Your cart is currently empty!
ကျား/မသီးသန့်ခွဲခြားထားခြင်း
Jjimjilbang (찜질방) ဟာ နေရာတိုင်းမှာ ကျား/မခွဲခြားထားတာတော့ မဟုတ်ပါဘူး။ ကိုယ်လုံးတီးနဲ့ ရေပူရေအေးရတဲ့ ရေချိုးခန်း ဒါမှမဟုတ် jacuzzis တွေမှာတော့ ကျား/မသီးသန့် ခွဲထားပါတယ်။ Saunas နဲ့ communal room တို့လို နေရာတွေမှာ ကျား/မ အရောနေလို့ရပြီး သတ်မှတ်ထားတဲ့ pajamas တွေ ဆင်တူဝတ်ဆင်ကြပါတယ်။
ကိုယ်လုံးတီးဖြစ်မှာကိုလဲ မကြောက်ပါနဲ့။
ရေချိုးခန်း ဒါမှမဟုတ် jacuzzis တွေမှာ ကိုယ်လုံးတီးတွေနဲ့ ရေချိုးရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အသက်မရွေး ကိုယ်လုံးတီးနဲ့ သွားနေကြတာ မြင်ရမှာဖြစ်ပြီး ဒါကကိုရီးယားမှာ သမရိုးကျမလို့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ်က ရှက်နေလို့ တစ်ခုခု အလွဲလွဲ အချော်ချော်ဖြစ်ရင်တော့ အကုန်လုံး ဝိုင်းကြည့်နိုင်တာမလို့ပါ။ အေးဆေးလေး ကိုယ်လုပ်စရာရှိတာ လုပ်ပြီး ထွက်သွားလိုက်တာ အကောင်းဆုံး ဖြစ်မှာပါ။
Scrub လုပ်ဖို့ မမေ့ပါနဲ့။
ကိုရီးယားက ချွေးထုတ်ခန်းက ရေကန်ထဲမှာ လူရာနဲ့ချီ ရေချိုးလို့ ညစ်ပတ်နေမယ် မထင်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ရေကန်ထဲကို မဆင်းခင်မှာ ခန္ဓာကိုယ်အနှံ့နေရာတိုင်းကို Scrub လုပ်ပြီးမှ ဆင်းလို့ရတာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုဟာ ကိုရီးယားလူမျိုးတွေအတွက် အရေးအကြီးဆုံးဖြစ်ပြီး ဒီလို Scrub လုပ်ရတာကတော့ ချွေးထုတ်ခန်းရောက်ရင် မဖြစ်မနေ လုပ်ရမယ့်အရာ ဖြစ်ပါတယ်။
ညအိပ်လို့ အဆင်ပြေတဲ့ နေရာ
ညအိပ်လို့ရတာကတော့ မြန်မာတွေနဲ့ သိပ်မစိမ်းပဲ K-drama တွေမှာလည်း တွေ့နေကြဖြစ်ပါတယ်။
ကိုရီးယားက ချွေးထုတ်ခန်းတွေဟာ 24 နာရီး ဖွင့်ထားတာကြောင့် night out ထွက်ပြီးလို့ အိမ်မပြန်ချင်သေးပဲ after သွားချင်တဲ့သူတွေအတွက် အနားယူလို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ အိပ်ဖို့ ဖျာနဲ့ ခေါင်းအုံးလည်း ပေးပါတယ်။ လူအများကြီးနဲ့ အတူအိပ်ရတာကြောင့် ဟောက်သံတွေ၊ အများကြီး မလွတ်လပ်ပေမယ့် ညဘက်မှာ budget သက်သက်သာသာနဲ့ နားနေနိုင်ပါတယ်။
ချွေးထုတ်ခန်းသွားရင် ဒီပစ္စည်းတွေ မမေ့ပါနဲ့။
Shampoo နဲ့ conditioner
ရေချိုးဆပ်ပြာ
ကိုယ်တိုက်ဖို့အတွက်
သွားတိုက်တံနဲ့ သွားတိုက်ဆေး
မျက်နှာသစ်ဆေး
တစ်ချို့ချွေးထုတ်ခန်းတွေက ရေချိုးခန်းသုံးပစ္စည်းတွေ ပေးတတ်ပေမယ့် တခါတည်း ပိုပိုလိုလို ယူသွားတာ အကောင်းဆုံးဖြစ်ပါတယ်။
#korea #myangoal #myanmar #jjimjilbang #activities






