Jinju ဟာ လှပတဲ့ မြို့တမြို့ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ တောင်ပိုင်းဒေသမှာ တည်ရှိပါတယ်။ မြို့တော်ဟာ ဆွဲဆောင်မှုရှိတဲ့ သဘာဝပတ် ဝန်းကျင်နဲ့ လည်ပတ်လို့ ကောင်းတဲ့ နေရာ အများအပြားရှိပါတယ်။ Jinju ကို တည်ထောင်ခဲ့တာာ လွန်ခဲ့သော နှစ်ပေါင်း 1,000 ကျော်က ဖြစ်ပါတယ်။ Jinju မှာ သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှုပွဲတော်အမျိုးမျိုး ရှိပါတယ်။ ဒါကြောင့် Jinju မြို့ကို ရောက်တဲ့အခါ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး သွားရောက်လည်ပတ်သင့်တဲ့ နေရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်နေရာတွေ ဖြစ်မလဲဆိုတာ သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
Jinju ပွဲတော်အမျိုးမျိုး
Jinju Namgang Yudeung Festival ဟာ Jinju မှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး လှပတဲ့ မီးပုံးပွဲတော်တခုဖြစ်ပါတယ်။ Imjin စစ်ပွဲမှာ အသုံးပြုခဲ့သော ရေပေါ်မီးအိမ်တွေကို ပြန်လည်ဖန်တီးပြီး ပွဲတော်ကို စတင်ခဲ့ကြပါတယ်။ Imjin စစ်ပွဲတုန်းက ကိုရီးယားစစ်တပ်ဟာ ဂျပန်ရန်သူတွေကို နမ်ဂန်မြစ်အတွင်းကို ဝင်ရောက်ခြင်းကနေ တားဆီးဖို့ ဒီဗျူဟာကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲတော်မှာ ဒေသခံတွေက လှပတဲ့ ရောင်စုံမီးပုံးတွေ၊ မီးရှူးမီးပန်းတွေ ပြသခြင်း၊ ယဉ်ကျေးမှု အကများ ကပြခြင်း၊ မြစ်ကမ်းနံဘေးမှာ ထွန်းညှိထားတဲ့ မီးပုံးတွေ၊ ရေပေါ်မီးထွန်းပွဲ စတာတွေကို ပြသထားပါတယ်။ နေ့ခင်းဘက်မှာဆို မြို့ထဲမှာလဲ ဖျော်ဖြေတင်ဆက်မှုများစွာနဲ့ ပြည့်နေပါတယ်။ လမ်းတလျှောက်မှာ ခင်းကျင်းပြသထားတဲ့ မီးပုံးတွေအပြင် သစ်ပင်တွေကနေ ချိတ်ဆွဲထားတဲ့ မီးပုံးတွေကိုလဲ တွေ့နိုင်ပါတယ်။ ပွဲတော်ဟာ ၃ နာရီမှ ၄ နာရီခန့်ကြာမြင့်ပြီး အသက်အရွယ်မရွေး လာရောက်လည်ပတ်လို့ရပါ။ လမ်းထောင့်တွေကနေလဲ ကိုရီးယား တေးဂီတ တီးခတ်သံတွေကို ကြားနိုင်ပါတယ်။ ပွဲတော်မှာ ရောင်းချနေတဲ့ စျေးဆိုင်တွေကနေလဲ ရိုးရာ အစားအစာတွေ ဝယ်ယူခြင်း ဒါမှမဟုတ် အမှတ်တရ လက်ဆောင်တွေလဲ ဝယ်ယူနိုင်ပါတယ်။ ပွဲတော်ဟာ ရိုးရာယဉ်ကျေးမှု ကြွယ်ဝတဲ့ ပွဲတော်ဖြစ်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ ပါဝင်ဆင်နွှဲလို့ ကောင်းပါတယ်။
Gaecheon Arts Festival ဟာလဲ Jinju မြို့မှာ ပျော်စရာကောင်းတဲ့ ပွဲတော်အချိန်ကာလ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှု အနုပညာပွဲတော်ကို ပျော်ရွှင်စွာကျင်းပကြပြီး ဒီပွဲတော်ဟာ Jinjuseong တိုက်ပွဲရဲ့ အောင်ပွဲ အထိမ်းအမှတ်အနေနဲ့ ကျင်းပတာဖြစ်ပါတယ်။
Jinju National Bullfighting ပြိုင်ပွဲဟာလဲ Namgang မြစ်ကမ်းစပ်ရှိ သဲသောင်ပြင်ပေါ်မှာ ကျင်းပပါတယ်။ ဒီပြိုင်ပွဲဟာ နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး နွားရိုင်းပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင်တွေဟာ သူတို့ရဲ့ နွားတွေ ခွန်အား ဘယ်လောက်ကောင်းကြောင်းကို ပြသရတဲ့အချိန်လဲ ဖြစ်ပါတယ်။
Jinju Bibimbap ပွဲတော်ဟာလဲ မတူညီတဲ့ Jinju bibimbap မျိုးစုံကို မြည်းစမ်းကြည့်နိုင်ပြီး အစားအသောက် ကြိုက်တဲ့သူတွေအတွက် လက်မလွတ်သင့်တဲ့ ပွဲတခုဖြစ်ပါတယ်။ Bibimbap ဆိုတာဟာလဲ Jinju မြို့ရဲ့ ဒေသထွက် ဟင်းလျာဖြစ်ပါတယ်။
Jinyang ရေကန်
Jinyang Lake ဟာ တောင်ကိုရီးယားနိုင်ငံ၊ Gyeongsangnam-do ရှိ Jinju နဲ့ Sacheon ဒေသနှစ်ခုကို ဖုံးအုပ်ထားတဲ့ ရေကန်တခုဖြစ်ပါ။ ရေကန်မျက်နှာပြင်ဟာ ခန့်မှန်းခြေ ၂၉ ကီလိုမီတာ ကျယ်ဝန်းပါတယ်။ ညဘက်မှာ မီးရောင်တွေဟာ ရေမျက်နှာပြင်ပေါ် ကျရောက်တာကြောင့် ရေကန်ဘေးမှာထိုင်ပြီး လှပတဲ့ရှုခင်းတွေကို ငေးကြည့်ပြီး အပန်းဖြေနိုင်ပါတယ်။ ရေကန်၏ ဆန့်ကျင်ဘက်တွင် peony၊ golden osmanthus နဲ့ hypericum တို့လို အလှဆင်အပင် အမျိုးမျိုးရှိတဲ့ ရုက္ခဗေဒ ဥယျာဉ်တစ်ခုရှိပါတယ်။ ရေကန်မှာ ငါးမျှားခြင်း၊ ရေကူးခြင်းနှင့် မီးပုံပွဲတို့လို ပျော်ရွှင်စရာ activities တွေလုပ်နိုင်ပါသေးတယ်။
Jinjuseong ခံတပ်
1,760 မီတာခန့်မြင့်တဲ့ Jinjuseong ခံတပ်ဟာလဲ Jinju ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို မြင့်မြတ်တဲ့ ကိုယ်စားပြုနေရာဖြစ်သည်။ မူလက ရွှံ့ရဲတိုက်ဖြစ်ပြီး နောက်ပိုင်းတွင် ဂိုရီယိုမင်းဆက်ရဲ့ ၅ နှစ်မြောက်ကာလမှာတော့ ကျူးကျော်သူတွေ ပင်လယ်ကနေပြီး တိုက်ခိုက်လာရင် ခုခံတိုက်ခိုက်ဖို့ ကျောက်တုံးတွေနဲ့ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။
Jinjuseong ခံတပ်ကို မူလက Geoyeolseong ခံတပ်ဟု အမည်တွင်ခဲ့ပြီး၊ နောက်ပိုင်းတွင် Goryeo မင်းဆက်ရှိ Chokseokseong ခံတပ်ဟု ပြောင်းလဲကာ နောက်ဆုံးတွင် Joseon မင်းဆက်မှာ Jinjuseong ခံတပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Gim၊ Si-min ဟာ 1592 ခုနှစ်မှာ ဂျပန်တွေ ကျူးကျော်တိုက်ခိုက်တဲ့အချိန် ဒီရဲတိုက်မှာ အောင်ပွဲရခဲ့ပြီး Imjin စစ်ပွဲရဲ့ ကြီးကျယ်တဲ့ အောင်ပွဲ သုံးခုအနက်မှ တစ်ခုဖြစ်ပါတယ်။ ခံတပ်အတွင်းမှာ Chokseoknu၊ Kim Shi-min Memorial၊ Uigisa နတ်ကွန်း၊ Seojangdae၊ Bukjangdae၊ Changyeolsa နတ်ကွန်း၊ Jinju အမျိုးသားပြတိုက်၊ Hoguksa ဘုရားကျောင်း အပြင်ဘက်စင်မြင့်တစ်ခုတို့ဖြစ်သည်။
Jinju မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့နေရာတွေက ဒီလောက်နဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ နောက်ထပ်ကျန်နေသေးတဲ့ နေရာတွေ ရှိပါသေးတယ်။ ကျန်နေသေးတဲ့ နေရာတွေကို ကျွန်တော်တို့ MyanGoal – Travel Page မှာ တင်ဆက်ပေးသွားမှာဘဲမလို့ စောင့်မျှော်နေကြပါနော်။
여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ 📞 ဖုန်းနံပါတ် : 010-2497-1478 ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။







Leave a Reply
You must be logged in to post a comment.