Your cart is currently empty!
ဘူဆန်ဟာ ပင်လယ်စာ အစားအသောက်အတွက် နာမည်ကြီးပြီး ကိုရီးယားနိုင်ငံအတွင်း အကြီးဆုံးပင်လယ်စာဈေးတွေရှိတဲ့ နေရာလဲဖြစ်ပါတယ်။ ဘူဆန်ဟာ ကြီးမားတဲ့ ဆိပ်ကမ်းမြို့ကြီးဖြစ်တဲ့အပြင် ပင်လယ်ရှုခင်းတွေကလဲ အင်မတန်လှပပါတယ် လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေအပြင် ထူးခြားတဲ့ ပင်လယ်စာအချို့ကိုလဲ ဘူဆန်မှာ တွေ့နိုင်ပါတယ်။ Jagalchi စျေးမှာဆို Busan ရဲ့အကောင်းဆုံး ပင်လယ်စာတချို့ကို ရရှိနိုင်ပါတယ်။ ဒါကြောင့် နာမည်အကြီးဆုံး ဘူဆန်ဟင်းလျာတွေကို ပြောပြပေးမှာမလို့ သိချင်တယ်ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
ပင်လယ်ငါးရှဉ့်ကင် (장어구이)
Jangeo-gui (장어구이၊ ပင်လယ်ငါးရှဥ့်ကင်) ဟာ ပဲငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူတို့နဲ့ ပြုလုပ်ထားတဲ့ အရသာရှိပြီးတဲ့ ဆော့စ်နဲ့ နှပ်ထားတာဖြစ်ပါတယ်။ ပြီးရင် ငါးရှဥ်အသားကို နူးအိပြီး အရည်ရွှမ်းလာတဲ့အထိ ချက်ပြုတ်ထားပြီး အပြင်အရေခွံကို ကြွပ်အောင် အနည်းငယ်ကင်လိုက်တာ ဖြစ်ပါတယ်။ ဒီပင်လယ်ငါးရှဥ့်ကင်ကို စားဖို့ အကောင်းဆုံးနည်းလမ်းကတော့ ထမင်းနဲ့ အရံဟင်းမျိုးစုံပါတဲ့ Banchan နဲ့ တွဲစားလို့ ကောင်းပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်ခန္ဓာ သက်လုံနဲ့ energy မြှင့်တင်ပေးတယ်လို့လဲ ယုံကြည်ကြပါတယ်။
ရေဘဝဲစိမ်း (산낙지)
နောက်ထပ် အထင်ကရ ဒေသထွက် ဘူဆန် အစားအစာကတော့ Sannakji ( 산낙지၊ ရေဘဝဲ အစိမ်း) ဖြစ်ပါတယ်။ ကိုရီးယား ဟင်းလျာတွေထဲ မှာ နာမည်ကြီး ဟင်းတစ်မျိုးဖြစ်ပြီး အစိမ်းလိုက် လတ်လတ်ဆတ်ဆတ် စားရတာဘဲ ဖြစ်ပါတယ်။ ရေဘဝဲကို အတုံးသေးသေးလေးတွေ လှီးပြီး အရသာပိုကောင်းဖို့အတွက် နှမ်းဆီနဲ့ နှပ်ထားတာဘဲ ဖြစ်ပါတယ်။ ဒီရေဘဝဲစိမ်းကို ဒေသခံတွေသာမက နိုင်ငံခြားသားခရီးသွားတွေလဲ ဒီလိုအရသာရှိပြီး ထူးခြားတဲ့အသွင်အပြင်ကြောင့် အစားများကြပါတယ်။ ဒါကြောင့် အစိမ်းစားရဲတဲ့လူ၊ sashimi လိုမျိုး ကြိုက်တဲ့သူတွေ မြည်းစမ်းကြည့်သင့်ပါတယ်။
Dweji-gukbap (돼지국밥၊ ဝက်သားနဲ့ ထမင်းစွပ်ပြုတ်)
Busan မှာ နာမည်အကြီးဆုံးကတော့ ရိုးရာ Dweji-gukbap (돼지국밥၊ ဝက်သားနဲ့ ထမင်းစွပ်ပြုတ်) ဘဲ ဖြစ်ပါတယ်။ ဝက်သားအရိုးတွေကို အရသာရှိတဲ့ ဟင်းရည်ဖြစ်အောင် ကြာကြာပြုတ်ထားပြီး ကြက်သွန်မြိတ်တွေ၊ ဝက်သားတုံးလေးတွေ၊ ထမင်းတွေပါတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ အစပ်ကြိုက်တဲ့ သူတွေအတွက်လဲ special spicy sauce နဲ့ ရောစပ်ပြီး တွဲစားဖို့အတွက်လဲ အရံဟင်း Banchan နဲ့လဲ စားနိုင်ပါတယ်။
ဒီဟင်းလျာဟာ မိုးရွာတဲ့နေ့ ဒါမှမဟုတ် ဆောင်းရာသီး ချမ်းအေးတဲ့အချိန်မှာ နွေးနွေးလေးနဲ့ စားလို့အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် Dweji-gukbap ကို အရက်နာကျတာကို သက်သာစေဖို့အတွက် လည်း စားလေ့ရှိပါတယ်။
Bibim dangmyeon
Bibim dangmyeon ကတော့ ဘူဆန်မြို့၊ Jung-gu ဒေသထွက်ဟင်းလျာဖြစ်ပြီး ဖန်ခေါက်ဆွဲကို ဆော့စ်အစပ်နဲ့ toppings အမျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့ ဟင်းလျာဖြစ်ပါတယ်။ ကိုရီးယားစစ်ပွဲအတွင်း စားနပ်ရိက္ခာရှားပါးလာချိန်မှာ ကန်စွန်းဥကနေထုတ်တဲ့ အမှုန့်နဲ့ ခေါက်ဆွဲပြုလုပ်တာကနေ ဆင်းသက်လာတယ်လို့ ပြောပါတယ်။ လွယ်လွယ်ကူကူစားနိုင်တဲ့ ဒေသထွက် အစားအစာဖြစ်ပြီး အစပ်အရသာကြိုက်တဲ့သူတွေအနေနဲ့ မြည်းစမ်းကြည့်သင့်ပါတယ်။
#myangoal #korea #foodie #Myanmar #busan







Leave a Reply
You must be logged in to post a comment.