0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ဆိုးလ်မှာ အလကားသွားရောက်လည်ပတ်လို့ရမယ့် နေရာ 8 ခု
May 3, 2025
—
by
Milo Kevin
in
Travel
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Travel ကနေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှာ ငွေကုန်ကြေးကျ သက်သာစွာနဲ့ သွားရောက်လည်ပတ်လို့ရမယ့် နေရာ 8 နေရာအဖြစ် Namsan Seoul Tower, ကိုရီးယားအမျိုးသားပြတိုက်, Seoul Forest, Bukchon Hanok ရွာ, ဆိုးလ်မြို့ တံတိုင်း, Dongdaemun ဒီဇိုင်းပလာဇာ, Bongeunsa ဘုရားကျောင်း, Ihwa Mural ကျေးရွာ တို့ကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဆိုးလ်တဝိုက် အကုန်အကျ သက်သက်သာသာနဲ့ လည်ပတ်ချင်တယ်ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
1. Namsan Seoul Tower
Namsan Seoul Tower ဟာ ဆိုးလ်ရဲ့ ထိပ်တန်း ဆွဲဆောင်မှုတွေထဲက အခမဲ့ သွားလို့ရတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆိုးလ်မြို့တံတိုင်းတလျှောက် လမ်းလျှောက်ပြီးတော့ တောင်ထိပ်ကို ငွေကုန်စရာမလိုဘဲ ခြေလျင်တက်နိုင်ပါတယ်။ ဒါပေမယ့် တောင်ထိပ်ကို ရောက်ဖို့ ကေဘယ်ကားစီးရင်တော့ အနည်းဆုံး ဝမ် 10,000 ခန့် ကုန်ကျနိုင်ပါ။ မျှော်စင်ထိပ်ကို ရောက်ရင်လဲ ပန်းပုရုပ်တွေ များစွာနဲ့ ဓာတ်ပုံရိုက်နိုင်ပါတယ်၊ဒါ့အပြင် စုံတွဲတွေဆိုလဲ မျှော်စင်တဝိုက် သော့ချိတ်ပြီး arcade ဂိမ်းတွေလဲ ကစားနိုင်ပါတယ်။ မျှော်စင်ပေါ်ကနေ စုံတွဲတွေအနေနဲ့ ညနေပိုင်း ဆိုးလ်မြို့ရဲ့ ရှုခင်းအလှတွေကို ကြည့်ရင်း အမှတ်တရကောင်းတွေကို ဖန်တီးနိုင်မှာဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နမ်ဆန်မျှော်စင်ပေါ်ကို လမ်းလျှောက်တက်ရင် တောင်က မတ်စောက်တာကြောင့် သတိထားပြီး တက်သင့်ပါတယ်။
အနီးဆုံးမြေအောက်ရထားဘူတာ- Myeongdong ဘူတာထွက်ပေါက် 1၊ 2၊ 3 (명동역 1,2,3번 출구)
2. ကိုရီးယားအမျိုးသားပြတိုက်
The National Museum of Korea (국립중앙박물관) လဲ ဆိုးလ်မှာရှိတဲ့ စိတ်ဝင်စားကောင်းတာတွေထဲက အလကားသွားလို့ရတဲ့ နေရာတခုဖြစ်ပါတယ်။ ပြတိုက်မှာ ကိုရီးယားသမိုင်းနဲ့ ပတ်သက်ပြီး ရှေးခေတ်ကနေ ယနေ့ခေတ်အထိ ပစ္စ္စည်းပေါင်း 12,000 ကျော်ကို အမြဲတမ်း ပြသထားပါတယ်။ အထူးပြပွဲတွေက လွဲပြီး ကိုရီးယားအမျိုးသားပြတိုက်ကို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါတယ်။ အထူးပြပွဲတွေအတွက် လက်မှတ်ကိုတော့ ပြတိုက်ရဲ့ တရားဝင် website ကနေတဆင့် ဝယ်ယူနိုင်ပါတယ်။
အနီးဆုံးမြေအောက်ရထားဘူတာ- Ichon ဘူတာထွက်ပေါက် 2 (이촌역 2번 출구)
3. Seoul Forest
Seoul Forest (서울숲) ကို 2002 ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အမျိုးသား မိသားစု ပန်းခြံဆိုပြီး လူသိများပါတယ်။ ဒီပန်းခြံရဲ့ မြေဧရိယာဟာ 1.16 သန်းစတုရန်းမိုင်ကျော် ကျယ်ဝန်းပြီး အဓိကအနေနဲ့ ဧရိယာငါးခု ရှိပြီး ယဉ်ကျေးမှု အနုပညာ ပန်းခြံ၊ ဂေဟစနစ်သစ်တော၊ သဘာဝ အတွေ့အကြုံ လေ့လာရေး ဧရိယာ၊ တောရိုင်းသမင် ကျက်စားရာ နေရာနဲ့ ရုက္ခဗေဒ ဥယျာဥ်တို့ ပါဝင်ပါတယ်။ Seoul Forest ရဲ့ ဒီဧရိယာတွေကို ဝင်ရောက်ဖို့ ငွေကုန်စရာ မလိုအပ်ဘဲ အခမဲ့သွားလို့ရတဲ့ ဆွဲဆောင်မှုနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
အနီးဆုံးမြေအောက်ရထားဘူတာ – ဆိုးလ်သစ်တောဘူတာထွက်ပေါက် 3 (서울숲역 3번출구)
4. Bukchon Hanok ရွာ
Gyeongbokgung နန်းတော်၊ Changdeokgung နန်းတော်နဲ့ Jongmyo Shrine တို့ကြားမှာ တည်ရှိတဲ့ Bukchon Hanok ရွာကတော့ ကိုရီးယားရိုးရာ ရှေးဟောင်းရွာပုံစံကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ရင်သက်ရှုမောဖွယ် ရှုခင်းတွေကိုပါ တခါထဲ ကြည့်လို့ရပါတယ်။ ကိုရီးယားရိုးရာ ဗိသုကာလက်ရာတွေနဲ့ နိုင်ငံရဲ့ သမိုင်းဝင်အခိုက်အတန့်တွေကို ပြသထားပြီး တချို့ ရိုးရာအိမ်တွေမှာဆိုရင် နေထိုင်ဆဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုရီးယားရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ခံစားပြီး ဆိုးလ်မြို့ရဲ့ ငွေကုန်သက်သာစေမယ့် လည်ပတ်စရာနေရာတခုအဖြစ် အကြံပြုလိုက်ပါတယ်။
အနီးဆုံးမြေအောက်ရထားဘူတာ Anguk Station ထွက်ပေါက် 2 (안국역 2번출구)
ကျန်နေသေးတဲ့ ဆိုးလ်မြို့ တံတိုင်း, Dongdaemun ဒီဇိုင်းပလာဇာ, Bongeunsa ဘုရားကျောင်း, Ihwa Mural ကျေးရွာ အကြောင်းကို နောက်တပတ် ကျွန်တော်တို့ MyanGoal – Travel Page ကနေဘဲ ပြောပြပေးသွားမှာမလို့ ဆက်ဆက် စောင့်မျှော်နေကြပါနော်။
#seoul #travel #free #visit #myanmar #korea #myangoal
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
ခေါက်ဖုန်းတွေပြီးတော့ အခုဆိုရင် ဆွဲဆန့်လို့ရတဲ့ဖုန်းတွေလာတော့ပါမယ်။
Next:
ဆိုးလ်မှာ အလကားသွားရောက်လည်ပတ်လို့ရမယ့် နေရာ 8 ခု (Part-2)
→
Latest
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့…
Read more
: Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.