0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
တောင်ကိုရီးယားနိုင်ငံဟာ ပညာသင်ကြားဖို့ ခရီးသွားဖို့ လုံခြုံစိတ်ချရတဲ့နိုင်ငံဖြစ်ကြောင်း
May 9, 2025
—
by
Milo Kevin
in
Travel
ကိုရီးယားကို ခရီးထွက်ဖို့ဖြစ်ဖြစ် ကျောင်းသွားတက်ဖို့ဖြစ်ဖြစ် စဥ်စားနေကြတဲ့သူတွေ ရှိကြလား ? ကိုရီးယားကိုရော ဘာကြောင့်ရွေးချယ်သင့်လဲ ? တောင်ကိုရီးယားနိုင်ငံဟာ ပညာသင်ကြားဖို့ ခရီးသွားဖို့ လုံခြုံစိတ်ချရတဲ့ တိုင်းပြည်တပြည် ဖြစ်ပါတယ်။ ဘာလို့ လုံခြုံစိတ်ချရဆိုတာကို အချက် ၁၀ချက်နဲ့ ဖော်ပြပေးလိုက်ပါတယ်။
1️⃣ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေ ပျောက်မှာစိတ်ပူစရာမလိုဘဲ လုံခြုံစိတ်ချရပါတယ်။ ☑️
ကိုရီးယားမှာ များသောအားဖြင့် လူအများစုဟာ ခွင့်မပြုဘဲ အခြားသူတွေရဲ့ ပစ္စည်းတွေကို မထိကြပါဘူး။ သန့်စင်ခန်းကို ခဏသွားဖို့အတွက် စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင် စားပွဲတွေပေါ်မှာ ကိုယ်ရဲ့ အိတ်တွေနဲ့ ပိုက်ဆံအိတ်တွေကို ထားခဲ့မိလဲ ပျောက်မှာကို စိတ်ပူစရာမလိုပါဘူး။ ကျောင်းတွေမှာလဲ ကျောင်းသား၊ ကျောင်းသူတွေဟာ သူတို့ရဲ့ လက်ပ်တော့တွေနဲ့ အခြားစာရေးကိရိယာတွေကို စာသင်ခန်းမှာ ထားခဲ့ပြီး ပြန်လာတဲ့အခါ ကိုယ်ထားခဲ့တဲ့ နေရာမှာဘဲ ရှိနေမှပါ။
ဒါ့အပြင် တောင်ကိုရီးယားမှာ ခိုးဆိုးလှနှိုက် ဖြစ်ပွားမှုနှုန်း အလွန်ရှားပါးပြီး မရှိသလောက်ပင် ဖြစ်ပါတယ်။ ဒါပေမယ့် Myeongdong လိုမျိုး လူစည်ကားတဲ့ နေရာတွေမှာတော့ လူစုလူဝေးကို အခွင့်ကောင်းယူပြီး ခါးပိုက်နှိုက်တာကိုတော့ သတိထားဖို့ လိုအပ်ပါသေးတယ်။
2️⃣ နေရာတိုင်းတွင် CCTV တွေတပ်ဆင်ထားပါတယ်။ ☑️
ကိုရီးယားဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရဟာ အများပြည်သူဆိုင်ရာ နေရာတွေမှာ CCTV ကင်မရာတွေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတပ်ဆင်လာကြပါတယ်။ တနှစ်ချင်းစီ ကင်မရာပေါင်း 100,000 ကျော် တပ်ဆင်ထားပြီး အဆောက်အဦတွေ ဘေးကင်းစေရန်၊ မီးဘေးကာကွယ်ရေးနဲ့ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ကင်မရာတွေကို အသုံးပြုပါတယ်။ တောင်ကိုရီးယားရဲ့ မြေအောက်ရထားဘူတာတွေကနေ လမ်းတွေအထိ နေရာတိုင်းမှာ ကင်မရာတွေ တပ်ဆင်ထားတာကြောင့် ကမ္ဘာပေါ်မှာ CCTV ကင်မရာ စောင့်ကြည့်မှု အများဆုံး နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။ CCTV ကင်မရာတွေကြောင့် ကိုယ်ရဲ့ တကိုယ်ရေ လုံခြုံမှုနဲ့ ကိုယ်ပိုင် ပစ္စည်းတွေ အခိုးခံရတာတွေကနေ ကာကွယ်နိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ CCTV ကင်မရာကြောင့်ဘဲ privacy အတွက် စိုးရိမ်စရာတွေ ရှိနေပေမယ့် ကိုရီးယားဟာ နေထိုင်မှု အလုံခြုံဆုံးနိုင်ငံတခုအဖြစ် သတ်မှတ်ခံရဆဲဖြစ်ပါတယ်။
3️⃣ အကြမ်းဖက်ရာဇ၀တ်မှုတွေလဲ အနည်းငယ်ဘဲ ရှိပါတယ်။ ☑️
စာရင်းဇယားတွေအရ ကိုရီးယားဟာ အမေရိကန်လို တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ယှဉ်ရင် ရာဇ၀တ်မှု နည်းပါးပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေအပေါ် အကြမ်းဖက်တဲ့ ရာဇ၀တ်မှုတွေက အလွန်ရှားပါတယ်။ ဒါပေမဲ့ ကိုရီးယားမှာ အရက်သောက်တတ်ကြတဲ့ ယဉ်ကျေးမှုရှိတာကြောင့် အရက်မူးနေတဲ့သူတွေရဲ့ ရန်ပွဲတွေကတော့ ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးတွေကို ရှောင်ပြီး ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့ အေးအေးချမ်းချမ်း သောက်တာက အကောင်းဆုံးဖြစ်ပါတယ်။
4️⃣ ကိုရီးယားဟာ ပြည်တွင်းမငြိမ်မသက်မှု အဆင့်နိမ့်ကျသဖြင့် နိုင်ငံရေးအရ အတော်လေး တည်ငြိမ်ပါတယ်။ ☑️
ကိုရီးယားဟာ နှစ်ပေါင်းများစွာအတွင်း အာရှရဲ့ အင်အားအကောင်းဆုံး ဒီမိုကရေစီစံနှုန်းတွေ ရနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် အမြဲမပြတ် သတ်မှတ်ခံခဲ့ရပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကတော့ ဆိုးလ်မှာ အလွန်အဖြစ်များပေမယ့် ဆန္ဒပြပွဲတွေဟာ ပုံမှန်အားဖြင့် အစီအစဥ်တကျရှိပြီး အခြားသူတွေရဲ့ နေ့စဉ်ဘဝကို မနှောင့်ယှက်ဘဲ ငြိမ်းချမ်းစွာ ပြုလုပ်လေ့ရှိပါတယ်။
မြောက်ကိုရီးယားနဲ့ ကာလကြာရှည် တင်းမာမှုတွေ ရှိခဲ့ပေမယ့် ကိုရီးယားမှာ လူတွေဟာ ပုံမှန်အတိုင်း နေထိုင်နေကြရပါတယ်။ ဒါ့အပြင်၊ 2014 ခုနှစ်မှာ နိုင်ငံခြားသားတွေအတွက် ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်တွေနဲ့ အရေးပေါ်ကိစ္စရပ်တွေပေါ်တဲ့အခါ လုပ်ဆောင်ရမည့် အဆင့်တွေကို သတိပေးမယ့် Emergency Ready appp အင်္ဂလိပ်ဘာသာနဲ့ ထုတ်ခဲ့ပါတယ်။ ဒီ app ကို အလွယ်တကူ ဒေါင်းလုဒ်လုပ်နိုင်တာကြောင့် ကိုရီးယားရှိ မည်သူမဆို အရေးပေါ်သတင်းများကို အဆင်ပြေစွာ သတင်းရယူနိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းနိုင်ငံရေး မတည်မငြိမ် ဖြစ်နေရင်တော့ မသွားသေးင့်ပါဘူး။
5️⃣ ညဘက်တွေမှာဆိုလဲ လွတ်လပ်စွာ သွားလာနိုင်ပါတယ်။ ☑️
ကိုရီးယားမှာ အထူးသဖြင့် ဆိုးလ်မြို့တော်မှာတော့ ညလုံးပေါက်ဖွင့်ထားတဲ့ ကလပ်တွေ၊ ကော်ဖီဆိုင်တွေနဲ့ စျေးတွေရှိပြီး စိတ်လှုပ်ရှားစရာ ညဘက်တွေမှာ ကဲလို့ကောင်းပါတယ်။ ညဘက်တွင် တစ်ယောက်တည်း လမ်းလျှောက်ရခြင်း ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူ ညဘက် ကဲဖို့အတွက်လဲအလွန်လုံခြုံပါတယ်။ နေရာတိုင်းမှာ လမ်းမီးတွေရှိပြီး ညဘက်သွားလာရာမှာ ပိုမိုလုံခြုံစေပါတယ်။
CCTV ကင်မရာတွေရှိခြင်း၊ ရာဇဝတ်မှုနည်းပါးခြင်းတို့ကြောင့် အမျိုးသမီးတွေအနေနဲ့ ညဘက်မှာ တစ်ယောက်တည်း လုံခြုံစွာ သွားလာနိုင်ပါတယ်။
အခုပြောပြသွားတဲ့ အချက်တွေနဲ့တင် တောင်ကိုရီးယားနိုင်ငံဟာ ပညာသင်ကြားဖို့ ခရီးသွားဖို့ လုံခြုံစိတ်ချရတာ မဟုတ်ပါဘူး။ နောက်ထပ် ဘယ်အချက်တွေကြောင့်လဲ လုံခြုံစိတ်ချရသေးလဲ ဆိုတာကို သိချင်ရင်တော့ နောက်တပတ် ဒီလိုအချိန်ကျရင် ကျွန်တော်တို့ MyanGoal – Travel ကနေ တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်နေကြပါနော်။
#Myanmar #korea #myangoal #travel #safe #visit #airticket
←
Previous:
Samsung ဖုန်းတွေ မပူအောင် ဘယ်လိုလုပ်မလဲ
Next:
iPhone တွေမှာ Battery Health မကျအောင်လုပ်နည်း
→
Latest
Google ကနေ လာမယ့် မေလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Google I/O Keynote
Google ကနေ လာမယ့် မေလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Google I/O Keynote…
Read more
: Google ကနေ လာမယ့် မေလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Google I/O Keynote
စျေးမတက်မယ့် iPhone အသစ်များ
စျေးမတက်မယ့် iPhone အသစ်များ လက်ရှိကမ္ဘာ့စျေးကွက်မှာ မှတ်ဉာဏ်ချစ်ပ်ပြားရှားပါးမှုနဲ့ သိုလှောင်မှုအပိုင်း စျေးနှုန်းတွေ မြင့်တက်နေပေမဲ့ Apple ကတော့…
Read more
: စျေးမတက်မယ့် iPhone အသစ်များ
iPhone 17 နဲ့ iPhone Air အသုံးပြုသူတွေကြားမှာ အခုတလော ရေပန်းစားနေတဲ့ Bugs တစ်ခု
iPhone 17 နဲ့ iPhone Air အသုံးပြုသူတွေကြားမှာ အခုတလော ရေပန်းစားနေတဲ့ Bugs တစ်ခု…
Read more
: iPhone 17 နဲ့ iPhone Air အသုံးပြုသူတွေကြားမှာ အခုတလော ရေပန်းစားနေတဲ့ Bugs တစ်ခု
iPhone 17 စီးရီးဟာ ကုမ္ပဏီသမိုင်းတစ်လျှောက် လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး စံချိန်တင်နိုင်ခဲ့တဲ့ Lineup တစ်ခု ဖြစ်လာ
Apple ရဲ့ Q2 ဘဏ္ဍာရေးနှစ် အစီရင်ခံစာအရ iPhone 17 စီးရီးဟာ ကုမ္ပဏီသမိုင်းတစ်လျှောက် လူကြိုက်အများဆုံးနဲ့…
Read more
: iPhone 17 စီးရီးဟာ ကုမ္ပဏီသမိုင်းတစ်လျှောက် လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး စံချိန်တင်နိုင်ခဲ့တဲ့ Lineup တစ်ခု ဖြစ်လာ
iOS 26.5 မှာ iPhone အတွက် လှပတဲ့ wallpaper အသစ်များ
iOS 26.5 မှာ iPhone အတွက် လှပတဲ့ wallpaper အသစ်တွေကို ထည့်သွင်းပေးထားပြီး အဆိုပါစနစ်ရဲ့…
Read more
: iOS 26.5 မှာ iPhone အတွက် လှပတဲ့ wallpaper အသစ်များ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications