သွားရေးလာရေး အဆင်ပြေပြီး မြန်မာသံရုံးနဲ့ အရမ်းမဝေးတဲ့ ကျောင်း ၅ ကျောင်း

Korea မှာကျောင်းတက်ဖို့ စီစဥ်ပြီဆိုရင် သွားရေးလာရေး အဆင်ပြေမပြေ၊ Downtown area၊ မြန်မာသံရုံးတို့နဲ့ နီးမနီး စတဲ့လိုအပ်ချက်တွေကို သေချာလိုက်ရှာကြရတယ်မလား ကိုယ့်လူတို့။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal Edu ကနေ လျှောက်ပေးနေတဲ့ ကျောင်းတွေထဲကမှ သွားရေးလာရေးလဲ အဆင်ပြေ၊ မြန်မာသံရုံးရော မြို့ထဲနဲ့နီးတဲ့ ကျောင်းတွေကို rating လေး သတ်မှတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

Seoul Tech
Seoul National University of Science and Technology သည် Seoul မြို့ Nowon gu မှာတည်ရှိပြီး Seoul မြို့ရဲ့ ၅ ခုမြောက်အကြီးဆုံး campus ရှိတဲ့ ကျောင်းလဲဖြစ်ပါတယ်။ Seoul မှာဆိုတော့ အများကြီး မပြောတော့ဘးဗျာ။ Transportation အတွက်ဆို 9၊ သံရုံးအတွက် 8၊ Downtown အတွက်ကတော့ 10 ဆို‌တော့ overall အနေနဲ့ 9 out of 10 ပါ။

Ajou University
ဂယောင်းဂီဒို ပြည်နယ်၊ ဆူ၀န်မြို့ မှာတည်ရှိပါတယ်။ Ajou University ကနေ Seoul Station ထိ ရထားနဲ့ဆို 1 နာရီခွဲ ၀န်းကျင်ခန့် ကြာမြင့်နိုင်ပါတယ်။ Transportationနဲ့ သံရုံးအတွက် 8 out of 10 ပါ။ မြို့ထဲသွားဖို့လာဖို့ အတွက်လဲ အဆင်ပြေတဲ့အတွက် 8 out of 10။ overall အနေနဲ့ 8 လောက်ပေးလို့ရပါတယ်။

Bucheon University
ဂယောင်းဂီဒို ပြည်နယ်၊ ဘူချွန်းမြို့မှာ တည်ရှိပါတယ်။ Seoul ကိုသွားမယ်ဆိုရင် ဘူချွန်းဘူတာကနေစီးရင် မိနစ် ၅၀ လောက်စီးရင် ‌ရောက်ပါပြီ။ မြန်မာတွေပေါတဲ့ ဘူဖြောင်းနဲ့လဲနီးတော့ ပိုပြီးအဆင်ပြေတာပေါ့နော်။ Transportation အတွက်ဆို 9၊ သံရုံးအတွက် 7၊ Downtown အတွက်ကတော့ 9 ဆို‌တော့ overall အနေနဲ့ 8 out of 10 ပါ။

Inha university
အင်ချွန်းဧရိယာထဲရှိတဲ့ကျောင်းတွေထဲကမှ နံပါတ် ၁ တက္ကသိုလ်တခု ဖြစ်ပါတယ်။ ရထားနဲ့သွားမယ်ဆို Seoul ကို 1 နာရီ၀န်းကျင်ခန့် သွားရမှာဖြစ်ပါတယ်။ Transportation အတွက်ဆို 8၊ သံရုံးအတွက် 6၊ Downtown အတွက်ကတော့ 9 ဆို‌တော့ overall အနေနဲ့ 7.5 out of 10 ပါ။

KIWU
KyungIn Women’s University ကို 1991 ခုနှစ်မှာတည်ထောင်ပြီး အင်ချွန်းမြို့ရဲ့ အထင်ကရနေရာ ဘူဖျောင်းမှာ တည်ရှိပါတယ်။ Seoul ကိုသွားမယ်ဆိုရင် ရထားနဲ့ဆို မိနစ် ၄၀ လောက်ကြာမြင့်နိုင်ပါတယ်။ Transportation အတွက်ဆို 8၊ သံရုံးအတွက် 6၊ Downtown အတွက်ကတော့ 8 ဆို‌တော့ overall အနေနဲ့ 7 out of 10 ပါ။

ဒီလို Korea မှာကျောင်းတက်ဖို့အတွက် စိတ်၀င်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ပြီးသိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal Edu Page ကို Like & Follow လေးလုပ်သွားခဲ့လို့ရပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094
🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest