ဆရာဝန်တွေထက် အမြင်စူးရှခဲ့တဲ့ AI- ‘Grok’ ကြောင့် အသက်ဘေးကလွတ်ခဲ့သူ

ဆရာဝန်တွေထက် အမြင်စူးရှခဲ့တဲ့ AI- ‘Grok’ ကြောင့် အသက်ဘေးကလွတ်ခဲ့သူ

ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ AI ဟာ ဆရာဝန်တွေကို အပြည့်အဝ အစားမထိုးနိုင်ဘူးလို့ ယူဆကြပေမယ့်၊ အခုဖြစ်ရပ်မှာတော့ Elon Musk ရဲ့ ‘Grok’ AI ဟာ နော်ဝေနိုင်ငံသားတစ်ဦးကို သေမင်းလက်ကနေ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

🏥 ဖြစ်စဥ် အသက် ၄၉ နှစ်အရွယ် နော်ဝေနိုင်ငံသားတစ်ဦးဟာ ဝမ်းဗိုက်ထဲတွင် ပြင်းထန်စွာ နာကျင်မှုကို ခံစားရသဖြင့် အရေးပေါ်ဌာနသို့ သွားရောက်ပြသခဲ့သော်လည်း၊ ဆရာဝန်များက သာမန်အစာအိမ်နာသည်ဟု ယူဆကာ အက်ဆစ်ဓာတ်ပြယ်ဆေး (Antacid) သာ ပေးပြီး အိမ်
ပြန်လွှတ်ခဲ့ပါတယ်။

ဒါပေမယ့် နာကျင်မှုမသက်သာသဖြင့် သူဟာ Grok AI ထံတွင် သူ့ရဲ့ လက္ခဏာများကို ရိုက်ထည့်ကာ အကူအညီတောင်းခဲ့ပါတယ်။

Grok က ဤလက္ခဏာများသည် အစာအိမ်ပေါက်ခြင်း (Perforation) သို့မဟုတ် ပုံမှန်မဟုတ်သော အူအတက်ရောင်ခြင်း (Atypical Appendicitis) ဖြစ်နိုင်ကြောင်း ချက်ချင်းထောက်ပြခဲ့ပါတယ်။

ဒါ့ကြောင့် အချိန်မဆွဲဘဲ CT Scan သွားရိုက်ရန် အကြံပြုခဲ့ပါတယ်။ ဒီလိုနဲ့လူနာလည်း AI ရဲ့ အကြံပေးချက်အတိုင်း ဆရာဝန်များကို CT Scan ရိုက်ရန် တောင်းဆိုခဲ့ရာမှ အူအတက်ရောင်နေပြီး ပေါက်ထွက်လုနီးပါး ဖြစ်
နေတာကို အံ့သြဖွယ် တွေ့ရှိခဲ့ရသည်။ အချိန်မီ ခွဲစိတ်ကုသနိုင်ခဲ့သည့်အတွက် သူ့ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ AI နည်းပညာကို မှန်ကန်စွာ အသုံးပြုပါက ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှာ ဆရာဝန်များအတွက် အဖိုးတန်သော အထောက်အကူပြု လက်နက်တစ်ခု ဖြစ်လာနိုင်ကြောင်း သက်သေပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။


Latest