0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ဘူဆန် Haedong Yonggungsa ဘုရားကျောင်း
May 27, 2025
—
by
Milo Kevin
in
Travel
Haedong Yonggungsa ဘုရားကျောင်းဟာ Busan ရဲ့ အရှေ့မြောက်ဘက် ကမ်းရိုးတန်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံက ဘုရားကျောင်းအများစုဟာ တောင်တန်းတွေပေါ်မှာ တည်ရှိတာဖြစ်ပြီး ဒီဘုရားကျောင်းကတော့ ကမ်းရိုးတန်းပေါ်မှာ တည်ရှိတာကြောင့် ခရီးသွားဧည့်သည်တွေကို ပိုမိုဆွဲဆောင်နိုင်တာဘဲ ဖြစ်ပါတယ်။ Haedong Yonggungsa ဘုရားကျောင်းကို Goryeo မင်းဆက်အတွင်း Naong လို့ လူသိများတဲ့ ဘုန်းကြီးတစ်ပါးက 1376 ခုနှစ်မှာ ပထမဆုံးတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
Yonggungsa ဘုရားကျောင်းဟာ နှစ်ပေါင်း 600 ကျော် သမိုင်းကြောင်းရှိပြီး 1376 ခုနှစ် အစောပိုင်းမှာ တည်ဆောက်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒဏ္ဍာရီများအရ ဂေါင်မင်းဘုရင်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဘုန်းကြီး Naong ဟာ အိပ်မက်ထဲမှာ ပင်လယ် နတ်ဘုရားက သမုဒ္ဒရာဘေးမှာ ဗိမာန်ဆောက်ပြီး အဲဒီနေရာမှာ ဆုတောင်းရင် ပြည်သူတွေ ဆင်းရဲဒုက္ခကင်းကင်းနဲ့ နေနိုင်မယ်ဆိုပြီး ပြောခဲ့တယ်လို့ မက်ခဲ့ပါတယ်။ ဒီရှေးခေတ် ဒဏ္ဍာရီအရ Yonggungsa ဘုရားကျောင်းရဲ့ တည်နေရာကို သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီဘုရားကျောင်းရဲ့ အဓိကမြင့်မြတ်ရာနေရာ အဖြစ် သတ်မှတ်ထားတဲ့ နေရာကို 1970 ခုနှစ်မှာ ပြန်လည်တည်ဆောက်ခဲ့ပြီး ရှေးယခင် မူလလက်ရာတုန်းက အရောင်တွေကို ပြန်သုံးပြီး ဂရုတစိုက် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဘုရားကျောင်းဝင်းထဲက အဓိကထူးခြားတဲ့ နေရာကတော့ ကျောက်ဆောင်တလျှောက် ပြုလုပ်ထားတဲ့ လှေကားထစ် ၁၀၈ ခုနဲ့ ကျောက်မီးအိမ်တွေဘဲ ဖြစ်ပါတယ်။
ယနေ့အထိ Haedong Yonggungsa မှာ ထူးခြားတဲ့ ဘာသာရေး ဓလေ့ထုံးတမ်းများကို ဆက်လက်ထိန်းသိမ်းထား ပါတယ်။Yonggungsa ရဲ့ သမိုင်းကြောင်းနဲ့အတူ ဗိသုကာအလှတရားတွေနဲ့ ရင်သပ်ရှုမောဖွယ် ပင်လယ်ရှုခင်းတွေဟာ တောင်ကိုးရီးယားမှာ အကျော်ကြားဆုံး ဘုရားကျောင်းတွေထဲက တခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒီနေရာကို လာလည်ပြီး ဘူဆန်မှာ ရှိတဲ့ ကိုရီးယားရိုးရာ ဓလေ့ယဥ်ကျေးမှုတွေကို လေ့လာနိုင်မှာဘဲ ဖြစ်ပါတယ်။
လိပ်စာ- 86၊ Yonggung-gil၊ Gijang-eup၊ Gijang-gun၊ Busan 46083
46083 부산, 기장군, 기장읍, 용궁길, 86
အနီးဆုံးမြေအောက်ရထားဘူတာ- Songjeong ဘူတာ၊ ထွက်ပေါက် 2။ (송정역 출구 2번. 송정2 휴먼시아 정류장). ဒီဘူတာရုံ ထွက်ပေါက်ကနေ ဘုရားကျောင်းကိုသွားဖို့ Songjeong 2 Hyumeonshia ဘတ်စ်ကား (09005) ကိုတက်စီးရပါမယ်။ ဘတ်စ်ကားမှတ်တိုင်ကို ရထားဘူတာရုံ ထွက်ပေါက်ကနေ ၄ မိနစ်ခန့် လမ်းလျှောက်ရပါတယ်။
အနီးဆုံးဘတ်စ်ကားမှတ်တိုင်- Yonggungsa၊ National Academy of Aquatic Sciences ဘတ်စ်ကားမှတ်တိုင် (09039)။ (용궁사၊ 국립수산과학원 정류장 09039)။ ကားဂိတ်ကနေ ဘုရားကျောင်းကို လမ်းလျှောက်ဖို့ ၁၀ မိနစ်ခန့် ကြာပါတယ်။
ဘုရားကျောင်းကို နေ့စဉ် နံနက် ၄း၃၀ မှ ည ၈း၃၀ နာရီအထိ ဖွင့်လှစ်ထားပြီး အခမဲ့လာရောက်ကြည့်ရှုနိုင်ပါတယ်။
ဒီလိုစိတ်ဝင်စားစရာ အပြည့်ရှိတဲ့ ဘူဆန်မြို့က Haedong Yonggungsa ဘုရားကျောင်းကို သွားချင်ရင်တော့ ကျွန်တော်တို့ MyanGoal – Travel ကို ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ဆီမှာ သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ ဖြစ်ဖြစ် Gwangalli ကမ်းခြေကို သွားချင်ရင်တော့ 3 ယောက် package / 5 ယောက် package အမျိုးမျိုးကို messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်။ ကိုရီးယားသွားချင်လို့ လေယာဥ် လက်မှတ်ဖြတ်ချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ MyanGoal – Travel မှာ လာရောက်စုံစမ်းနိုင်ပါတယ်။
MyanGoal – Travel မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
1) နိုင်ငံတကာ လေယာဉ်လက်မှတ်
2) ကိုရီးယားနိုင်ငံအနှံ့ အပန်းဖြေခရီးများ
3) Visa အမျိုးမျိုး ဝန်ဆောင်မှု
4) ပြည်တွင်း/ ပြည်ပ Travel & Tour
5) Car Rental & Transportation
6) Money Exchange ငွေလွှဲ/ ငွေလဲ
여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့
တောင်ကိုရီးယားရုံးချုပ်
☎️ Hotline: 010-2497-1478
📱 010-7675-8498 (မနက် (၁၀) နာရီမှ ည (၇) နာရီ ရုံးချိန်အတွင်း)
🗺️ 씰투 오피스텔, 계양구 계산로 76, Incheon, Korea
ရန်ကုန်ရုံးခွဲ
☎️ Hotline: 09-123-456-789
🗺️ ရန်ကုန်၊ xxxxx
←
Previous:
“ဖုန်းအားဘယ်အချိန်ပြည့်မလဲဆိုတာ ခဏခဏသွားကြည့်နေစရာမလိုတော့ပါဘူး!”
Next:
Busan မြို့က Gamcheon ယဥ်ကျေးမှုကျေးရွာ
→
Latest
Apple ရဲ့ တိုက်ရိုက် စပိုင်ဝဲလ် သတိပေးချက် စနစ်
Pegasus လိုမျိုး ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံပြီး အစိုးရအဆင့် အထူးထောက်လှမ်း စပိုင်ဝဲလ်တွေနဲ့ သင့် iPhone ကို…
Read more
: Apple ရဲ့ တိုက်ရိုက် စပိုင်ဝဲလ် သတိပေးချက် စနစ်
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications