Jeju ကျွန်းကို အပန်းဖြေခရီးထွက်ချင်ကြလား ? (Part-2)

ဒီနေ့မှာတော့ Jeju ကျွန်းကို အပန်းဖြေခရီးထွက်ချင်တဲ့သူတွေအတွက် ကျန်နေသေးတဲ့ လည်ပတ်စရာနေရာတွေအပြင် jeju ‌ရောက်ရင် ဘာတွေကိုစားခဲ့သင့်လဲဆိုတာကိုပါ ဖော်ပြလိုက်ပါတယ်။ ဒီနေရာတွေထဲက ဘယ်နေရာတွေကို သွားချင်ကြလဲ? ဘူဆန်ရောက်လို့ ဘယ်နေရာတွေ ရေက်ဖြစ်ခဲ့လဲ ကောမန့်မှာမန့်ခဲ့လို့ရပါတယ်။

4. Jungmun
Seogwipo မြို့အပြင်လောက်မှာ ဝက်ဝံရုပ်ပြတိုက်နဲ့ ချောကလက်ပြတိုက် အပါအဝင် ထူးထူးခြားခြား ပြတိုက်တွေကြောင့် ခရီးသွားတွေကို ဆွဲဆောင်ရာမှာ နာမည်ကြီးတဲ့ Jungmun ဧရိယာရှိပါတယ်။ Jungmun Saekdal ကမ်းခြေ (중문색달해수육장)၊ ဆလင်ဒါပုံစံ ချော်ရည်ကျောက်တုံးတွေ (대포해안주상절리대) နဲ့ Yeomiji ရုက္ခဗေဒဥယျာဉ် (대포해안주상절리대) တို့လို သဘာဝအလှအပတွေကို ဒီဧရိယာတဝိုက် တွေ့နိုင်ပါ။

5. Haenyeo တွေကို လေ့လာကြည့်ပါ
Haenyeo (해녀) ဟာ ယခုတိုင် Jeju ကျွန်းမှာ ခရုခွံနဲ့ ပင်လယ်ရေမှော်တွေကို ဖမ်းနေသေးတဲ့ ကိုရီးယား တံငါသည် အမျိုးသမီးတွေကို ခေါ်တာဖြစ်ပါတယ်။ Haenyeo တွေဟာ ပင်လယ်ထဲသွားတဲ့အခါ ‌အောက်ဆီဂျင်ဘူးမပါဘဲ ရေငုပ်ဝတ်စုံတစ်ခု၊ ရေငုပ်မျက်နှာဖုံး၊ ရေယပ်တွေနဲ့ လက်အိတ်တွေနဲ့ဘဲ ရေငုပ်တာ ဖြစ်ပါတယ်။ Haenyeo တစ်ယောက်ဖြစ်ဖို့ ငယ်ငယ်ကလေးထဲက လေ့ကျင့်ပေးထားပြီး ဒီလုပ်ငန်းကို လုပ်ကိုင်သူတွေဟာ အသက် 70 ကျော်တဲ့အထိ ဆက်လက်လုပ်ဆောင်လေ့ ရှိပါတယ်။ ကျွန်းရဲ့ တချို့နေရာတွေမှာ haenyeo တွေ ရေငုပ်တာကို တွေ့မြင်နိုင်ပါတယ်။

Jeju ကျွန်းမှာ ဘာစားရင်ကောင်းမလဲ။
တံငါသည်တွေအတွက် နာမည်ကြီး ကျော်ကြားတဲ့ ကျွန်းတကျွန်းဖြစ်တာနဲ့အညီ ပင်လယ်စာ စားလို့ကောင်းပြီး အထူးသဖြင့် ကမာကောင် (전복) ကိုလဲ မြည်းစမ်းကြည့်သင့်ပါတယ်။ ဒါ့အပြင် Jeju ကျွန်းပေါ်မှာ မွေးမြူထားတဲ့ ဝက်မဲသား (흑돼지) ဆိုလဲ ပုံမှန်ဝက်သားတွေထက် အရသာပိုရှိတာကြောင့် နာမည်ကြီးပါတယ်။ လက်ဖက်စိမ်း (녹차) နဲ့ mandarins (귤) လို့ခေါ်တဲ့ လိမ္မော်သီးအမျိုးအစားကလဲ ကျွန်းပေါ်မှာ ထင်ရှားတဲ့ ဒေသထွက်ကုန်ပစ္စည်းတွေ ဖြစ်ကြပါတယ်။

MyanGoal Travel အနေဖြင့် Air ticket ဝန်ဆောင်မှု အပြင် Hotel Bookings တင်ပေးခြင်း၊ Travel plan ဆွဲပေးခြင်း၊ Tour guide ဌားပေးခြင်း၊ Oversea Visa service ဝန်ဆောင်မှု အစရှိသည်တို့ကို 여러분 လူကြီးမင်းတို့ စိတ်တိုင်းကျ အဆင်ပြေ လွယ်ကူစွာ ၀န်ဆောင်မှုပေးရန် အသင့်ရှိနေပါပြီ။ ဆိုတော့ကာ 여러분 လူကြီးမင်းတို့ အချိန်ကိုလဲ အများကြီး သက်သာစေမှာဆိုတော့ အ‌ရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။

여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ – 📞 ဖုန်းနံပါတ် : 010-2497-1478 ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


Latest