Your cart is currently empty!
အဖွဲ့ဝင် ဆယ့်သုံးယောက်ပါတဲ့ K-pop idol group “Seventeen” ကတော့ နိုင်ငံတကာမှာ အောင်မြင်မှုတွေ ရခဲ့ပြီး 2024 ခုနှစ်မှာ K-pop juggernaut အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက သူတို့ရဲ့ ဖျော်ဖြေပွဲတွေကနေ ပရိသတ် 1.5 သန်းကျော်ရှေ့မှာ ဖျော်ဖြေခဲ့ကြပြီး အယ်လ်ဘမ်ရောင်းချရမှုမှာလဲ အချပ်ရေ 10 သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်။ စံချိန်တင် အယ်လ်ဘမ်ရောင်းချနိုင်မှုတွေနဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကြောင့် 2024 ခုနှစ်အတွင်း ဒီလိုအောင်မြင်မှုမျိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Seventeen ရဲ့ အေဂျင်စီဖြစ်တဲ့ Pledis Entertainment က 2024 ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလအထိ အယ်လ်ဘမ် 9.76 သန်းရောင်းချခဲ့ရကြောင်း ပြည်တွင်း K-pop တေးဂီတ tracker Circle Chart ရဲ့ အဆိုအရ သိရပါတယ်။ ဒီမှတ်တမ်းဟာ Seventeen ရဲ့ အယ်လ်ဘမ်အချပ်ရေ 10 သန်းရောင်းချရမှုကို နှစ်နှစ်ဆက်တိုက် ရရှိဖို့ အလွန် နီးကပ်လာစေပါတယ်။
Seventeen အဖွဲ့ဟာ 2024 ခုနှစ်အတွင်း အယ်လ်ဘမ် 3 ချပ်ထုတ်ဝေခဲ့ပါတယ်။ ဧပြီလမှာတော့ “17 IS RIGHT HERE” အယ်လ်ဘမ်၊ ဇွန်လမှာတော့ Jeonghan x Wonwoo ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် “THIS MAN” နဲ့ အောက်တိုဘာလမှာတော့ 12 ခုမြောက် မီနီအယ်လ်ဘမ် “SPILL THE FEELS” တို့ကို ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
ဧပြီလမှာ ထွက်ရှိခဲ့တဲ့ “17 IS RIGHT HERE” အယ်လ်ဘမ်ဟာ မှတ်တမ်းအသစ်တစ်ခု ရရှိခဲ့ပါတယ်။ အယ်လ်ဘမ်ထွက်ရှိပြီး 10 ရက်အတွင်း အချပ်ရေ 3 သန်းရောင်းချခဲ့ရပြီး ပထမပတ်အတွင်း ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ဇွန်လမှာထွက်ခဲ့တဲ့”THIS MAN” အယ်လ်ဘမ် ကလဲ ပထမပတ်အတွင်း ရောင်းအားအကောင်းဆုံးစံချိန်ကိုလည်း ရရှိခဲ့ပါတယ်။
Seventeen အဖွဲ့ရဲ့ မီနီအယ်လ်ဘမ် “SPILL THE FEELS” ကလဲ ထွက်ရှိပြီး ပထမပတ်မှာတင် အချပ်ရေ 3 သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ ရောင်းအားကတော့ အချပ်ရေ 4 သန်းနီးပါးထိ ရောက်ရှိလာခဲ့ပြီး တစ်နှစ်တာရဲ့ အရောင်းရဆုံး K-pop အယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။
Seventeen အဖွဲ့ဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲအဖြစ် ဇန်နဝါရီလမှာ “SEVENTEEN TOUR ‘FOLLOW’ TO ASIA” နဲ့ စတင်ခဲ့ပြီး၊ မတ်လကနေ မေလအထိ “SEVENTEEN TOUR ‘FOLLOW’ AGAIN” ၊ ဇူလိုင်လမှာ “SVT 8th FAN MEETING ‘SEVENTEEN in CARAT LAND” ၊ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ “SEVENTEEN ‘RIGHT HERE’ World Tour” ကို ကျင်းပခဲ့ပါတယ်။
Seventeen အဖွဲ့ဟာ 2024 ခုနှစ်ရဲ့ MTV Video Music Awards မှာ Best Group ဆုနဲ့ Billboard Music Awards မှာ Top K-pop Touring Artist ဆုတို့ကို ရရှိခဲ့ပါသေးတယ်။ Seventeen အဖွဲ့ဟာ 2025 မှာ သူတို့ရဲ့ 10 နှစ်ပြည့် anniversary ကို နီးကပ်လာတာကြောင့် ဖျော်ဖြေပွဲတွေ ပိုမိုပြင်ဆင်လာပါတယ်။
Seventeen အဖွဲ့ဟာ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအထိ “SEVENTEEN ‘RIGHT HERE’ WORLD TOUR IN ASIA” ကို အာရှတိုက်တစ်ဝှမ်းက နိုင်ငံအသီးသီးက အဓိကအားကစားကွင်းတွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဧပြီလမှာလဲ မက္ကဆီကိုနိုင်ငံရဲ့ အကြီးဆုံးဂီတပွဲတော်ဖြစ်တဲ့ Tecate Pa’l Norte 2025 မှာဖြစ်ပြီး ဒီဖျော်ဖြေမှုဟာ Tecate Pa’l Norte ပွဲရဲ့ ပထမဆုံး K-pop ဖျော်ဖြေမှု ဖြစ်လာမှာ ဖြစ်ပါတယ်။
#kpop #idol #seventeen #korea #myanmar #MyanGoal #entertainment #tour







Leave a Reply
You must be logged in to post a comment.