0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Busan က စျေးဝယ်ဖို့ အကောင်းဆုံးနေရာများ
Feb 25, 2025
—
by
Milo Kevin
in
Shopping & Promo
ဘူဆန်ရဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုကတော့ ဈေးဝယ်ဖို့ နေရာကောင်းတွေ ရှိသလို လည်ပတ်ကြည့်ရှုရင်း စားသောက်စရာတွေလဲ ပေါများပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ ဘူဆန်မြို့ရောက်တဲ့အခါမှာ စျေးဝယ်ထွက်ချင်တဲ့ သူတွေအတွက် Busan က စျေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာတွေကို ဖော်ပြလိုက်ပါတယ်။
BIFF ရင်ပြင်
BIFF Square ကတော့ ရုပ်ရှင်ရုံတွေ၊ ဖက်ရှင်ဆိုင်တွေနဲ့ ကိုရီးယား အလှကုန်ဆိုင်တွေ များစွာရှိတဲ့ ၄၂၈ မီတာရှည်တဲ့ လမ်းဖြစ်ပါတယ်။ သစ်ပင်တွေ၊ ဈေးတန်းတွေကိုလဲ ရောင်စုံမီးတွေနဲ့ အလှဆင်ထားတာကြောင့် ညဘက်တွေမှာ လမ်းမတလျှောက် လူစည်ကားလေ့ ရှိပါတယ်။ ပစ္စည်းတွေရဲ့ ဈေးနှုန်းကလဲ အတော်လေး သက်သာပေမယ့် နာမည်ကြီး စတိုးဆိုင်တွေမှာတော့ အနည်းငယ် စျေးများလေ့ရှိပါတယ်။ အထူးသဖြင့် အခါကြီးရက်ကြီးတွေမှာ BIFF Square ကို ဒေသခံလူငယ်အများစု လာရောက် ဈေးဝယ်ထွက်လေ့ရှိပါတယ်။ Jagalchi စျေးနဲ့လဲ နီးတာကြောင့် ဒီနှစ်နေရာစလုံးကို သွားရောက်လည်ပတ်ဖို့ အဆင်ပြေပါတယ်။
တည်နေရာ- 20၊ BIFF Gwangjang-ro၊ Jung-gu၊ Busan၊ တောင်ကိုရီးယား
ဖွင့်ချိန်- နေ့စဉ် နံနက် ၇ နာရီမှ ညသန်းခေါင်အထိ
Shinsegae Centum City
Shinsegae Centum City ကတော့ Busan ရဲ့ Haeundae-gu ခရိုင်ရှိ ကမ္ဘာ့အဆင့်မီ ကုန်တိုက်တစ်ခု ဖြစ်ပါတယ်။ ဘူဆန်မြို့ရဲ့ အကျော်ကြားဆုံး ဈေးဝယ်နေရာတွေထဲက တစ်ခုဖြစ်ပြီး ကိုးရီးယား တီဗီရှိုးတွေမှာလဲ မကြာခဏ ပါလေ့ရှိတာကြောင့် ဒေသခံတွေ၊ ခရီးသွားတွေနဲ့ ရင်းနှီးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Shinsegae Centum City Department Store ကတော့ ကမ္ဘာ့အကြီးဆုံး စျေးဝယ်စင်တာအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်တင် စာရင်းဝင်ထားပြီး ဖျော်ဖြေရေးရွေးချယ်စရာတွေ အစုံအလင်ရှိပြီး ရေခဲကွင်းကနေ ရုပ်ရှင်ရုံ၊ ဂေါက်ကွင်းနဲ့ spa တို့လည်း ရှိပါတယ်။ စတိုးဆိုင်တွေမှာဆိုလဲ အမျိုးသား၊ အမျိုးသမီးအ၀တ်အစားတွေ ကနေ ကလေးအဝတ်အစား အမှတ်တံဆိပ်တွေ အထိ၊ အလှကုန်ဆိုင်တွေ၊ အားကစားပစ္စည်းတွေနဲ့ တခြားအသုံးအဆောင် ပစ္စည်းတွေအထိ စုံလင်စွာ ရရှိနိုင်ပါတယ်။
တည်နေရာ- 35၊ Centum nam-daero နှင့် 15၊ Centum-4ro၊ Haeundae-gu၊ Busan
ဆိုင်ဖွင့်ချိန်- နေ့စဉ် နံနက် ၁၁ နာရီမှ ည ၈ နာရီအထိ
Lotte Duty Free ဆိုင်
Lotte Duty Free ဆိုင်ကတော့ တောင်ကိုရီးယားရှိ အဓိကဆိုင်ခွဲတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဘူဆန်မြို့လယ်ခေါင်မှာ တည်ရှိပြီး Lotte Department Store ရဲ့ အထပ် ၂ ထပ်စလုံးက Duty Free ဆိုင် ဖြစ်ပါတယ်။ စီးကရက်နဲ့ အရက်တွေကနေ အိတ်တွေ၊ အလှကုန်တွေအထိ နာမည်ကြီး အမှတ်တံဆိပ်တွေကို သက်သက်သာသာနဲ့ ဝယ်ယူနိုင်ပါတယ်။ Lotte Duty Free ဆိုင် အနီးတဝိုက်မှာလဲ ကြယ် 5 ပွင့်ဟိုတယ်၊ စားသောက်ဆိုင်တွေနဲ့ ရုပ်ရှင်ရုံတွေလဲ ရှိပါတယ်။
တည်နေရာ- 7-8th Floor, LOTTE Department Store Busan, 503-15, Bujeon-dong, Busan, South Korea
ဖွင့်ချိန် – တနင်္လာမှ ကြာသပတေးနေ့ နံနက် ၉း၃၀ မှ ၈ နာရီ၊ သောကြာ-တနင်္ဂနွေ နံနက် ၉း၃၀ မှ ၈း၃၀ နာရီ
Seomyeon မြေအောက်ဈေးဝယ်စင်တာ
Seomyeon အဝိုင်းအနီးမှာ တည်ရှိတဲ့ Seomyeon မြေအောက် စျေးဝယ်စင်တာဟာ အနီးနားမှာ ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိက ပညာရေးတက္ကသိုလ်တွေနဲ့ ဆေးရုံတွေရှိတဲ့ စီးပွားရေးဧရိယာတစ်ခုဖြစ်ပါတယ်။ ဒီစျေးဝယ်စင်တာမှာ အ၀တ်အထည်၊ အလှကုန်၊ ဖိနပ်၊ အိတ်တွေနဲ့ တခြား အသုံးအဆောင်ပစ္စည်းတွေ ရောင်းချနေတဲ့ စတိုးဆိုင်ပေါင်း 500 ကျော် ရှိပါတယ်။ ဒါကြောင့် Busan မှာ ကုန်ပစ္စည်းမျိုးစုံကို တစ်နေရာတည်းမှာ စျေးဝယ်ထွက်နိုင်တဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘတ်ဂျတ်အလိုက် စျေးသက်သက်သာသာနဲ့ ဝယ်ယူချင်သူတွေအတွက်လဲ လျှော့စျေးချပေးတဲ့ စတိုးဆိုင်တွေကိုလဲ ရှာဖွေနိုင်ပါတယ်။ Seomyeon ဧရိယာကတော့ Busan မှာ လူစည်ကားပြီး အလုပ်အများဆုံး လမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ မြေအောက်ရထားလိုင်း 1 နဲ့ 2 ဆုံရာ နေရာဖြစ်တာကြောင့် Seomyeon ကိုသွားဖို့ လွယ်ကူပါ။
တည်နေရာ- 730 Jungang-daero၊ Bujeon 1(il)-dong၊ Busanjin-gu၊ Busan၊ တောင်ကိုရီးယား
ဘူဆန်က စျေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာတွေက ဒီလောက်နဲ့ ကုန်သွားပြီ မထင်လိုက်ပါနဲ့။ ပြောပြစရာ နောက်ထပ်နေရာတွေ ကျန်နေပါသေးတယ်။ ကျန်နေသေးတဲ့ နေရာတွေကို နောက်ရက်ကျရင် ပြောပြပေးမှာမလို့ သိချင်သေးရင်တော့ Like & Follow လေးလုပ်ခဲ့ပြီး စောင့်မျှော်နေကြပါနော်။
#myangoal #shopping #korea #busan #Myanmar #placestogo #markets
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Korean variety show တွေ ကြည့်ဖူးကြလား ? part 1
Next:
iPhone 16e ကို အကြမ်းဆုံး Feature တွေပဲထည့်သွင်းထားတဲ့ Apple
→
Latest
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့…
Read more
: Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.