Seongsu တွင် စျေးဝယ်ရန်နေရာကောင်းများ part 2

ဒီနေ့မှာတော့ Seongsu မှာ စျေးဝယ်လို့ ကောင်းမယ့် နေရာတွေထဲက ကျန်နေသေးတဲ့ နေရာ‌တွေကို ထပ်ပြီးတော့ ပြောပြပေးလိုက်ပါတယ်။

fwee AGIT SEONGSU | 퓌 아지트 성수
K-beauty fan တစ်ယောက်ဆိုရင်တော့ fwee ဆိုတာကို သေချာပေါက် ကြားဖူးမှာပါ။ ဒီအမှတ်တံဆိပ်ကို ပြန်လည် re-brand လုပ်ပြီးတဲ့အခါ ပိုမိုနာမည်ရလာခဲ့ပါတယ်။ fwee AGIT SEONGSU ဟုခေါ်တဲ့ ဒီဆိုင်ကို 2024 ခုနှစ် ဖေဖော်ဝါရီလမှာ ဖွင့်လှစ်ခဲ့ပြီး Lip & Cheek Blurry Pudding Pot ထုတ်ကုန်တွေကြောင့်လဲ ဆိုင်ကို ဆိုရှယ်မီဒီယာမှာ ပိုမိုလူသိများ‌စေခဲ့ပါတယ်။ ဆိုင်ကိုယ်တိုင်ကလည်း အလွန်ချစ်စရာကောင်းပြီး ကိုရီးယား အလှကုန်ပစ္စည်းတွေ ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ မဖြစ်မနေ သွားကြည့်သင့်ပါတယ်။

ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:00-21:00
လိပ်စာ- 10 Seongsui-ro 7ga-gil၊ Seongdong-gu၊ ဆိုးလ်
서울 성동구 성수이로7가길 10

Fennec | 페넥
ကိုရီးယားမှာရှိတဲ့ လူငယ်အများစုကတော့ ငွေကြေးစက္ကူထက် ပိုမိုအဆင်ပြေတဲ့ ကတ်ကိုဘဲ အသုံးပြုကြပါတယ်။ ဒီကတ်တွေကို public transportation လိုမျိုးနေရာတွေမှာ သေချာအသုံးပြုလို့ရအောင် ကတ်အိတ်တွေလဲ အသုံးများကြပါတယ်။ Fennec မှာတော့ ရိုးရိုးရှင်းရှင်းနဲ့ classic ကတ်အိတ်တွေကြောင့် လူသိများ ခေတ်မီတဲ့ ကိုရီးယားအမှတ်တံဆိပ်တခု ဖြစ်ပါတယ်။ အိတ်တွေနဲ့ ကျောပိုးအိတ်များတိုလို အခြားဆက်စပ်ပစ္စည်းတွေလဲ ဒီစတိုးမှာ ရနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:00-20:00
လိပ်စာ- 8 Yeonmujang 3-gil၊ Seongdong-gu၊ ဆိုးလ်
서울 성동구 연무장3길 8

Space Wadiz | 성수 공간 와디즈
Seongsu မှာရှိတဲ့ Space Wadiz ကတော့ အခုမှ ထုတ်ကုန်အသစ်တွေ ဖန်တီးထုတ်လုပ်တဲ့သူတွေအတွက် သူတို့ရဲ့ထုတ်ကုန်တွေကို ပြသရောင်းချလို့ရတဲ့ နေရာတခုဖြစ်ပါတယ်။ ဒါကြောင့် ဒီစတိုးဆိုင်မှာ အမျိုးမျိုးသော ကုန်ပစ္စည်းအမျိုးအစားများစွာကို တွေ့နိုင်ပါတယ်။ အလှကုန်တွေ၊ ဂိမ်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ အစားအစာတွေ၊ နည်းပညာ အသုံးအဆောင်တွေ၊ အဝတ်အစားတွေနဲ့ တခြားထုတ်ကုန်တွေကိုလဲ လိုက်ပတ် ကြည့်ရုံနဲ့တင် ပျော်စရာကောင်းပါတယ်။ ဒုတိယထပ်မှာ ကော်ဖီဆိုင်ရှိပြီး အလုပ်လုပ်လို့ကောင်းတဲ့ နေရာအနည်းငယ်ရှိပါတယ်။ တတိယထပ် ခေါင်မိုးမှာတော့ ရာသီဥတုကောင်းရင် ကော်ဖီတစ်ခွက်သောက်ပြီး အေးဆေး အနားယူလို့ ရပါတယ်။

ဆိုင်ဖွင့်ချိန်- တနင်္ဂနွေ-သောကြာ 11:00-20:00 သောကြာ-စနေ 11:00-21:00
လိပ်စာ- 서울특별시 성동구 연무장1길 7-1
7-1 Yeonmujang 1-gil၊ Seongdong-gu၊ ဆိုးလ်

MARHEN.J | 마르헨제이
Marhen.J ကတော့ လက်ကိုင်အိတ်တွေနဲ့ ပတ်သက်ပြီးတော့ လူကြိုက်များတဲ့ အမှတ်တံဆိပ်တခု ဖြစ်ပါတယ်။ ကိုရီးယားနာမည်ကြီး တော်တော်များများလဲ ဒီအမှတ်တံဆိပ် လက်ကိုင်အိတ်တွေကို အသုံးပြုကြပါတယ်။ ဒီအမှတ်တံဆိပ်မှာ Rico လက်ကိုင်အိတ်တွေက အကျော်ကြားဆုံးဖြစ်ပေမယ့်လည်း တခြားလူကြိုက်များတဲ့ ဒီဇိုင်းများစွာလည်း ရှိပါသေးတယ်။ ဆိုင်က တော်တော်ကြီးပြီး အထပ် 2 ထပ်ရှိတာမို့ အိတ်အသေးကနေ အိတ်အကြီးအထိ ရှိတာမို့ အေးဆေး စိတ်ကြိုက်‌ရွေးဝယ်လို့ ရပါတယ်။

ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:00-20:00
လိပ်စာ- 4 Yeonmujang 5-gil၊ Seongdong-gu၊ ဆိုးလ်
서울 성동구 연무장5길 4 1층~2층

Matin Kim | 마뗑킴
Matin Kim ကတော့ အဝတ်အစား၊ အိတ်၊ ဦးထုပ်၊ ပိုက်ဆံအိတ် စတာတွေကို ရောင်းချတဲ့ ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကိုရီးယားက နာမည်ကြီး တော်တော်များများ သုံးကြပါတယ်။ ထုတ်ကုန်တွေကလဲ စျေးသင့်တင့်ပြီး အရည်အသွေးကောင်းမွန်တာကြောင့် ရေပန်းစားပါတယ်။ ဒီအမှတ်တံဆိပ်က ပိုက်ဆံအိတ်တွေနဲ့ တီရှပ်တွေဟာ လူသိအများဆုံး ထုတ်ကုန်တွေ ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန်- နေ့စဉ် 11:30-20:00
လိပ်စာ- 24-33 Achasan-ro 5-gil, Seongdong-gu, Seoul
서울 성동구 아차산로5길 24-33

Seongsu Yeonbang | 성수연방
Seongsu Yeonbang မှာ လူနေမှုပုံစံစတိုးဆိုင်တွေ၊ F&B ဆိုင်တွေနဲ့ အသေးစား အမှတ်တံဆိပ်တွေအတွက် သူတို့ရဲ့ထုတ်ကုန်သစ်တွေကို ပြသလို့ရတဲ့ နေရာတခုဖြစ်ပါတယ်။ တတိယထပ်မှာ ရှိတဲ့ ‘Cheonsang Gaok’ ဟာ ကော်ဖီဆိုင်နဲ့ ဖျော်ဖြေရေးနေရာဖြစ်ပြီး ယဉ်ကျေးမှု အစီအစဉ်အမျိုးမျိုးကို လက်ခံကျင်းပပေးတာကြောင့် အပန်းဖြေအနားယူရန်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံတွေအတွက် နေရာကောင်းတခု ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန်- နေ့စဉ် 10:30-21:00
လိပ်စာ- 서울특별시 성동구 성수동2가 성수이로14길 14
14 Seongsuiro 14-gil၊ Seongsu-dong 2-ga၊ Seongdong-gu၊ ဆိုးလ်

#fashion #seongsu #clothing #korea #myanmar #MyanGoal


Latest