Your cart is currently empty!
ဘူဆန်မြို့ကို ရောက်ရင် သွားရောက်လည်ပတ်သင့်တဲ့ နေရာ ၆ နေရာထဲက ကျန်ရှိနေသေးတဲ့ နေရာ ၃ ခုကို ထပ်မံပြောပြပေးလိုက်ပါတယ်။ ဘူဆန်ကိုရောက်ရင် ဘယ်နေရာတွေလည်ပတ်ချင်လဲ၊ ရောက်ဖူးတယ်ဆိုရင်လဲ ဘယ်နေရာတွေအကြိုက်ဆုံးလဲဆိုတာ ကောမန့်မှာ ရေးခဲ့လို့ရပါတယ်။ Songdo ကမ်းခြေ
Songdo ကမ်းခြေ (송도해수욕장) 1913 ခုနှစ်မှာ ပြန်လည်ပြုပြင်ပြီးနောက် Busan ရဲ့ဆိတ်ငြိမ်အေးချမ်းတဲ့ ကမ်းခြေတွေထဲက တခုဖြစ်လာပါတယ်။ Songdo ကမ်းခြေအနီးရှိ လိပ်ကျွန်းကို ကမ်းခြေကနေ ဆက်သွယ်ပေးထားတဲ့ Cloud Trail အတိုင်း သွားရောက်နိုင်ပါတယ်။ Songdo ကမ်းခြေရှိ လှပပြီး သဘာဝရှုခင်းတွေအားလုံးကို လူအများကြည့်ရှုနိုင်ဖို့အတွက် Cloud Trail ကို 2015 ခုနှစ်မှာ ပြုလုပ်ခဲ့ပါ။ ကမ်းခြေအနီးက နေရာတွေဟာ ကျောင်ခေတ်နှောင်းပိုင်းခေတ်မှ ရုပ်ကြွင်းများကြောင့် လူသိများ ကျော်ကြားပါတယ်။ ဒီရှေးဟောင်း အမွေအနှစ်တွေထဲမှာ သမိုင်းမတင်မီ ပင်လယ်ခရုခွံ ကျောက်ဖြစ် ရုပ်ကြွင်းတွေနဲ့ ရှေးခေတ် ပင်လယ်သက်ရှိတွေရဲ့ သွားတွေ ပါဝင်ပါတယ်။ ကမ်းခြေမှာ ဓါတ်ပုံရိုက်လို့ကောင်းတဲ့ ရေတံခွန်များစွာနဲ့ ကျောက်ဆောင်ပုံစံတွေရှိပြီး မယုံနိုင်လောက်အောင် လှပစွာ ရိုက်နိုင်ပါတယ်။
Songdo ကမ်းခြေမှာ ဧည့်သည်တွေ သွားလာနိုင်တဲ့ Cloud Trail ပေါ်မှာ ဓာတ်ပုံရိုက်လို့ကောင်းမယ့် ရုပ်တုတွေ ရှိပါတယ်။ ဒီဘူဆန်ကမ်းခြေရှိ ရုပ်တုတွေဟာ ကိုရီးယား ရိုးရာဓလေ့ထုံးတမ်း ပုံပြင်တွေထဲကအတိုင်း ပုံဖော်ထားတာ ဖြစ်ပါတယ်။ ‘တံငါသည်နဲ့ ပင်လယ်မင်းသမီး’ ပုံပြင်ထဲက ဇာတ်ကောင်နှစ်ဦး နောက်ဆုံးအကြိမ်အဖြစ် လမ်းခွဲခြင်းကို သရုပ်ဖော် ပြသထားပါတယ်။
ရေထဲမှာ ဝေလငါးတွေနဲ့ လင်းပိုင်တွေ ပန်းပုတွေကို ပြသထားပြီး Cloud Trail ပေါ်မှာ စိတ်ဝင်စားဖွယ် ပန်းပုရုပ်တုတွေကိုလဲ တွေ့နိုင်ပါတယ်။ Cloud Trail ပေါ်မှာ မှန်တွေနဲ့ ခင်းထားတဲ့ ကြမ်းခင်းအပိုင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ညဘက်မှာလဲ တံတားတလျှောက် မီးထွန်းထားတာကြောင့် နေ့ည အချိန်မရွေး သွားရောက်လည်ပတ်ဖို့ နေရာကောင်းတခုဖြစ်ပြီး ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့သူတွေအတွက် ကွတ်တိပါဘဲ။လိပ်စာ- ၁၃၅-၅ Amnamdong၊ Seogu၊ Busan (부산၊ 서구၊ 암남동 ၁၃၅-၅)။
အနီးဆုံးမြေအောက်ရထားဘူတာ- Jagalchi ဘူတာ (မြေအောက်ရထားလိုင်း 1)၊ ထွက်ပေါက် 2။ ဘူတာရုံထွက်ပေါက်ကနေ Chungmudonggyochalo၊ ဘတ်စ်ကားမှတ်တိုင် (02090) မှ ဘတ်စ်ကား စီးရပါမယ်။ (자갈치역 출구 2번. 충무동교차료 정류장 (02090))။ ကားဂိတ်ကို ဘူတာရုံထွက်ပေါက်ကနေ ၁ မိနစ် လမ်းလျှောက်ရပါတယ်။
အနီးဆုံးဘတ်စ်ကားမှတ်တိုင်- Songdo ကမ်းခြေဘတ်စ်ကားမှတ်တိုင် (02139)။ (송도해수욕장 정류장(02139)။ ကမ်းခြေကို ဘတ်စ်ကားမှတ်တိုင်ကနေ 2 မိနစ် လမ်းလျှောက်ရပါတယ်။ Geumgang Park အတွင်းရှိ Geumjeong တောင်တန်းကေဘယ်လ်ကား
Geumjeong တောင် (금정산) ဟာ Busan ရဲ့ အမြင့်ဆုံးတောင်တွေထဲက တစ်ခုဖြစ်ပြီး Geumgang ပန်းခြံ (금강공원) လဲ ရှိပါတယ်။ Geumgang ပန်းခြံကို 1940 ပြည့်လွန်နှစ်များအတွင်း တည်ဆောက်ခဲ့ပြီး ရိုးရာဘုရားကျောင်းတွေနဲ့ စိတ်ငြိမ်အေးချမ်းတဲ့ နေရာတွေကြောင့် ကျော်ကြားပါတယ်။ တောင်ပေါ်မှ စီးဆင်းလာတဲ့ ချောင်းနဲ့ ထူးခြားတဲ့ ရှုခင်းတွေကြောင့် ဒေသခံများကြား ရေပန်းစားလာခဲ့ပါတယ်။ Geumjeong တောင်ဟာ အလွန်မတ်စောက်ပေမယ့်လဲ လူတိုင်း သွားလာရလွယ်ကူစေဖို့ အကောင်းဆုံး ကြိုးစား ပြုလုပ်ထားပါတယ်။
Geumgang ပန်းခြံအတွင်းမှာ Geumjeong တောင်ကို တက်ဖို့ ကေဘယ်ကားတွေ ရှိပါတယ် ။ 1966 ခုနှစ်မှာတည်ဆောက်ခဲ့ပြီး ရောင်စုံခေတ်မီ ကေဘယ်ကားတွေပေါ်ကနေ ခရီးသွားတွေအနေနဲ့ Busan ရဲ့ အကောင်းဆုံးမြင်ကွင်းအချို့ကို ကြည့်ရှုနိုင်ပါတယ်။ ကေဘယ်ကားရဲ့ ကြာချိန်ဟာ တစ်လမ်းမောင်းကို ၁၀ မိနစ်ခန့် ကြာပါတယ်။ Geumjeong တောင်ထိပ်မှာ ရိုးရာဆန်အရက် makgeolli ကို မြည်းစမ်းကြည့်နိုင်ပါတယ်။ Geumjeong တောင်ရဲ့ makgeolli ကို နှစ် 500 သက်တမ်းရှိဖြစ်တဲ့ ရိုးရာချက်လုပ်နည်းအတိုင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပန်းခြံကိုသွားလည်တဲ့အခါ ဒီထူးခြားတဲ့ဝိုင်ကို သေချာပေါက် မြည်းစမ်းကြည့်ခဲ့သင့်ပါတယ်။ တောင်ထိပ်ကနေလဲ မြို့နဲ့ ပင်လယ်ကို တောင်ရဲ့ ပတ်ပတ်လည် ရှုခင်းတွေကနေ မြင်နိုင်ပါတယ်။လိပ်စာ- 155၊ Ujangchun-ro၊ Dongnae-gu၊ Busan။ (부산၊ 동내구၊ 우장춘로 ၁၅၅)
အနီးဆုံးမြေအောက်ရထားဘူတာ- Myeonglyun ဘူတာ၊ ထွက်ပေါက် 5။ (명륜역 1호선 출구 5번)။ Geumgang Park သို့ လမ်းလျှောက်ဖို့ မိနစ် 20 ခန့် ကြာပါတယ်။
အနီးဆုံးဘတ်စ်ကားမှတ်တိုင်- Geumgang Park ဝင်ပေါက် 동래구 7. ( 금강공원입구). ဘတ်စ်ကားဂိတ်ကနေ ၉ မိနစ်ခန့် လမ်းလျှောက်ရပါမယ်။
လက်မှတ်ဈေးနှုန်း- လူကြီးလက်မှတ်တွေအတွက် အသွားအပြန် ဝမ် 9,000 ဖြစ်ပါတယ်။
ဖွင့်ချိန်- အပတ်စဉ်- နံနက် ၉း၃၀ မှ ညနေ ၅ နာရီ (တနင်္လာနေ့များပိတ်သည်။)
စနေ၊ တနင်္ဂနွေ- နံနက် ၉း၃၀ မှ ညနေ ၅း၃၀ Jagalchi Fish Market
Jagalchi Fish Market ဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ရှိ ငါးဈေး တစ်ခုဖြစ်ပြီး Nampo ဆိပ်ကမ်းအစွန်းမှာ တည်ရှိပါတယ်။ Jagalchi Fish Market ကတော့ တောင်ကိုးရီးယားမှာ အကြီးဆုံး ပင်လယ်စာဈေး ဖြစ်ပြီး လတ်လတ်ဆတ်ဆတ် ပင်လယ်စာအပြင် အခြောက်လှန်းထားတဲ့ ပင်လယ်စာတွေကိုလဲ ရောင်းချပါသေးတယ်။ ကိုရီးယားနိုင်ငံရှိ တခြားငါးဈေးတွေနဲ့ နှိုင်းယှဉ်ရင် Jagalchi Market ဟာ အများသူငှာ သွားလာရတာလွယ်ကူခြင်း၊ လတ်လတ်ဆတ်ဆတ် ပင်လယ်စာ မျိုးကွဲများစွာကို ရောင်းချခြင်း၊ အချို့နေ့တွေမှာ လမ်းဘေးဖျော်ဖြေပွဲတွေရှိပြီး သာယာတဲ့ ပတ်ဝန်းကျင်နဲ့ ပင်လယ်ရှုခင်းတွေကို တွေ့မြင်နိုင်ပါတယ်။ ပင်လယ်စာတွေကလဲ အတော်လေးသန့်ရှင်းပါတယ်။ စျေးဟာ ယခင်က ကျောက်စရစ်တွေနဲ့ ဝိုင်းရံထားတာကြောင့် jagal မှ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ ဒီစျေးဟာ ဘူဆန်ရဲ့ အထင်ကရ နေရာတွေထဲက တခုဖြစ်ပြီး ခရီးသွားအများအပြားဟာ ဒီနေရာကို ဈေးဝယ်ဖို့ လာရောက်လေ့ ရှိကြပါတယ်။လိပ်စာ – 52, Jagalchihaean-ro, Jung-gu, Busan / 부산광역시 중구 자갈치해안로 52 (남포동4가)
Jagalchi ဘူတာ (လိုင်း 1၊ ထွက်ပေါက် 10) ကနေ တည့်တည့်လျှောက်ပြီး ဒုတိယမြေက်လမ်း (Jagakchi-ro 47beon-gil) ရောက်ရင် ညာဘက်ကွေ့ပြီး မီတာ 140 လောက် တည့်တည့်လမ်းလျှောက်ပြီးရင် ဈေးကို ရောက်ပါပြီ။ လမ်းလျှောက်ဖို့ ကြာချိန် ၅ မိနစ်လောက်တော့ ရှိပါတယ်။
여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူသက်သာတာ MyanGoal Travel မှာပါ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ ဖုန်းနံပါတ် : (+82) 010-2497-1478
Leave a Reply
You must be logged in to post a comment.