Korean variety show တွေ ကြည့်ဖူးကြလား ? Variety show ဆိုတာနဲ့ Korean variety show တွေကို မေ့ထားခဲ့လို့မရပါဘူး။ ကိုရီးယား culture ကို ကြိုက်ပြီး variety show တွေမကြည့်ရင်တော့ ကိုရီးယားအကြောင်း လုံးစေ့ပတ်စေ့ သိမှာမဟုတ်ပါဘူး။ မြန်မာတွေကြား Korean variety show ကို မကြည့်ဖူးတဲ့လူကလဲ မရှိသလောက်ပါဘဲ။ အကုန်အလုံးအနည်းနဲ့ အများကြည့်ကြတဲ့သူတွေပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုရီးယားနာမည်ကျော် အနုပညာရှင်တွေနဲ့ K-pop Idol အများအပြားဟာ ဂိမ်းတွေ၊ ဖျော်ဖြေပွဲတွေ ပါဝင်တဲ့ ဒီလို Korean variety show တွေမှာ မကြာခဏပါလေ့ ရှိပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေနဲ့ K-pop Idol တွေပါလို့ ကြည့်ဖြစ်ကြတဲ့ သူတွေလဲ ရှိပါတယ်။ ဒီနေ့မှာတော့ အမိုက်စား Korean variety show 8 ခုကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
1. Running Man (2010 – present) မြန်မာတွေကြားမှာ Running Man ထက် နာမည်ကြီးတဲ့ Korean variety show မရှိပါဘူး။ ဟိုးအရင် CD ချပ်တွေထဲက ကြည့်ခဲ့ဖူးတွေရော ရှိကြလား ? ဒီရှိုးမှာပါတဲ့ members တွေ သရုပ်ဆောင်ကောင်းတာကြောင့် ပရိသတ်တွေကြားမှာ ပိုမိုပန်းစားလာခဲ့ပြီး နိုင်ငံတကာ အောင်မြင်မှုတွေပါ ရရှိလာခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို Fan meeting သွားတဲ့ အခါတွေမှာဆိုလဲ တခဲနက်အားပေးမှုတွေကို တွေ့မြင်နိုင်မှာဘဲ ဖြစ်ပါတယ်။ ယခုဆိုရင်အပိုင်း 700 ကျော်လောက် ရောက်နေပြီဖြစ်ပြီး members တွေရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် အရင်တုန်းကလောက် ပြိုင်ဆိုင်မှု မပြင်းထန်တော့ပါဘူး။ ဒါပေမယ့် သူ့ဟာနဲ့သူ ဖျော်ဖြေမှုရသတော့ ပေးစွမ်းနိုင်ပါသေးတယ်။ အပိုင်းအဟောင်းတွေ ပြန်ကြည့်ချင်ရင်တော့ Jae-suk ရဲ့ ရေသေနတ်ကို အသုံးပြုခဲ့တဲ့ Yoomes-Bond အပိုင်းတွေဖြစ်တဲ့ (Episode 140၊ 449) တို့ကို ပြန်ကြည့်နိုင်ပါတယ်။
2. Busted! (2018) Running Man ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အပိုင်းတွေကို ကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ Busted ကိုကြည့်သင့်ပါတယ်။ ဒီရှိုးကို ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ Netflix Original ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရှိုးရဲ့ season 1 မှာ Running အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Yoo Jae-Suk နဲ့ Lee Kwang Soo တို့လည်း ပါဝင်ပါတယ်။ အပိုင်းတိုင်းမှာလဲ နာမည်ကြီးအနုပညာရှင်တွေက ဧည့်သည်တော်တွေအဖြစ် ပါဝင်ပါတယ်။ အပိုင်းတစ်ခုစီတိုင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပဟေဋ္ဌိတွေကို ဖြေရှင်းဖို့ သဲလွန်စအမျိုးမျိုးကို လိုက်လံရှာဖွေ ဖော်ထုတ်ရတာဘဲ ဖြစ်ပါတယ်။
3. I Live Alone (2013 – present) ရှိစဉ် ပဟေဠိဆန်တဲ့ ရှိုးပွဲတွေကို မကြည့်ချင်ဘဲ အိမ်မှာတစ်ယောက်တည်း အေးအေးဆေး ကြည့်ချင်ရင်တော့ I Live Alone ကိုတော့ ကြည့်ကြည့်လိုက်ပါ။ ဒီအစီအစဉ်မှာ single အနုပညာရှင်တွေ အိမ်မှာ တကိုယ်ရည်နေထိုင်ပုံကြကို ကြည့်ရှုသူတွေကို ပြသတာဖြစ်ပါတယ်။ ထင်ရှားကျော်ကြားအနုပညာရှင်တွေရဲ့ တစ်ကိုယ်ရေနေထိုင်မှုတွေဟာ သာမန်လူတွေရဲ့ single life ပုံစံတွေနဲ့ ဆက်စပ်နေတာကြောင့် ဒီရှိုးဟာ တောင်ကိုရီးယားမှာ တဖြည်းရေပန်းစားလာခဲ့ပါတယ်။ ဒီရှိုးမှာ မကြာခဏပါလေ့ရှိတဲ့ ဧည့်သည်အချို့ကတော့ ဟာသသရုပ်ဆောင်နဲ့ ရှိုးပွဲစီစဉ်သူ Park Na-Rae၊ Manhwa အနုပညာရှင် Kian84၊ မင်းသား Lee Si-eon၊ အဆိုတော် Hwasa နဲ့ အဆိုတော် Son Dam-bi တို့ ပါဝင်ပါတယ်။
4. We Got Married (2008 – 2017) Single ဖြစ်ပြီး လက်ထပ်ဖို့၊ ကောင်မလေး/ကောင်လေးရဖို့ အိပ်မက်မက်နေတဲ့သူတွေ ရှိကြလား ? ရှိတယ်ဆိုရင်တော့ We Got Married ကို ကြည့်ကြည့်ပါ။ 2008 ခုနှစ်ကနေ 2017 ခုနှစ်အထိ MBC ကနေ ထုတ်လွှင့်ခဲ့တဲ့ ဒီရှိုးဟာ နာမည်ကြီးအနုပညာရှင်တွေကို ဇနီးမယားအဖြစ် တွဲဘက်သရုပ်ဆောင်ခိုင်းပြီး challenges တွေကို အတူဖြေရှင်းရတာဘဲ ဖြစ်ပါတယ်။
ကြည့်သင့်တဲ့အပိုင်းတွေကတေ Season 2 ရဲ့ Chuseok Special (Episode 40) အဖြစ် Brown Eyed Girls အဖွဲ့က Gain နဲ့ 2AM က Jo Kwon တို့က နဲ့ စုံတွဲအသစ်အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းဟာ Season 2 ရဲ့ ကြည့်ရှုမှုအများဆုံး အပိုင်းလဲဖြစ်ပါတယ်။
Leave a Reply
You must be logged in to post a comment.