ဆော်ဒီအာရေဗျရဲ့ ပညာရေးလောကထဲကို Electronic Gaming စတင်ဝင်

ဆော်ဒီအာရေဗျရဲ့ ပညာရေးလောကထဲကို Electronic Gaming စတင်ဝင်

ရောက်လာခြင်း

ဆော်ဒီအာရေဗျ ပညာရေးဝန်ကြီးဌာနဟာ နိုင်ငံရဲ့ ပညာရေးစနစ်ထဲမှာ Electronic Gaming (ပညာရေးဆိုင်ရာနှင့် ယှဉ်ပြိုင်မှုဆိုင်ရာ ကဏ္ဍနှစ်ခုလုံး) ကို ထည့်သွင်းသင်ကြားဖို့ တရားဝင်

အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

 ဒီစီမံကိန်းအတွက် ဆော်ဒီပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေးကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (NI) နဲ့ Tatweer Educational Services တို့ဟာ ဆော်ဒီအချုပ်အခြာအာဏာပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (PIF) ရဲ့ လက်အောက်ခံဖြစ်တဲ့ Safi Electronic Games Group နဲ့ နားလည်မှုစာချွန်လွှာများ လက်မှတ်

ရေးထိုးခဲ့ကြပါတယ်။

ဂိမ်းထုတ်လုပ်ခြင်း (Game Development) နဲ့ ဂိမ်းစက်မှုလုပ်ငန်း အသိပညာရပ်တွေကို အထွေထွေပညာရေး၊ တက္ကသိုလ်၊ နည်းပညာနဲ့ သက်မွေးဝမ်းကျောင်း ပညာရေးအဆင့်တိုင်းမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

ဒါဟာ ဆော်ဒီနိုင်ငံကို ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ဂိမ်းနှင့် အီးစပေါ့ (Esports) ဗဟိုချက်မဖြစ်လာစေဖို့ ရည်မှန်းထားတဲ့ Vision 2030 မဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းသာမက ပညာသင်ဆုများ ပေးအပ်ခြင်း၊ နိုင်ငံတော်အဆင့် ပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဂိမ်းဆိုင်ရာ ဓာတ်ခွဲခန်းများ (Gaming Labs)၊ အကယ်ဒမီများကဲ့သို့ ခေတ်မီဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများကိုလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။


Latest