ယုံကြည်မှုအပြည့်ရှိတဲ့ ယောကျာ်းတယောက်ဟာ တောက်ပြောင်နေတဲ့ အသားအရေရှိနေတယ်ဆိုရင် သူ့ဆီမှာ အသားအရေ ထိန်းသိမ်းမှု နည်းတမျိုးမျိုးကြောင့်ဘဲ ဖြစ်ပါတယ်။ ကိုရီးယား အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေဟာ အမျိုးသားတွေအတွက် ပိုမိုလှပတဲ့အသားအရေကို ရရှိစေအောင် တီထွင်ဖန်တီး ထုတ်လုပ်ကြပါတယ်။ ကိုရီးယား အလှကုန်ပစ္စည်းတွေကလဲ တကမ္ဘာလုံး ရေပန်းစားပြီး အရေပြားပြဿနာ အမျိုးမျိုးအတွက် ဖြေရှင်းပေးနိုင်ပြီး လူတိုင်းအလိုရှိတဲ့ အသားအရေကို ရရှိစေပါတယ်။
အသားအရေ ထိန်းသိမ်းတယ်ဆိုလဲ မိန်းကလေးတွေကြီးဘဲ လုပ်ရတယ်ဆိုတာ အခုခေတ်မှာ မရှိတော့ပါဘူး။ အသားအရေ ထိန်းသိမ်းမှုဟာ အမျိုးသားတွေအတွက် မရှိမဖြစ် လိုအပ်သလား ? moisturizer တွေက ဘာကြောင့်အရေးကြီးသလဲ ? ဒါတွေကို သိချင်ရင်တော့ ဆက်ပြီးဖတ်ကြည့်ကြည့်လိုက်ပါ။
အမျိုးသားတွေ အသားအရေထိန်းသိမ်းဖို့ တကယ်လိုအပ်ပါသလား?
အဖြေကတော့ YES ဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းမှုဟာ အမျိုးသမီးတွေအတွက်သာမက၊ အမျိုးသားတွေရဲ့ အသားအရေကိုလဲ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတို့လိုမျိုးဘဲ အမျိုးသားတွေရဲ့ အသားအရေဟာလဲ ပတ်ဝန်းကျင်ကြောင့် ပျက်စီးခြင်း၊ အိုမင်းရင့်ရော်ခြင်းနဲ့ ခြောက်သွေ့ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ကောင်းမွန်တဲ့ ပုံမှန် အသားအရေထိန်းသိမ်းမှုတခုကို ပြုလုပ်ခြင်းက အမျိုးသားတွေ ကျန်းမာသန်စွမ်းတဲ့ အသားအရေကို ထိန်းသိမ်းဖို့၊ အိုမင်းရင့်ရော်မှု လက္ခဏာတွေကို နှောင့်နှေးစေပြီး ဝက်ခြံနဲ့ ခြောက်သွေ့ခြင်းလိုမျိုး ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အမျိုးသားတွေအတွက် moisturizer က ဘာကြောင့်အရေးကြီးတာလဲ ?
အမျိုးသမီးဘဲ ဖြစ်ဖြစ် အမျိုးသားဘဲ ဖြစ်ဖြစ် အရေးကြီးတဲ့ အသားအရေထိန်းသိမ်းမှု ထုတ်ကုန်ကတော့ moisturizer ဘဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ moisturizer ဟာ အသားအရေကို ခြောက်သွေ့ခြင်း၊ မွဲခြောက်ခြင်းနဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း အန္တရာယ်တွေကနေ ကာကွယ်ပေးတာကြောင့် ဖြစ်ပါတယ်။ Moisturizer တွေဟာ အရေပြားကို ရေဓာတ်ဖြည့်ပေးကာ အစိုဓာတ်ကို ထိန်းညှိပေးပြီး ပတ်ဝန်းကျင်က အသားအရေကို ထိခိုက်စေတဲ့ အရာတွေကို ကာကွယ်ပေးနိုင်တဲ့ အတားအဆီးတစ်ခု ဖန်တီးပေးပါတယ်။ Moisturizer ကို ဘယ်အသက်အရွယ်မှာ စသုံးရမလဲဆိုရင် အခုချက်ချင်း သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှလဲ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်မှာဘဲ ဖြစ်ပါတယ်။
အမျိုးသားတွေအတွက် မတူညီတဲ့ moisturizer လိုအပ်ပါသလား ?
အသားအရေထိန်းသိမ်းတဲ့ အခါမှာ တယောက်နဲ့ တယောက် အသားအရေအမျိုးအစား မတူညီတာကြောင့် ထုတ်ကုန်အားလုံးကတော့ ကိုယ့်ရဲ့ အသားအရေနဲ့ မကိုက်ညီနိုင်ပါဘူး။ တချို့လူတွေက အဆီပိုရှိတဲ့ အသားအရေရှိပြီး ပေါ့ပါးပြီး အဆီမပါတဲ့ moisturizer သုံးသင့်ပေမယ့် ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အသားအရေရှိတဲ့ သူတွေအတွက်ဆို မတူညီတဲ့ ဖော်မြူလာကို သုံးထားတဲ့ moisturizer လိုအပ်ပါတယ်။
ရေဓာတ်ဖြည့်တင်းဖို့အတွက် hyaluronic acid ဒါမှမဟုတ် birch sap တို့လို ပါဝင်ပစ္စည်းတွေ သုံးထားတဲ့ moisturizer ကို လိမ်းသင့်ပြီး အရေပြားကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်ဓာတုပစ္စည်းများ ဒါမှမဟုတ် အမွှေးနံ့သာတွေပါရှိတဲ့ ထုတ်ကုန်တွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ တချို့ကိုရီးယား အလှကုန်ပစ္စည်း အမှတ်တံဆိပ်တွေဆိုရင် အမျိုးသားတွေရဲ့ အသားအရေအတွက် အထူးပြုလုပ်ထားတဲ့ moisturizer တွေကို ထုတ်လုပ်ပါတယ်။
အမျိုးသားတွေ နေ့တိုင်း အစိုဓာတ်ထိန်းပေးသင့်သလား ?
လုံးဝ! အစိုဓာတ်ထိန်းပေးခြင်းသည် အမျိုးသားများအတွက် နေ့စဥ်အလေ့အထဖြစ်သင့်ပြီး ကျန်းမာနုပျိုသောအသားအရေကို ထိန်းသိမ်းထားသင့်သည်။ အကောင်းဆုံးရလဒ်များရရှိရန်၊ သင့်နေ့စဉ်ပုံမှန်လုပ်ဆောင်မှု၏ စိုစွတ်မှုအပိုင်းကို ပြုလုပ်ပါ။ သန့်စင်ပြီးနောက် လိမ်းပြီး အသားအရေကို အစိုဓာတ်ထိန်းပေးပြီး အာဟာရဖြစ်စေပါတယ်။
အမျိုးသားတွေအနေနဲ့ moisturizer ကို ဘယ်နှစ်ကြိမ် သုံးသင့်သလဲ ?
Moisturizer ကို တစ်နေ့ နှစ်ကြိမ်၊ မနက်ပိုင်းနဲ့ အိပ်ယာဝင်ချိန်တွေမှာ လိမ်းတာက အမျိုးသားအများစုအတွက် အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ အသားအရေက အရမ်းအဆီပြန်တယ် ဆိုရင်တော့ ပေါ့ပါးတဲ့ moisturizer ကို တစ်နေ့ကို တစ်ကြိမ်၊ ဖြစ်နိုင်ရင် ညနေခင်းမှာ သုံးနိုင်ပါတယ်။ ပုံမှန်အသားအရေထိန်းသိမ်းမှုကို ကိုယ့်ရဲ့အသားအရေအမျိုးအစားနဲ့ လိုက်လျောညီထွေ ဖြစ်အောင်ပြုလုပ်သင့်ပါတယ်။
အိပ်ရာမဝင်ခင် အစိုဓာတ်ထိန်းပေးဖို့ လိုသလား ? moisturizer လိမ်းပြီးတာနဲ့ အိပ်လို့ရလား ?
အိပ်ရာမဝင်ခင် အစိုဓာတ်ထိန်းပေးတာက အရမ်းအကျိုးရှိပါတယ်။ အရေပြားဟာ အိပ်စက်နေတဲ့အခါ အရေပြား ပြန်လည်နုပျိုအောင် ပြုပြင်ပေးနေပြီး moisturizer ကို လိမ်းပေးခြင်းကြောင့် အသားအရေကို တညတာလုံး ရေဓာတ်နဲ့ အာဟာရဓာတ် ပြည့်ဝစေပါတယ်။
တောင်ကိုရီးယားမှ ထုတ်ကုန်များကို အချိန်နဲ့တပြေးညီ ဝယ်ယူရရှိနိုင်အောင်လုပ်ဆောင်ပေးမယ့် MyanGoal Shopping
Address – Bypyeong Station Shopping Mall, Ground Floor, Incheon, South Korea
010-2497-1478
10:00am to 8:00pm







Leave a Reply
You must be logged in to post a comment.