Your cart is currently empty!
Jeju ကျွန်းကတော့ များသောအားဖြင့် နွေဦးနဲ့ နွေရာသီမှာ ကိုရီးယားလူမျိုးတွေအတွက် သာမက နိုင်ငံခြားခရီးသွားတွေကြား ရေပန်းစားတဲ့ ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ဟာဝိုင်အီဆိုပြီး မကြာခဏ ခေါ်ဝေါ်လေ့ရှိတဲ့ Jeju ကျွန်းဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ တောင်ဘက်မှာ ရှိတဲ့အကြီးဆုံးကျွန်းဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်လဲ သတ်မှတ်ခံထားရပါတယ်။ ဒီကျွန်းဟာ မီးတောင်တွေနဲ့ ဖွဲ့စည်းထားပြီး ပစိဖိတ်သမုဒ္ဒရာရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အရှေ့တရုတ်ပင်လယ်နဲ့ နီးပါတယ်။ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ ပြည့်နှက်နေပြီး တောင်ကိုရီးယားကို ခရီးသွားဖို့ စီစဉ်နေတယ် ဆိုရင်တော့ သွားကြည့်သင့်တဲ့ နေရာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal-Travel ကနေ Jeju ကျွန်းရောက်ရင် လည်ကြည့်ခဲ့သင့်တဲ့နေရာတွေကို ပြောပြပေးမှာမလို့ ဘယ်နေရာတွေ ဖြစ်မလဲဆိုတာ သိချင်ရင်တော့ ဖတ်ကြည့်လိုက်ပါ။
1. Hallasan တောင် (한라산)
Halla တောင် (ကိုရီးယားလို Hallasan) ကတော့ ဒိုင်းမီးတောင် တစ်ခုဖြစ်ပြီး Jeju ကျွန်းရဲ့ အလယ်ဗဟိုတွင်တည်ရှိတဲ့ Korea ရဲ့ အမြင့်ဆုံးတောင် ဖြစ်ပါတယ်။ မီးတောင်ထိပ်ဝကို ကြည့်နိုင်ဖို့ တောင်ထိပ်ကို လမ်းကြောင်းများစွာကနေ တက်နိုင်ပေမယ့် အဓိက တောင်တက် လမ်းကြောင်းကတော့ နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ Gwaneumsa လမ်းကြောင်းဖြစ်ပြီး ကျွန်းရဲ့မြောက်ပိုင်းမှာ တည်းခိုသူတွေအတွက် အဆင်ပြေပါတယ်။ တောင်ထိပ်ကို ရောက်ဖို့ ငါးနာရီကြာ သွားရပြီး တောင်တက်လမ်းခရီးမှာ Gwaneumsa လို့ခေါ်တဲ့ ဘုရားကျောင်းကိုလဲ သွားရောက် လည်ပတ်နိုင်ပါတယ်။ ဒုတိယလမ်းကြောင်းကတော့ Seongpanak လို့ခေါ်ပြီး ကျွန်းရဲ့တောင်ဘက်ပိုင်း Seogwipo ဧရိယာမှာ တည်းခိုသူတွေအတွက် အဆင်ပြေပါတယ်။ ဒီတောင်တက် လမ်းကြောင်းတစ်လျှောက်မှာ Sara Oreum Observatory ကိုသွားတဲ့ လမ်းခွဲတခုလဲ ရှိပါသေးတယ်။
2. Udo နဲ့ Seongsan Ilchulbong
Seongsan Ilchulbong တောင်ကတော့ ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ နေရာတခုဖြစ်ပြီး တောင်ထိပ်ကို သစ်သားကုန်းပတ်လှေကား အသုံးပြုပြီး တက်နိုင်ပါတယ်။ တောင်ထိပ်ကို ရောက်ဖို့ မိနစ် 30 လောက်တော့ တက်ရပါတယ်။ [ 3 ] နေမထွက်ခင် တစ်နာရီအလိုကနေ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိဆို ည ၈ နာရီနဲ့ မတ်လမှ အောက်တိုဘာလအထိဆို ည ၉ နာရီအထိ ဖွင့်လှစ်ထားပါတယ်။ ဒီတောင်ကနေ Hallasan၊ Udo ကျွန်း နဲ့ သမုဒ္ဒရာတို့ကို လှမ်းမြင်နိုင်ပါတယ်။ ခရီးသွားတွေအနေနဲ့ တောင်ပတ်ပတ်လည် ဧရိယာကို လည်ပတ်နိုင်ပြီး Seongsan Ilchulbong တောင်နဲ့ Udo ကျွန်းရဲ့ ရှုခင်းတွေကို ကြည့်နိုင်တဲ့ အပျော်စီးသင်္ဘောလဲ စီးနိုင်ပါတယ်။
Udo ကျွန်းကတော့ Jeju မှာ လာရောက်လည်ပတ်မှု အများဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီကျွန်း ရှုခင်းကောင်းတဲ့အတွက် နာမည်ကြီးပြီး ကျွန်းပေါ်မှာ ကိုရီးယားဒရမ်မာတွေနဲ့ ရုပ်ရှင်တွေကို လာရောက် ရိုက်ကူးလေ့ရှိပါတယ်။ Jeju နဲ့ Udo ကြား မိနစ် 30 အတွင်း ကူးတို့နဲ့ ဖြတ်သန်း သွားလာနိုင်ပြီး နံနက် 9 နာရီကနေ ညနေ 5 နာရီအထိဖွင့်တဲ့ Cheonjin ဆိပ်ကမ်းနဲ့ Haumokdong ဆိပ်ကမ်းဆိုပြီး နှစ်ခုရှိပါတယ်။ ခရီးသွားတွေအနေနဲ့ ကျွန်းတဝိုက်စီးဖို့ ရိုးရိုးစက်ဘီးနဲ့ လျှပ်စစ်စက်ဘီးတွေကို ငှားနိုင်ပါတယ်။ ကျွန်းပေါ်မှာ ဘတ်စ်ကားစီးလဲ ရပါတယ်။
ကျွန်းသည် Jeju Olle Trail ၏တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ကျွန်း၏ကမ်းစပ်ကိုပတ်သည့်လမ်းဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် 4 နာရီမှ 5 နာရီအထိကြာမြင့်ပြီး သင်တန်းတွင် စားသောက်ဆိုင်များနှင့် မှတ်တိုင်များစွာရှိသည်။ ဒီကျွန်းဟာ ရေခဲမုန့်နဲ့ ကိုရီးယား-တရုတ် ဖက်စပ်အစားအစာတွေကြောင့်လဲ နာမည်ကြီးပါတယ်။
3. Seogwipo
Seogwipo (서귀포) ကတော့ Jeju ကျွန်း တောင်ဘက်မှာ တည်ရှိတဲ့ ဒုတိယ အဓိကမြို့ဖြစ်ပါတယ်။ ဒီမြို့ကတော့ Olle-gil (올레길) လမ်းကြောင်းတဝိုက် ကျွန်းကို လည်ပတ်စသွားဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ Olle-gil လမ်းကြောင်းကတော့ ကျွန်းတဝိုက်သွားလို့ရတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး ဒီလမ်းကြောင်းတလျှောက် ရေတံခွန်တွေ၊ ရှုခင်းတွေ ကြည့်ရှုဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ Cheonjiyeon ရေတံခွန် (천지연폭포)၊ Jeongbang ရေတံခွန် (정방폭포) နှင့် Sojeongbang ရေတံခွန် (소정방폭포) တို့ဆီကိုလဲ ဒီလမ်းကြောင်းကနေ သွားနိုင်ပါတယ်။ Jeongbang ရေတံခွန် မရောက်ခင်မှာ Seobokjeonsigwan (서복전시관) လို့ခေါ်တဲ့ သမိုင်းဝင်နေရာတစ်ခုလဲ ရှိပြီး ကျွန်းရဲ့ သမိုင်းကြောင်းကို ပိုမိုလေ့လာနိုင်ပါတယ်။ Sojeongbang ရေတံခွန်မရောက်ခင်မှာ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်ကို ကိုယ်တိုင်ပြုလုပ်ပြီး အလကားသောက်နိုင်တဲ့ The Castle of Shell လို့ခေါ်တဲ့နေရာမှာ ပင်လယ်ကိုကြည့်ရင်း ခဏအနားယူနိုင်ပါတယ်။ ဒါ့အပြင် စာဖတ်ချင်ရင်လဲ စာကြည့်တိုက် အသေးလေးရှိပါတယ်။
ဒီလောက်နဲ့ Jeju ကျွန်း မှာလည်ပတ်စရာကုန်ပြီလို့ ထင်နေလား ပရိတ်သတ်ကြီး ? သဘာဝအလှအပတွေ၊ အပန်းဖြေစရာနေရာတွေပေါတဲ့ ဒီလိုနေရာမှာ လည်စရာနေရာတွေကျန်နေပါသေးတယ်။ ဘယ်နေရာတွေဖြစ်မလဲဆိုတာ သိချင်ရင်တော့ နောက်တပတ်မှာ ဆက်ဆက်စောင့်နေပေးပါနော်။
MyanGoal-Travel အနေဖြင့် Air ticket ဝန်ဆောင်မှု အပြင် Hotel Bookings တင်ပေးခြင်း၊ Travel plan ဆွဲပေးခြင်း၊ Tour guide ဌားပေးခြင်း၊ Oversea Visa service ဝန်ဆောင်မှု အစရှိသည်တို့ကို 여러분 လူကြီးမင်းတို့ စိတ်တိုင်းကျ အဆင်ပြေ လွယ်ကူစွာ ၀န်ဆောင်မှုပေးရန် အသင့်ရှိနေပါပြီ။ ဆိုတော့ကာ 여러분 လူကြီးမင်းတို့ အချိန်ကိုလဲ အများကြီး သက်သာစေမှာဆိုတော့ အရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။
여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ – 📞 ဖုန်းနံပါတ် : 010-2497-1478 ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။







Leave a Reply
You must be logged in to post a comment.