Your cart is currently empty!

ကိုရီးယားလူမျိုးတွေရဲ့ dating ပြုလုပ်တာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက် ၈ ချက်-part 2
ဒီနေ့မှာတော့ ကျန်ရှိနေသေးတဲ့ စိတ်ဝင်စားဖို့ကောင်းတယ့် dating ပြုလုပ်တာနဲ့ ပတ်သက်တဲ့ အချက်တွေကို ပြောပြပေးသွားဦးမှာမလို့ သိချင်တယ်ဆိုရင်တော့ ဆက်ပြီးဖတ်ကြည့်လိုက်ပါ။
5.Love locks ခတ်ခြင်း
နမ်ဆန်တောင်ပေါ်က Namsan Seoul မျှော်စင်နားမှာရှိတဲ့ ခြံစည်းရိုးတစ်လျှောက်မှာ ရာနဲ့ချီတဲ့ Love locks တွေအများကြီး ချိတ်ဆွဲထားပါတယ်။ နာမည်တွေ၊ ရင်တွင်းဖြစ် စကားတွေနဲ့ ရေးထားတဲ့ ဒီသော့ခလောက်တွေဟာ စုံတွဲတွေကြားမှာ ကတိသစ္စာနဲ့ ထာဝရချစ်ခြင်းကို ကိုယ်စားပြုပါတယ်။ နိုင်ငံတကာမှာလဲ တံတားတွေ ဒါမှမဟုတ် ခြံစည်းရိုးတွေမှာ Love locks ခတ်၊ သော့တွေကို လွှင့်ပစ်ပြီး ခိုင်ခံ့မြဲမြံတဲ့ အချစ်နှောင်ကြိုးတွေရရှိဖို့ ပြုလုပ်လေ့ရှိပါတယ်။ Namsan Seoul Tower ဟာလဲ ဒီလို Love locks တွေရှိတာအပြင် ရှုခင်းလဲ လှတာမလို့ စုံတွဲတွေ အကြိုက်ဆုံး နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
6.ကိုယ့်ချစ်သူကို ဘယ်တော့မှ ဖိနပ်လက်ဆောင် မပေးပါနဲ့။
တောင်ကိုးရီးယားရဲ့ ယဉ်ကျေးမှုမှာ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ချစ်ရသူကို ဖိနပ်တစ်ရံ လက်ဆောင်ပေးတာဟာ ကိုယ်ရဲ့ဝေးရာကို ပြေးသွားစေနိုင်တယ်ဆိုတဲ့ အယူသီးမှုတစ်ခုရှိပါတယ်။ ဖိနပ်အသစ်စက်စက်ဟာ တစ်စုံတစ်ယောက်ကို ပြေးဖို့ ဒါမှမဟုတ် လမ်းလျှောက်ဖို့ ပြုလုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုရီးယားမှာ ကိုယ်ချစ်ရသူကို ဖိနပ်လက်ဆောင်ပေးတာဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေး အဆုံးသတ်သွားနိုင်တယ်လို့ ယုံကြည်ထားကြပါတ်။
7.ပထမဆုံးနှင်းကျတာကို အတူတူကြည့်ခြင်း
ကိုရီးယားလူမျိုးတွေအတွက် ပထမဆုံး နှင်းကျချိန်ဟာ ရိုမန်တစ်အဆန်ဆုံး အဓိပ္ပါယ်ရှိပြီး ဒီလိုနှင်းကျချိန်မှာ ကိုယ်ဆုတောင်းတဲ့ ဆန္ဒတစ်ခုပြည့်မယ်လို့လဲ ယုံကြည်ကြပါတယ်။ စုံတွဲတွေဟာ ဒီလိုပထမဆုံးနှင်းကျချိန်ကို အတူတူ ဖြတ်သန်းဖို့ နေရာကိုလည်း အမှတ်တရဖြစ်အောင် ရွေးချယ်ကြလေ့ရှိပါတယ်။ ကိုယ့်ရဲ့ ချစ်သူနဲ့ ပထမဆုံး နှင်းကျတာကို ကြည့်ခြင်းဟာ စစ်မှန်ပြီး တည်မြဲတဲ့ချစ်ခြင်းကို ဦးတည်တည်ဆိုပြီး ဒဏ္ဍာရီတစ်ခုလဲ ရှိပါတယ်။ ဒီလိုယဥ်ကျေးမှုဓလေ့ကို Goblin နဲ့ Crash Landing on You တို့လို K-dramas တွေထဲမှာလည်း တွေ့နိုင်ပါတယ်။
8.PDA (public displays of affection) မလုပ်ပါနဲ့။
တောင်ကိုရီးယားမှာ စုံတွဲတွေအနေနဲ့ လူအများရှေ့မှာ ဆင်တူ၀တ်စားဆင်ယင်တာက သာမာန်ဖြစ်ပေမယ့်လည်း PDA လိုမျိုး လူများရှေ့မှာ ချစ်ခင်မှုကို ပြသတာမျိုးကတော့ မရပါဘူး။ အာရှနိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံလိုမျိုးပဲ လူအများရှေ့မှာ လက်ကိုင်တာလောက်က ဘာမှမဖြစ်ပေမယ့် နှုတ်ခမ်းခြင်း နမ်းတာလိုမျိုးတွေကို ပြုလုပ်လို့ မသင့်လျော်ကြောင်း ယူဆကြပါတယ်။ အထူးသဖြင့် ကိုရီးယားလူမျိုးတွေဟာ လူတွေရှေ့မှာ ချစ်ခင်မှုကို ပြသရတဲ့အခါ ရှေးရိုးဆန်လေ့ရှိကြပြီး ရုပ်ရှင်ထဲကလိုမျိုး အပြင် လက်တွေ့ဘဝမှာတော့ တကယ်မပြုလုပ်ကြပါဘူး။
#couple #dating #facts #korea #myanmar #MyanGoal






Leave a Reply
You must be logged in to post a comment.