Hongdae က ဖိနပ်ဆိုင်ကောင်းလေးများ

ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝဖြတ်သန်းရမှာ ဖိနပ်ဆိုတာကလဲ ဖက်ရှင်တခုအနေနဲ့ အဝတ်အစားတွေလဲဘဲ အရေးကြီးပါတယ်။ ဒီနေ့မှာတော့ Hongdae ကိုရောက်တဲ့အခါ ဖိနပ်ဝယ်ဖို့ စဥ်စားနေရင်တော့ သွားကြညိ့သင့်တဲ့ ဖိနပ်ဆိုင်တွေကို ပြောပြလိုက်ပါတယ်။

Shoopen
နေ့စဉ် ပေါ့ပေါ့ပါးပါးစီးတဲ့ ရှူးဖိနပ်တွေကနေ လုပ်ငန်းသုံးဖိနပ်တွေအထိ Shoopen မှာ အသက်အရွယ်မရွေး အမျိုးသားနဲ့ အမျိုးသမီး ဖိနပ်များကို ဒီဆိုင်မှာ ရှာတွေ့နိုင်ပါတယ်။ Shoopen ရှိ ဖိနပ်တွေက စျေးသက်သာတဲ့အပြင် promotion တွေလဲ မကြာခဏ ရှိပါတယ်။ ဖိနပ်တွေအပြင် ဦးထုပ်များ၊ အိတ်များနှင့် မျက်မှန်များလည်း ရှိပါတယ်။

လိပ်စာ- 서울 마포구 양화로 153
(၁၅၃ Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 11:00-22:00

ABC Mart
ABC Mart ဆိုလို့ မြန်ာပြည်မှာရှိတဲ့ ABC လိုမျိုး ကုန်စုံဆိုင်လို့ ထင်ရင်မှားသွားပါမယ်။ နာမည်ကြီး Brand တွေက ဖိနပ်တွေကို ဝယ်ယူချင်ရင်တော့ ABC Mart ကို သွားရောက်သင့်ပါတယ်။ Hongdae မှာတော့ စုစုပေါင်း စတိုးဆိုင် ၄ ဆိုင်ရှိပါတယ်။ အဲ့ထဲက ၂ ဆိုင်ကတော့ ကျန်တဲ့တခြား ABC Mart များထက် နာမည်ကြီး Brand တွေရဲ့ ပစ္စည်းတွေရတဲ့ ABC Mart Grandstage (GS) ဖြစ်ပါတယ်။ ဒ့ါအပြင် ရွေးချယ်စရာ အဝတ်အစားတွေ၊ ဦးထုပ်တွေ၊ အိတ်တွေလည်း ရှိပါသေးတယ်။

ABC MART GS
လိပ်စာ- 서울 마포구 양화로 152
(152 Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 11:00-22:30

ABC Mart GS Hongdae Hongik-ro ဆိုင်ခွဲ
လိပ်စာ- 서울 마포구 홍익로5길 13
(13 Hongik-ro 5-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန်- 10:30-22:00

ABC Mart GS Hondgae ဆိုင်ခွဲ
လိပ်စာ- 서울 마포구 양화로 161 B1
(B1၊ 161 Yanghwa-ro၊ Mapo-gu၊ ဆိုးလ်)
ဆိုင်ဖွင့်ချိန်- 11:00-22:30

ABC Mart SP Hongdae လိပ်စာ- 서울 마포구 홍익로 17
(17 Hongik-ro, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန်- 10:30-22:00

SAPPUN
SAPPUN ကတော့ အွန်လိုင်းမှာ ဖိနပ်တွေကို အဓိကရောင်းချတဲ့ နာမည်ကြီး ဖိနပ်ဆိုင်တခုဖြစ်ပေမဲ့ ယခုအခါမှာတော့ Hongdae မှာရှိတဲ့ စတိုးဆိုင်မှာ လူကိုယ်တိုင် လာရောက်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ဆိုင်က မကြီးပေမယ့် အတွင်းပိုင်းကိုတော့ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားပါတယ်။ စမ်းဝတ်ကြည့်ဖို့ အမျိုးသမီးဖိနပ်မျိုးစုံလဲ ရှိပါတယ်။

လိပ်စာ- 서울 마포구 와우산로 29길 55
(55 Wausan-ro 29-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန် 12:00-21:00 (တနင်္လာနေ့မှာပိတ်ပါတယ်)

Chaakan
Chaakan ဖိနပ်တွေကတော့ ကိုရီးယားမှာ နောက်ထပ် နာမည်ကြီးတဲ့ အွန်လိုင်းဖိနပ်ဆိုင်တခုဖြစ်ပါတယ်။ အလွန်သက်သာတဲ့စျေးနှုန်းတွေနဲ့ ဖိနပ်ဒီဇိုင်းစုံရှိပါတယ်။ Hongdae ရှိ စတိုးဆိုင်ကလဲ အလွန်ရေပန်းစားပြီး အတွင်းပိုင်းကိုလဲ luxury ဆန်ဆန် ပြင်ထားပါတယ်။

လိပ်စာ- 서울 마포구 와우산로27길 56
(56 Wausan-ro 27-gil, Mapo-gu, Seoul)
ဆိုင်ဖွင့်ချိန် 12:00-22:00

#shopping #hongdae #shoes #korea #myanmar #MyanGoal


Latest