomi ဟာ Back Panel အတွက် Glass အစား Plastic ကိုသာ အသုံးပြုထားပါတယ်။ JerryRigEverything ရဲ့ သုံးသပ်ချက်အရ ဒါဟာ Fiberglass (Plastic နဲ့ Glass ရောထားတဲ့ ဒြပ်ပေါင်းပစ္စည်း) ဖြစ်ဖို့ ပိုများပါတယ်။
Fiberglass ကို လက်ရှိ Mid Range/Budget ဖုန်းတွေမှာလည်း တွင်ကျယ်စွာ သုံးနေကြပြီး Glassitic လို့တောင် ခေါ်ဝေါ်ဖူးကြပါတယ်။
ဒီ Plastic/Fiberglass ဟာ Glass လိုမျိုး အလွယ်တကူ ကွဲအက်နိုင်ခြင်း မရှိဘဲ၊ Glass နဲ့ Aluminum Body တွေထက် ပိုမိုပေါ့ပါးပါတယ်။ ဒီအချက်ကြောင့် Xiaomi 17 Pro ဟာ iPhone 17 Pro ထက် ပိုကြီးတဲ့ Battery ထည့်ထားတာတောင် iPhone 17 Pro ထက် ကိုယ်အလေးချိန် ပိုပေါ့နေရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။
Display နဲ့ Bend Test
ဖုန်းရဲ့ Display ဟာ 12-bit ဖြစ်သွားတာကို JerryRigEverything က ချီးကျူးထားပါတယ်။
ဖုန်းရဲ့ Bend Test ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
ဖုန်းကို နောက်ကျောခွာလိုက်တဲ့အခါ အတွင်းက Screw တစ်ခု က မကျပ်ထားဘဲ နောက်ဖုံးမှာ ကပ်ပါလာတာကို တွေ့ရှိခဲ့ရပါတယ်။
တစ်ဖက်မှာတော့ Xiaomi 17 Pro နဲ့ ဒီဇိုင်းဆင်တူတဲ့ iPhone 17 Pro က ဒီနှစ်မှာ Titanium ကနေ Aluminum Unibody ကို ပြန်လည်ပြောင်းလဲခဲ့ပါတယ်။ Wireless Charging နဲ့ MagSafe အတွက် သုံးတဲ့ Glass နေရာမှာတောင် iPhone 15/16 စီးရီးမှာ Display အတွက် သုံးတဲ့ Ceramic Shield ကို အသုံးပြုပေးထားပါတယ်။
ကိုယ်ပိုင်သုံးသပ်ချက် အနေနဲ့ကတော့ Titanium ကို အခုထိ ပိုသဘောကျနေတုန်းပါပဲ။ Aluminum ကို ပြန်ပြောင်းတဲ့အတွက် အရောင်ပြောင်းလဲတဲ့ ပြဿနာတွေလည်း ရှိနေတာဆိုတော့ Apple အနေနဲ့ Xiaomi လို Plastic (Fiberglass) Back Panel ကို ပြောင်းသုံးလိုက်တာကမှ ပိုပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက် ဖြစ်မလားလို့ တွေးမိပါတယ်။





