ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Galaxy Unpacked ပွဲဟာ နည်းပညာလောကကို တစ်ကျော့ပြန် လှုပ်ခတ်သွားစေခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Galaxy Unpacked ပွဲဟာ နည်းပညာလောကကို တစ်ကျော့ပြန် လှုပ်ခတ်သွားစေခဲ့ပါတယ်။ ဒီပွဲမှာ မိတ်ဆက်မယ့် Galaxy S26 Ultra မှာ အားလုံးကို အံ့အားသင့်စေမယ့် Privacy Display နည်းပညာ အသစ်စက်စက် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ နာမည်ကျော် သတင်းရင်းမြစ် Ice Universe ရဲ့ အဆိုအရဆိုရင် ဒီထူးခြားတဲ့ စခရင်နည်းပညာဟာ Samsung ဖုန်းတွေမှာတင် ရပ်တန့်နေမှာမဟုတ်ဘဲ ၂၀၂၉ ခုနှစ်လောက်မှာ Apple ရဲ့ MacBook တွေဆီအထိပါ ကူးစက်ပြန့်နှံ့သွားဖို့ ရှိနေပါတယ်။

ဒီနည်းပညာရဲ့ ထူးခြားချက်ကတော့ ဖုန်းစခရင်ကို ဘေးစောင်းကြည့်တဲ့သူတွေအနေနဲ့ ဘာမှမမြင်ရအောင် ကန့်သတ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူစည်ကားတဲ့နေရာတွေမှာ ဖုန်းသုံးတဲ့အခါ ဘေးလူတွေ ချောင်းကြည့်မှာကို စိုးရိမ်စရာမလိုတော့ဘဲ ကိုယ့်ရဲ့ လျှို့ဝှက်အချက်အလက်တွေကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာပါ။ ပိုပြီး မိုက်တာကတော့ အသုံးပြုသူဟာ ဒီ Feature ကို စခရင်တစ်ခုလုံးမှာဖြစ်စေ၊ ကိုယ်အလိုရှိတဲ့ နေရာအချို့မှာတင်ဖြစ်စေ စိတ်ကြိုက် အဖွင့်အပိတ် လုပ်နိုင်တာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒါဟာ Hardware ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်လို့ Galaxy S26 Ultra တစ်မျိုးတည်းမှာပဲ သီးသန့် မြင်တွေ့ရဦးမှာပါ။ ဒါပေမဲ့ နောင်တစ်ချိန်မှာတော့ တခြား Brand တွေမှာပါ ဒီနည်းပညာက ခေတ်စားလာတော့မှာဖြစ်လို့ MacBook ကိုင်တဲ့သူတွေအနေနဲ့လည်း ၂၀၂၉ ခုနှစ်လောက်မှာ ဒီလိုမျိုး ကိုယ်ရေးကိုယ်တာ လုံခြုံမှုပေးနိုင်မယ့် စခရင်မျိုးကို အသုံးပြုခွင့်ရလာတော့မှာ ဖြစ်ပါတယ်။


Latest