ကိုရီးယားနိုင်ငံရှိ Currency Exchange နိုင်ငံခြားငွေလဲလို့ရတဲ့ နေရာများ

ကိုရီးယားနိုင်ငံကို အလည်အပတ်သွားရောက်တော့မယ်ဆိုရင် ကိုရီးယားဝမ်ငွေကတော့ မဖြစ်မနေလဲသွားကြတယ်မလား❓ ဒါပေမဲ့ ကိုရီးယားရောက်မှ အရေးပေါ်ငွေလဲဖို့လိုလာလို့ လဲလှယ်ချင်ရင် လဲလို့ရမယ့် Currency Exchange 💱နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Automatic Currency Exchange Machine – 24 နာရီ
Money Box ကတော့ နိုင်ငံခြားငွေလဲလှယ်ခြင်းကို အဓိကထားလုပ်ကိုင်ပြီး ကိုရီးယားနိုင်ငံတစ်ဝှမ်းတွင် ဘဏ်ခွဲ ၈ ခုရှိပါတယ်။ Money Box Myeongdong မှာ မတူညီသော Currency 18 ခုအထိ လဲလှယ်နိုင်ပြီး Myeondong တွင် အကောင်းဆုံးနိုင်ငံခြားငွေလဲလှယ်နိုင်သော နေရာတစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းများကလဲ ကိုရီးယား၊ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်တို့ကိုလည်း ပြောဆိုနိုင်သောကြောင့် တော်တော်လေးအဆင်ပြေပြေ လဲလှယ်လို့ရပါတယ်ဗျ။ ၂၄ နာရီသုံးလို့ရတဲ့ Exchange Machine ရှိတဲ့အတွက် အချိန်မရွေးလဲလို့ရပါတယ်။

📍Money Box Myeongdong
လိပ်စာ- 서울 중구 남대로 52-1
52-1 Namdaemun-ro၊ Jung-gu၊ ဆိုးလ်
Opening Hours – 09:00 – 21:00

📍Myeongdong Ilpumhyang Money Exchange
လိပ်စာ- 서울 중구 명동 2가 105 B1
B1, 105 Myeongdong 2-ga, Jung-gu, ဆိုးလ်
Opening Hours – 09:00 မှ 20:00 (အချိန်အပြောင်းအလဲရှိနိုင်ပါတယ်)

📍Myeongdong “Embassy Exchange” (တရုတ်သံရုံးရှေ့)
လိပ်စာ- 서울 중구 명동 2가 26
26 Myeongdong 2-ga၊ Jung-gu၊ ဆိုးလ်
Opening Hours – 09:00-21:00 (အချိန်အပြောင်းအလဲရှိနိုင်ပါတယ်)

📍Jeil Money Express
လိပ်စာ- 서울 중구 명동2가 85-6
85-6 Myeongdong 2-ga၊ Jung-gu၊ ဆိုးလ်
Opening Hours – 09:00-23:00 (အချိန်အပြောင်းအလဲရှိနိုင်ပါတယ်)

WOW Exchange Automatic Money Exchange
Myeongdong နိုင်ငံခြားငွေလဲလှယ်ခြင်းဝန်ဆောင်မှုများအပြင်၊ ဆိုးလ်တွင် WOW Exchange ဟုခေါ်သော အလိုအလျောက်ငွေကြေးလဲလှယ်နိုင်မယ့် စက်တွေရှိပြီး တော်တော်လေး အဆင်ပြေ လွယ်ကူစွာ လဲလို့ရပါတယ်။ Myeongdong တွင် ငွေကြေးလဲလှယ်ရန် ခက်ခဲတဲ့သူများအတွက်၊ ဆိုးလ်မြို့တစ်ဝိုက်ရှိ အော်တိုငွေကြေးလဲလှယ်စက်များကို အလွယ်တကူ လဲလှယ်နိုင်ပါတယ်။ US dollar, Taiwan dollar, Hong Kong dollar, and Japanese Yen တွေလဲ ဤစက်တွင် လဲလှယ်နိုင်ပါတယ်။

ဒီနေ့အတွက်ကတော့ ဒီလောက်ပါဘဲ။ နောက်ရက်တွေမှာလဲ ဒီလိုစိတ်၀င်စားစရာလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ MyanGoal Travel Page ကို like & follow လုပ်သွားခဲ့လို့ရပါတယ်။

여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ 📞 ဖုန်းနံပါတ် : 010-2497-1478 ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


Latest