မထုတ်ပြသွားတဲ့ Samsung Products အသစ်များ
Samsung ဖုန်းတွေမိတ်ဆက်သွားပြီးတော့ Samsung မှ မသိမသာလေး သုံးခေါက်ချိုးဖုန်းကို ပြသသွားပါတယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်လိုထွက်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာတော့ သုံးခေါက်ချိုး ဖုန်းတွေက huawei တစ်ခုပဲထုတ်သေးတာဖြစ်ပြီး တခြား Model တွေကတော့ မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။
Samsung ကတော့ ဒီအခွင့်အရေးကို အသုံးချပြီး နောက်ပိုင်း သူ့ထုတ်ကုန်တွေမှာ Tri-Fold ကို မိတ်ဆက်လာနိုင်ပြီး ဒီနှစ်ထဲမှာတင် တစ်ခါတည်းထွက်လာနိုင်မယ်လို့ သိရပါတယ်။
Samsung သာ သုံးခေါက်ချိုးဖုန်းကို ကောင်းကောင်းလေးသာထုတ်လို့ကတော့ စျေးကွက်မှာရော Innovative Process တွေမှာပါ တခြား Company တွေက လိုက်လို့မမှီအောင်ကိုဖြစ်သွားမှာပါ။







Leave a Reply
You must be logged in to post a comment.