Your cart is currently empty!
ပွဲဆိုတာနဲ့ စိတ်ဝင်စားကြတဲ့သူတွေ ရှိကြလား ? ဒီနေ့မှာတော့ ကိုရီးယားနိုင်ငံမှာ ဘယ်လို နာမည်ကြီးပွဲတော်တွေရှိလဲ ? အဲ့ပွဲတော်တွေက ဘယ်လိုပွဲမျိုးလဲ ? အဲ့ဒါတွေသိချင်ရင်တော့ အခုပြောပြမယ့်ဟာကို ဆက်ပြီးဖတ်ကြည့်ကြည့်လိုက်ပါ။ 👇👇👇
1. Jeju Fire Festival
Jeju မီးပွဲတော်ကတော့ ဖေဖော်ဝါရီနဲ့ မတ်လနှောင်းပိုင်းမှာ ၃ ရက်ကြာကျင်းပတဲ့ ကိုရီးယားရဲ့ အကျော်ကြားဆုံးပွဲတော်တွေထဲက တခုဖြစ်ပါ။ သာယာလှပတဲ့ Jeju မြို့မှာ လပြက္ခဒိန်ရဲ့ နှစ်သစ်ကို ကြိုဆိုပြီး ကျန်းမာပျော်ရွှင်စွာနဲ့ အသီးအနှံများ ပေါကြွယ်ဝစွာ ရရှိနိုင်စေရန် ဆုတောင်းဖို့အတွက် ကျင်းပကြခြင်းဖြစ်ပါတယ်။ဒီပွဲတော်ဟာ နောက်လာမယ့် စိုက်ပျိုးရာသီ ပြန်မစမီ ပိုးကောင်တွေ မကျရောက်အောင် မြက်ဟောင်းတွေကို မီးရှို့တဲ့ ရှေးထုံးတမ်းအစဉ်အလာကို ကိုယ်စားပြုပါတယ်။ ပွဲတော်မှာ ရိုးရာအကတွေ၊ ချီတက်ပွဲတွေ၊ လူမျိုးစု ကစားပွဲတွေပါ ပြုလုပ်ကြပါတယ်။
2. Jinju မီးပုံးပွဲတော်
Jinju Namgang Yudeung Festival လို့ နာမည်ကြီးကျော်ကြားတဲ့ ဒီပွဲတော်ဟာ ကိုရီးယားနိုင်ငံရဲ့ ရှေးအကျဆုံးပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုကို ပြသတဲ့ပွဲဖြစ်ပါတယ်။ နမ့်မြစ်ကမ်းနံဘေးမှာ အနီရောင်မီးပုံးထောင်ပေါင်းများစွာ ထွန်းညှိကြပြီး ကိုယ့်ရဲ့ ချစ်ခင်ရသူတွေ ကျန်းမာ၊ချမ်းသာအောင် ဆုတောင်းကြပါတယ်။ ဂျပန်ကျူးကျော်မှုကာလအတွင်း နမ့်ဂန်မြစ်ကို ဂျပန်တပ်များ သွားလာခြင်းမှ ရှောင်ရှားရန်အတွက် 1592 ခုနှစ်မှာ ဒီဓလေ့ကို စတင်ခဲ့ပြီး မီးပုံးများ မီးထွန်းသည့် ဓလေ့ကို ပုံဖော်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီမီးအိမ်တွေဟာ Jinjuseong ခံတပ်တိုက်ပွဲရဲ့ စစ်ပြန်များကို ဂုဏ်ပြုခြင်းလဲ ဖြစ်ပါတယ်။ မရေမတွက်နိုင်အောင် ထွန်းညှိထားတဲ့ မီးပုံးတွေရဲ့ မြင်ကွင်းနဲ့အတူ လမ်းဘေးချီတက်ပွဲများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဒေသထွက်လမ်းဘေးအစားအစာများကို ခံစားနိုင်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်မီးပုံးများကို ဖန်တီးကာ Tunnel Of Wish Lanterns တွင်ချိတ်ဆွဲနိုင်ပါတယ်။
3. Seongsan Sunrise Festival
နှစ်စဉ်နှစ်တိုင်း အင်္ဂလိပ်ပြက္ခဒိန်ရဲ့ ပထမနေ့မှာ ဒေသခံပြည်သူတွေဟာ Sunrise Peak လို့ခေါ်တဲ့ Seongsan Ilchulbong Peak ပေါ်ကိုတက်ကြပြီး တစ်နှစ်တာရဲ့ ပထမဆုံး နေရောင်ခြည်ကို ခံစားကြပြီး တနှစ်ပတ်လုံး ပျော်ရွှင်အောင်၊ ကျန်းမာအောင် ဆုတောင်းကြပါတယ်။ Seongsan Ilchulbong Peak ဟာ ကိုရီးယားရဲ့ အလှဆုံးရှုခင်းတွေထဲက တခုဖြစ်ပြီး၊ ယူနက်စကိုမှ ကမ္ဘာ့သဘာဝ အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းထားတာကြောင့်လဲ လူသိများပါတယ်။ Seongsan Sunrise Festival ကို နှစ်သစ်ကူးအကြိုနေ့မှာ မီးရှူးတိုင်နှင့် ရိုးရာအကများ၊ တေးဂီတများနဲ့ ညသန်းခေါင် မီးရှူးမီးပန်းတွေဖောက်ပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။
4. Hansik ပွဲတော်
ဒီပွဲတော်ကတော့ ဘိုးဘေးဘီဘင်တွေ အောက်မေ့ခြင်း အထိမ်းအမှတ် အခမ်းအနားဘဲဖြစ်ပါတယ်။ Hansik ပွဲတော်ကို Cold Food Festival အဖြစ် လူသိများပါတယ်။ ပွဲတော်နေ့မှာ ဒေသခံပြည်သူတွေဟာ မီးကိုအသုံးမပြုဘဲ ချက်ပြုတ်ထားတဲ့ဟာကိုသာ တစ်နေ့လုံး စားကြပါတယ်။ ကိုရီးယားဒဏ္ဍာရီတွေအရ တစ်နိုင်ငံလုံးက Jongmyo the Royal Shrine နဲ့ Neungwon မှာ ယဇ်ပူဇော်ပွဲတွေ ပြုလုပ်ကြပါတယ်။ ဒေသခံပြည်သူတွေဟာ ကိုယ်တိုင် အခမ်းအနားများကို ကျင်းပကြပြီး မိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းကို သွားရောက်ပြီး သင်္ချိုင်းပတ်ပတ်လည်မှာ သစ်ပင်တွေစိုက်ပြီး ဆုတောင်းပေးကြပါတယ်။ Hansik ပွဲတော်ဟာ စိုက်ပျိုးရာသီရဲ့အစဖြစ်ပြီး လယ်သမားများဟာ စိုက်ပျိုးရေးလုပ်ငန်းစတင်ရန်အတွက် မျိုးစေ့များကို စတင်ဖြန့်ကျဲကြပါတယ်။
5. Yudu ပွဲတော်
Yudu ပွဲတော်ဟာ ကိုရီးယားမှာ အထူးခြားဆုံးပွဲတော်တွေထဲက တခုဖြစ်ပါ။ ဒီပွဲတော်မှာ စိုက်ပျိူးရာသီရဲ့ ပထမဆုံးရိတ်သိမ်းခြင်းကို ဘုရားသခင်ကိုပူဇော်ကြပြီး ကောက်ပဲသီးနှံများနှင့် သစ်သီးများကို စတင်စုဆောင်းကြတဲ့အချိန်လဲ ဖြစ်ပါတယ်။ Yudu ပွဲတော်အချိန်မှာ ကိုရီးယားဒေသခံတွေဟာ အနီးနားရှိတဲ့ ချောင်းတွေကို သွားရောက်ပြီး ခေါင်းလျှော်ဆေးကြောခြင်းဖြင့် မကောင်းတဲ့ကံနဲ့ ကံဆိုးခြင်းတွေကို ဖယ်ရှားခြင်းဘဲ ဖြစ်ပါတယ်။ Yudu ကို ပူပြင်းတဲ့နွေရာသီမှာ ကျင်းပတာကြောင့် ဂျင်ဆင်းကြက်သားဟင်းရည်နှင့် အခြားကျန်းမာသော ဟင်းချိုတွေကို ချက်ပြုတ်ကြပြီး ပွဲတော်ကို ပျော်ရွှင်စွာကျင်းပကြပါတယ်။
6. Dano ပွဲတော်
ကိုရီးယားရဲ့ တခြားရိုးရာပွဲတော်တွေလိုမျိုး Dano ပွဲတော်ဟာလဲ လူကြိုက်များတဲ့ ပွဲတော်တခုဖြစ်ပါ။ နိုင်ငံတော်အားလပ်ရက်အဖြစ် သတ်မှတ်ကြေညာထားတဲ့ ဒီပွဲတော်မှာ ဒေသခံပြည်သူများဟာ အားမာန်အပြည့်နဲ့ ရွှင်မြူးစွာကျင်းပကြပါ။ အမျိုးသမီးများသည် ဆံပင်ကို တောက်ပြောင်တောက်ပြောင်စေရန် sweet flag လို့ခေါ်တဲ့အပင်နဲ့ ပြုတ်ထားတဲ့ ရေနဲ့ ဆေးကြောကြပါတယ်။ ကံဆိုးမှုနဲ့ နတ်ဆိုးများကို ခန္ဓာကိုယ်မှ ဖယ်ရှားရန်အတွက် ဒေသခံပြည်သူတွေဟာ အနီရောင်နဲ့ အပြာရောင် ၀တ်စုံများကို iris roots နဲ့တွဲဝတ်ဆင်ကြ ပါ။ ကျောက်တုံးတိုက်ပွဲလိုမျိုး ရိုးရာကစားနည်းများကို ပြုလုပ်ကြပြီး surichitteok, ssuk tteok နဲ့ ဆေးဖက်ဝင်ဆန်မုန့်တို့လိုမျိုး ဒေသထွက်အစားအစာတွေနဲ့ ပျော်ပျော်ပါးပါး ကျင်းပကြပါတယ်။
#myangoal #korea #myanmar #festival







Leave a Reply
You must be logged in to post a comment.