စျေးကွက်မရှိတော့တဲ့ Galaxy Z TriFold
Samsung ရဲ့ ဆန်းသစ်လှတဲ့ နှစ်ဆင့်ခေါက်ဖုန်း Galaxy Z TriFold ဟာ ဈေးကွက်အတွင်း ခဏတာသာ လှုပ်ခတ်နိုင်ခဲ့ပြီး အခုအခါမှာတော့ အပြီးတိုင် နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံမှာ အရေအတွက် အကန့်အသတ်နဲ့သာ ရောင်းချခဲ့ရတဲ့ ဒီဖုန်းဟာ အခုဆိုရင် အမေရိကန်ဈေးကွက်မှာပါ ထုတ်လုပ်ရောင်းချမှု အားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ Samsung က အတည်ပြုလိုက်ပါတယ်။
တရားဝင်ဝဘ်ဆိုဒ်မှာလည်း ပစ္စည်းလုံးဝရောင်းကုန်သွားပြီဖြစ်ကြောင်း ကြေညာထားပြီး TriFold ရဲ့နေရာမှာ အစားထိုးဝယ်ယူနိုင်ဖို့ Fold7 နဲ့ S26 Ultra တို့ကိုသာ ညွှန်းဆိုထားပါတယ်။ သုံးစွဲသူတွေအတွက် မျှော်လင့်ချက်တစ်ခုကတော့ Samsung အနေနဲ့ နောက်ထပ်ထူးခြားတဲ့ တီထွင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကတိပေးထားတာပါပဲ။
TriFold ရဲ့ ခရီးလမ်းဟာ အဆုံးသတ်သွားပြီဖြစ်ပေမဲ့ ရှေ့လာမယ့်နှစ်တွေမှာ ပိုမိုပါးလွှာပေါ့ပါးတဲ့ မျိုးဆက်သစ် TriFold 2 ဒါမှမဟုတ် ဘေးတိုက်ဆွဲဆန့်လို့ရတဲ့ (Sliding-screen) ဖုန်းတွေနဲ့အတူ Samsung က နည်းပညာလောကကို တစ်ကျော့ပြန် အံ့အားသင့်အောင် လုပ်ဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။






