စိတ်ဆိုးပြီး စာတွေဖျက်သွားလည်း Samsung နဲ့ဆို ပြန်ရှာလို့ ရတယ်

Samsung ဖုန်းတွေမှာ စာတွေ Unsent လုပ်သွားခဲ့ရင် ပြန်ကြည့်လို့ရနိုင်မယ့် နည်းလမ်း
အရင်ဦးဆုံး ဖုန်းထဲက Settings ထဲကိုသွားလိုက်ပါ။ ပြီးတော့ Search မှာ Notification ကိုရှာလိုက်ပါ။
ရှာပြီးတာနဲ့ Notification History ဆိုတာလေးပေါ်လာတာနဲ့ ဝင်ပေးလိုက်ပါ။ ပြီးရင်တော့ Notification History ကို On ပေးလိုက်တာနဲ့ ရပါပြီ။
ဒါဆိုရင်တော့ တစ်ဖက်လူက စာတွေပို့ပြီး ပြန်ဖျက်သွားတယ်ဆိုရင်တောင် ကိုယ်က သူပို့ထားတဲ့စာတွေ အစအဆုံးကို Notification History ထဲမှာ သွားရှာဖတ်လိုက်ရုံပဲပေါ့နော်။
ဒါဆိုရင် Crush က စိတ်ဆိုးပြီး စာတွေ ဖျက်သွားရင် ကိုယ်က ပြန်ကြည့်ပြီးဖတ်လို့ရတော့ မြန်မြန်ချော့လို့ရပြီပေါ့နော်။

Latest