လမ်းလျှောက်ရင်း ဖုန်းအားသွင်းလို့ရမယ့် “စွမ်းအင်သုံးဖိနပ်” ကို တီထွင်လိုက်တဲ့ ဖိလစ်ပိုင်လူငယ်လေး

လမ်းလျှောက်ရင်း ဖုန်းအားသွင်းလို့ရမယ့် “စွမ်းအင်သုံးဖိနပ်” ကို တီထွင်လိုက်တဲ့ ဖိလစ်ပိုင်လူငယ်လေး

ဖုန်းအားကုန်ခါနီးအချိန်မှာ မီးကလည်းမလာလို့ စိတ်ညစ်နေရတဲ့ပြဿနာကို လမ်းလျှောက်ရုံနဲ့ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ အသက် ၁၅ နှစ်အရွယ်ကတည်းက Angelo Casimiro ဆိုတဲ့ ကျောင်းသားလေး ဖန်တီးခဲ့တဲ့ “လျှပ်စစ်ထုတ်ပေးနိုင်တဲ့ ဖိနပ်” ပဲ ဖြစ်ပါတယ်။

သူဟာ Google Science Fair အတွက် လက်လုပ်ပရောဂျက်တစ်ခုအနေနဲ့ ဒီဖိနပ်ကို တီထွင်ခဲ့တာပါ။ ဖိနပ်အောက်ခံမှာ လှုပ်ရှားမှုကနေ လျှပ်စစ်စွမ်းအင်ပြောင်းလဲပေးနိုင်တဲ့ စနစ်လေးတစ်ခု ထည့်ထားတာဖြစ်လို့ လမ်းလျှောက်နေရင်း ဒါမှမဟုတ် အားကစားလုပ်နေရင်းနဲ့ ဖုန်း၊ ဓာတ်မီး စတဲ့ ပစ္စည်းတွေကို အရေးပေါ် အားသွင်းနိုင်မှာပါ။ သူကိုယ်တိုင် စမ်းသပ်ကြည့်ရာမှာတော့ ဘတ်စကက်ဘော ကစားရင်းနဲ့တင် ဖုန်းကို ၁၀ မိနစ်စာလောက် အားသွင်းပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။

ဒီနေ့ခေတ်မှာတော့ အဲဒီဆယ်ကျော်သက်လေးဟာ အင်ဂျင်နီယာဘွဲ့ရ ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သလို၊ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း သူ့ရဲ့ ထူးခြားတဲ့ လက်လုပ်နည်းပညာတွေကို အမြဲမျှဝေပေးနေပါတယ်။ ငယ်ငယ်လေးကတည်းက စက်ရုပ်တွေ၊ လျှပ်စစ်ပစ္စည်းတွေကို ဝါသနာတကြီး တီထွင်ခဲ့တဲ့ Angelo ဟာ နည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် တကယ့်ကို အားကျစရာ လူငယ်စံပြတစ်ဦးပါပဲ။

“လိုအပ်ချက်က တီထွင်မှုရဲ့ မိခင်” ဆိုသလိုပဲ အခက်အခဲကြားကနေ အသုံးဝင်တဲ့အရာတွေကို ဖန်တီးနိုင်ခဲ့တဲ့ ဒီလူငယ်လေးရဲ့ အိုင်ဒီယာကတော့ တကယ့်ကို လက်ဖျားခါလောက်စရာပါပဲ။


Latest