သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး ကာတွန်းဖြစ်လာတဲ့ ‘Inside Out 2’

‘Inside Out 2’ ဟာ သမိုင်းတလျှောက် ဝင်ငွေအကောင်းဆုံး ကာတွန်းအဖြစ် စံချိန်ချိုးခဲ့ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ၀င်ငွေအများဆုံး ကာတွန်းရုပ်ရှင် ၁၀ ကားမှာ ခုနစ်ကားက Pixar ဒါမှမဟုတ် Walt Disney Animation Studios မှ ထုတ်လုပ်တာတွေ ဖြစ်ပါတယ်။
Pixar Animation Studios ကထုတ်တဲ့ “Inside Out 2” ကတော့ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး ကာတွန်းရုပ်ရှင်ဖြစ်လာပြီး ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်ဒေါ်လာ 1.46 ဘီလီယံအထိ ရုံဝင်ငွေရရှိထားပြီး 2019 ခုနှစ်မှာ Disney ကထုတ်တဲ့ “Frozen II” ကို ကျော်လွန်ခဲ့ကြောင်း သိရပါတယ်။ ဇာတ်လမ်းကတော့ Riley ရဲ့ စိတ်ခံစားမှုတွေထဲ (anxiety and depression) စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းစတဲ့ ဇာတ်ကောင်အသစ်တွေကို မိတ်ဆက်ပေးပြီး အသက်အရွယ်မရွေး ကြည့်ရှုလို့ကောင်းပါတယ်။ Pixar ကလဲ “ကျွန်တော်တို့ ပျော်ရွှင်မှု အပြည့်နဲ့ ဝမ်းသာနေပါတယ်။ ‘Inside Out 2’ ကို အချိန်တိုင်းရဲ့ ဝင်ငွေအကောင်းဆုံး ကာတွန်းရုပ်ရှင်အဖြစ် ဖန်တီးပေးတဲ့အတွက် ကမ္ဘာတဝှမ်းက ပရိသတ်တိုင်းကို ကျေးဇူးတင်ကြောင်း” ပို့စ်တင်ခဲ့ပါတယ်။
ဒီဇာတ်ကားဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ 13 ခုမြောက် ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ်လည်း ရပ်တည်နေပြီး ပြည်တွင်းမှာ ဒေါ်လာ သန်း 600 ရရှိထားပါတယ်။ “Inside Out 2” ကို ရုံတင်ပြသပြီးနောက် ပထမဆုံး 19 ရက်အတွင်း အမေရိကန်ဒေါ်လာ 1 သန်းရရှိခဲ့ပြီး Box Office တွင် အခိုင်အမာရပ်တည်နေပြီး 2024 ခုနှစ်ရဲ့ လက်ရှိဝင်ငွေ အကောင်းဆုံးဇာတ်ကားဖြစ်ပါတယ်။ တခြား Box Office မှာ ဝင်ငွေအကောင်းဆုံး ကာတွန်းရုပ်ရှင်တွေကတော့
2. FROZEN II, 2019 – အမေရိကန်ဒေါ်လာ 1.45 ဘီလီယံ
ဒါရိုက်တာအနေနဲ့ Chris Buck နဲ့ Jennifer Lee တို့ ရိုက်ကူးထားပြီး အသံသရုပ်ဆောင်အဖြစ် Josh Gad, Jonathan Groff, Idina Menzel နဲ့ Kristen Bell တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။
3. THE SUPER MARIO BROS. MOVIE, 2023 – အမေရိကန်ဒေါ်လာ 1.3 ဘီလီယံ
ဒါရိုက်တာအနေနဲ့ Aaron Horvath, Michael Jelenic, Pierre Leduc နဲ့ Fabien Polack တို့ ရိုက်ကူးထားပြီး အသံသရုပ်ဆောင်အဖြစ် Chris Pratt နဲ့ Anya Taylor-Joy တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။
4. FROZEN, 2013 – အမေရိကန်ဒေါ်လာ 1.28 ဘီလီယံ
ဒါရိုက်တာအနေနဲ့ Chris Buck နဲ့ Jennifer Lee တို့ ရိုက်ကူးထားပြီး အသံသရုပ်ဆောင်အဖြစ် Idina Menzel, Kristen Bell, Jonathan Groff နဲ့ Josh Gad တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။
5. INCREDIBLES 2, 2018 – အမေရိကန်ဒေါ်လာ 1.24 ဘီလီယံ
ဒါရိုက်တာအနေနဲ့ Brad Bird က ရိုက်ကူထားပြီး အသံသရုပ်ဆောင်အဖြစ် Craig T. Nelson, Holly Hunter, Huck Milner and Sarah Vowell တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။
6 MINIONS, 2015 – အမေရိကန်ဒေါ်လာ 1.1 ဘီလီယံ
ဒါရိုက်တာအနေနဲ့ Kyle Balda and Pierre Coffin ရိုက်ကူထားပြီး အသံသရုပ်ဆောင်အဖြစ် Sandra Bullock, Jon Hamm, Michael Keaton and Allison Janney တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။
7. TOY STORY 4, 2019 – အမေရိကန်ဒေါ်လာ 1.073 ဘီလီယံ
ဒါရိုက်တာ Josh Cooley ရိုက်ကူထားတဲ့ ဒီဇာတ်ကားမှာ Tom Hanks, Tim Allen, Annie Potts, Joan Cusack, Don Rickles, Wallace Shawn, John Ratzenberger, Estelle Harris, Blake Clark, Jeff Pidgeon, Bonnie Hunt, Jeff Garlin, Kristen Schaal and Timothy Dalton တို့က အသံသရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။
8. TOY STORY 3, 2010 – အမေရိကန်ဒေါ်လာ 1.067 ဘီလီယံ
ဒါရိုက်တာ Lee Unkrich ရိုက်ကူထားတဲ့ ဒီရှပ်ရှင်မှာ အရင်ဇာတ်ကားထဲက အတိုင်း Tom Hanks and Tim Allen တို့က အသံသရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။
9. DESPICABLE ME 3, 2017 – အမေရိကန်ဒေါ်လာ 1.034 ဘီလီယံ
ဒါရိုက်တာ Kyle Balda and Pierre Coffin ရိုက်ကူထားတဲ့ ဒီဇာတ်ကားမှာ Steve Carell တို့က အသံသရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။
10. FINDING DORY, 2016 – အမေရိကန်ဒေါ်လာ 1.029 ဘီလီယံ
ဒါရိုက်တာ Andrew Stanton ရိုက်ကူထားတဲ့ ဒီဇာတ်ကားမှာ Ellen DeGeneres တို့က အသံသရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။


Latest