အင်ဒိုနီးရှားမှာ iPhone ကို တရားမဝင် ပစ္စည်းအနေဖြင့် ထုတ်ပြန်
အင်ဒိုနီးရှားမှာ iPhone ကို တရားမဝင် ပစ္စည်းအနေဖြင့် သတ်မှတ်ပြီးနောက်ပိုင်းမှာတော့ iPhone ကိုင်သူ မှန်သမျှကို ဖမ်းတော့မှာဖြစ်ပါတယ်။
ဒီကိစ္စဟာပြီးခဲ့တဲ့ရက်ပိုင်းက အင်ဒို စက်မှု ဝန်ကြီးက ကြေညာခဲ့တာဖြစ်ပြီး IMEI ကိစ္စနဲ့ ပတ်သက်ပြီးတော့ iPhone 16 တွေဟာ နိုင်ငံတကာသုံး မဟုတ်ပဲ ကန့်သက် မှုတွေလုပ်ထားတယ်လို့ ဆိုတဲ့ အတွက် တရားမဝင် ကုန်စည်အဖြစ်သက်မှတ်လိုက်တာဖြစ်ပါတယ်။
iPhone သစ်တွေ အင်ဒိုနီးရှားမှာ အပိတ်ခံရတာက Apple က ရင်းနှီးမြုပ်နှံ့မှုတစ်ခုမှာ ပြောထားတဲ့ ပမာဏထက် ပိုနည်းတဲ့ ရင်းနှီးမြှပ်နှံ့မှုလုပ်ခဲ့တဲ့အတွက်ကြောင့် အင်ဒိုအစိုးရပိုင်းက စိတ်ဆိုးသွားပြီး ဒီလိုမျိုး ဥပဒေတွေနဲ့ Apple ကုန်စည်အသစ်တွေကို ပိတ်ပင်လိုက်တာပါ။
လက်ရှိမှာတော့ ကတိ ကိစ္စနဲ့ စကားပြောနေပြီး အစိုးရဘက်ကတော့ Apple ဘက်က သတ်မှတ်ထားသလိုမျိုး မလုပ်ရင် သူတို့ ပစ္စည်းတွေကို အင်ဒိုမှာ ရောင်းချခွင့်မရှိဘူးလို့ ဆိုလာပါတယ်။







Leave a Reply
You must be logged in to post a comment.