Korea က Black Day ဆိုတာ ဘာလဲ ?

ထူးထူးခြားခြား ကျင်းပလေ့ရှိတဲ့ Korean Valentine’s Day မှာ အတူဆင်နွှဲမယ့် ကောင်မလေး/ကောင်လေး မရှိဘူးလား ? ကောင်မလေး/ကောင်လေးမရှိလို့ ဝမ်းမနည်းပါနဲ့တော့ တောင်ကိုရီးယားမှာ single တွေအတွက်လဲ အထိမ်းအမှတ်ရက်အဖြစ် ကျင်းပလေ့ရှိပါတယ်။ တောင်ကိုရီးယားမှာ စုံတွဲတွေကျင်းပလေ့ရှိတဲ့ ဖေဖော်ဝါရီ ၁၄ ရက် Valentine’s Day နဲ့ မတ်လ ၁၄ ရက် White Day အပြင် ဧပြီလမှာတော့ single တွေအတွက် ကျင်းပတဲပတဲ့ သီးသန့်ရက်တစ်ရက် ရှိပါတယ်။ အဲ့ဒီ့ရက်ကိုတော့ Black Day လို့ခေါ်ပါတယ်။

Black Day ဆိုတာ ဘာလဲ ?
Black Day ကတော့ single သမားတွေအတွက် ရည်ရွယ်တဲ့ အထိမ်းအမှတ်ရက် တစ်ခုဖြစ်ပြီး တခါတရံ “Single’s Day” လို့လဲ ခေါ်ပါသေးတယ်။ စုံတွဲတွေ ကျင်းပကြတဲ့ ချစ်သူများနေ့နဲ့ White Day တွေနဲ့မတူဘဲ Black Day ဟာ အိမ်ထောင်မပြုရသေးသူ ဒါမှမဟုတ် ကောင်မလေး/ကောင်လေး တစ်ယောက်ယောက်နဲ့ မကြိုက်သေးတဲ့ သူတွေ (singles) အတွက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Black Day က ဘယ်တော့လဲ ?
တောင်ကိုရီးယားမှာ ဧပြီလ 14 ရက်နေ့တိုင်း Black Day ကို ကျင်းပတာဖြစ်ပြီး မတ်လ 14 ရက်နေ့ White Day ပြီးနောက်တစ်လနဲ့ Valentine’s နေ့ပြီးနောက် နှစ်လဖြစ်ပါတယ်။

Black Day ကို ဘယ်လိုကျင်းပသလဲ။
တောင်ကိုရီးယားမှာ တော်တော်များများကတော့ single ဖြစ်နေတဲ့ သူငယ်ချင်းတွေစုပြီး အပြင်တွေ လျှောက်လည်ကြပြီး ပဲခေါက်ဆွဲဖြစ်တဲ့ 짜장면 (jjajangmyeon) ကို စားပြီးတော့ Black Day ကို ကျင်းပကြတာဖြစ်ပါတယ်။ ကုမ္ပဏီတွေကလဲ ဒီလိုနေ့မျိုးမှာ single သမားတွေအတွက် 짜장면 (jjajangmyeon) အစားပြိုင်ပွဲတွေ ကျင်းပပေးလေ့ရှိပါတယ်။ ဒါကတော့ ကုမ္ပဏီပေါ်မူတည်ပြီး ပြုလုပ်ပေးတဲ့ အစီအစဥ်တွေ ကွဲပြားလေ့ ရှိပါတယ်။

ယခုနောက်ပိုင်း တချို့ single တွေဟာ အပြင်ထွက်တဲ့အခါမှာ အဝတ်အစားကနေ လက်သည်းဆိုးတာအထိ အနက်ရောင်ကို ဝတ်ဆင်အသုံးပြုပြီး ဆင်နွှဲလေ့ရှိပါတယ်။ Valentine’s Day၊ White Day တွေနဲ့ မတူဘဲ Black Day မှာတော့ လက်ဆောင်ပေးစရာ မလိုတာကြောင့် အကုန်အကျလဲ ပိုမိုသက်သာပါတယ်။ ကိုယ့်ကိုကိုယ် လက်ဆောင်ပြန်ပေးချင်ရင်လဲ ကိုယ်သုံးဖို့ရတာဆို‌တာတော့ အလဟဿ မဖြစ်တော့ပါဘူး။
ဒါပေမဲ့ ကိုယ်က Black Day ဆင်နွှဲဖို့အတွက် ပဲခေါက်ဆွဲဖြစ်တဲ့ 짜장면 (jjajangmyeon) စားနေရင်း ကိုရီးယားဒရာမာတွေထဲကလို့ ကိုယ့်ရဲ့ ဖူးစာဖက်နဲ့လဲ အမှတ်တမဲ့ ဆုံတွေ့နိုင်ပါသေးတယ်။ ဒါကြောင့် အားမလျော့ကြပါနဲ့။ ကောင်လေး/ကောင်မလေးရဖို့ အခွင့်အရေးကတော့ ရှိပါသေးတယ်။

#valentinesday #myangoal #korea #Myanmar #festival


Latest