Post modern architecture လက်ရာတခု ဖြစ်တဲ့ DDP Plaza

တောင်ကိုရီးယားနိုင်ငံမှာ Post modern architecture လက်ရာတခု ဖြစ်တဲ့ DDP – Dongdaemun Design Plaza အကြောင်းကို ပြောပြပေးသွားပါမယ်။

DDP ဟာဆိုရင် ‘Dream, Design & Play’ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပေးထားတာ ဖြစ်ပါပြီး တောင်ကိုရီးယားမှာ ရိုးရာယဉ်ကျေးမှု ပြန့်ပွားမှုနဲ့ ဒီဇိုင်းဖက်ရှင် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီရန် ဒီဇိုင်းထုတ်ထားတဲ့ ယဉ်ကျေးမှုပေါင်းစုံ စုပေါင်းထားတဲ့ အဆောက်အအုံတစ်ခုလဲဖြစ်ပါတယ်။

ဘက်စုံသုံး ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံမှာဆိုရင် အနုပညာခန်းမ၊ သင်ကြားရေးစင်တာ၊ ဒီဇိုင်းဓာတ်ခွဲခန်း၊ ဒီဇိုင်းစျေးကွက်နဲ့ DDP ရဲ့ သမိုင်းနှင့်ယဉ်ကျေးမှုပန်းခြံတို့ အပါအဝင် မတူညီတဲ့ အဆောက်အအုံ (၅ခု) ပါရှိပါတယ်။ အဲ့ဒိအဆောက်အအုံ (၅ခု) အတွင်း စုစုပေါင်း ထူးခြားတဲ့နေရာ (၁၅ခု) နှင့် နိုင်ငံအမွေအနှစ် (အခု ၈၀) တို့ကို ခင်းကျင်းပြသထားပါတယ်။

DDP မှာ ပြပွဲနှင့် ဖက်ရှင်ရှိုးများ၊ ထုတ်ကုန်မိတ်ဆက်ပွဲများ၊ ဖိုရမ်များနှင့် ကွန်ဖရင့်များအပါအဝင် မတူကွဲပြားတဲ့ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများကို ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

Dongdaemun သမိုင်းနှင့် ယဉ်ကျေးမှုပန်းခြံဟာဆိုရင် DDP ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိပါတယ်။ ထိုပန်းခြံကို Downtown Green Field Corridor မှ Mt. Naksan မှ Mt. Namsan သို့ ချိတ်ဆက်ထားပြီး ဆိုးလ်ရဲ့ သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုများကို ပြသရန်အတွက် ယဉ်ကျေးမှုနေရာ တစ်ခုအဖြစ် ဆောင်ရွက်ပေးထားပါတယ်။ မူလက ဒီဇိုင်နာက ထိုဧရိယာကို နောက်ဆုံးပေါ် ဒီဇိုင်းခေတ်ရေစီးကြောင်းများနဲ့ မိတ်ဆက်ပေးတဲ့ ဒီဇိုင်းလမ်းတစ်ခုအဖြစ် ရေးဆွဲခဲ့သော်လည်း၊ 2007 ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့တဲ့ Dongdaemun အားကစားကွင်း တူးဖော်ခြင်းနှင့် ဖြိုဖျက်ခြင်း လုပ်ငန်းစဉ်အတွင်း သမိုင်းဝင်ရုပ်ကြွင်း အမျိုးမျိုးကို တွေ့ရှိခဲ့ရပါတယ်။ သက်ဆိုင်ရာများက ဧရိယာအတွင်း လုံခြုံပြီး အသေးစိတ် စစ်တမ်းကောက်ယူရန်အတွက် တူးဖော်မှုနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

2009 ခုနှစ် ဇွန်လတွင် တူးဖော်တွေ့ရှိထားသော အကြွင်းအကျန်များကို ထိန်းသိမ်းပြသရန် ဆုံးဖြတ်ခဲ့ပြီး သမိုင်းဝင်အကြွင်းအကျန်များကို ပြပွဲကျင်းပရာနေရာအဖြစ် Dongdaemun History & Culture Park ဆောက်လုပ်ရန် ကြေညာခဲ့ပါတယ်။ ပန်းခြံဧရိယာမှာ 65,232 m2 ရှိပြီး ဆိုးလ်နှင့် Igansumun ၏ခံတပ်နံရံများ၊ ပြင်ပပြပွဲနေရာနှစ်ခု၊ Yigansumun Exhibition Hall၊ Dongdaemun History Museum 1396၊ Dongdaemun Stadium Memorial နှင့် Gallery MUN တို့သည် ပန်းခြံဧရိယာ၏ အဓိကအင်္ဂါရပ်များနှင့် အဆောက်အအုံများဖြစ်ပါတယ်။

မတ်လ 21 ရက်၊ 2014 ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် 2018 ခုနှစ်မှစတင်၍ Tourist Attraction နေရာတခုဖြစ်လာပြီး နေ့စဉ် ဧည့်သည် 30,000 ခန့် (နှစ်စဉ်လူပေါင်း 10 သန်းကျော်) လာရောက်လည်ပတ်ကြပါတယ်။

LA Times ရဲ့ the 100 Must-Visit Tourist Spots in Korea တွင် တစ်ခုအပါအ၀င် အဖြစ် ရွေးချယ်ခဲ့ပြီး ဆိုးလ်မြို့ရဲ့ ကိုယ်စားပြု tourist spot လို့လဲ ဖော်ပြထားခဲ့ပါတယ်။ Pritzker Architecture Prize ကိုရရှိသည့် ပထမဆုံးအမျိုးသမီး Zaha Hadid ရဲ့ Postmodern လက်ရာတခုလဲ ဖြစ်ပါတယ်။ Karl Lagerfeld၊ Alessandro Mendini နှင့် Jean Paul Gaultier အပါအဝင် ကမ္ဘာကျော် ဒီဇိုင်နာများ နှစ်သက်သည့် နေရာတခုဖြစ်ပြီး
နှစ်စဉ်ပြပွဲနှင့် ပွဲပေါင်း 100 ကျော် ကျင်းပခြင်း အစရှိသည်တို့ကြောင့် အထင်ကရ နေရာတခု ဖြစ်လာခဲ့ပါတယ်။

Dongdaemun Design Plaza (DDP) ဟာဆိုရင် Dongdaemun သမိုင်းနှင့် ယဉ်ကျေးမှုပန်းခြံဘူတာ ဘေးမှာတည်ရှိပြီး Dongdaemun ဘူတာ ကနေဆို ၅ မိနစ်ခန့် လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။ (source: Seoul Metro) ဆိုတော့ကာ ဒီဇိုင်းပိုင်း လေ့လာချင်ရင် ဖြစ်ဖြစ်၊ ဓာတ်ပုံကောင်းကောင်း ရိုက်ချင်ရင် ဖြစ်ဖြစ် သွား‌ရောက် လည်ပတ်လို့ ကောင်းမယ့် နေရာအဖြစ် ညွှန်လိုက်ပါတယ်ဗျ။

여러분 လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူသက်သာတာ MyanGoal-Travel မှာပါ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့ 📞 ဖုန်းနံပါတ် : (+82) 010-2497-1478


Latest