Your cart is currently empty!
ခေါက်ဖုန်းတွေပြီးတော့ အခုဆိုရင် ဆွဲဆန့်လို့ရတဲ့ဖုန်းတွေလာတော့ပါမယ်။
Samsung က ခေါက်ဖုန်းတွေထုတ်ပြပြီး လူတိုင်းစီက ဆွဲဆောင်မှုတွေ သိမ်းယူသွားပြီးနောက်မှာတော့ ခေါက်ဖုန်းတွေရဲ့ အရေးပါမှုတွေဟာလည်း တော်တော်လေးကို ဖုန်းသုံးတဲ့သူတွေကြားထဲ ပြောင်းလဲမှုတစ်ခုအနေနဲ့ ဖြစ်လာခဲ့ပါတယ်။
ခေါက်ဖုန်းတွေပေါ်လာပြီးနောက်မှာ ဖုန်းတွေကို အိတ်ကပ်ထဲ လွယ်လွယ်ကူကူထည့်ထားလို့ရတာတွေ၊ မျက်နှာပြင်ကြီးကြီးနဲ့ ဖုန်းသုံးလို့ရတာတွေ၊ Game ဆော့လို့ရတာတွေအထိလုပ်လို့ရနိုင်ခဲ့ပြီဖြစ်ပါတယ်။
အခုဆိုရင် Samsung ကနေပြီးတော့ ခေါက်နိုင်တဲ့ဖုန်းတွေအပြင် ဆွဲဆန့်လို့ရနိုင်တဲ့ ဖုန်းတွေထုတ်ဖို့အတွက် မူပိုင်ခွင့်တင်နေတယ်လို့သိရပါတယ်။ ဒါပေမယ့် ဖုန်းတွေက စျေးကွက်ထဲ ဘယ်တော့ ထွက်လာမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
ဒီလိုထွက်လာရင်တော့ Samsung နဲ့ အပြိုင်ထွက်ထားတဲ့ Huawei ရဲ့ သုံးခေါက်ခေါက်နိုင်တဲ့ Mate XT ကို အပြတ်အသက်အနိုင်ရနိုင်အပြင် စျေးကွက်ကလည်း ဒါမျိုး Design တွေနဲ့ ထူးခြားတာတွေမျှော်လင့်နေတာဖြစ်လို့ လက်ခံနိုင်မယ်လို့ ထင်မိပါတယ်။
အခုလက်ရှိကတော့ Render ပုံတွေသာထွက်ထားတာဖြစ်ပါတယ်။







Leave a Reply
You must be logged in to post a comment.