0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 1 / tips for K-pop concert
Mar 9, 2025
—
by
Milo Kevin
in
Entertainment
K-pop ပရိသတ် အားလုံးကို လက်တို့လိုက်ပါတယ် ။ ကိုရီးယားမှာ K-pop ဖျော်ဖြေပွဲ သွားရတာဘယ်လိုမျိုးလဲ သိချင်ကြလား ? YouTube ကနေ fan-cams တွေ ကြည့်ရှုနဲ့ အားမရလို့ ကိုယ်တိုင်သွားချင်နေကြပြီလား။ K-pop concerts တွေကို သွားမယ်လို့ စိတ်ကူးရှိရင် အခုပြောပြသွားမယ့်အချက်တွေကို ပြင်ဆင်ထားဖို့ မမေ့ပါနဲ့။ ဒါကြောင့် ကိုရီးယားက K-pop ဖျော်ဖြေပွဲတွေ သွားတဲ့အခါ အထောက်အကူဖြစ်စေမယ့် အချက် ၈ ချက်ကို ပြောပြပေးလိုက်ပါတယ်။
1. Online ticketing
ကိုရီးယားနိုင်ငံမှာ K-pop ဖျော်ဖြေပွဲတွေအတွက် အဓိကလက်မှတ်ရောင်းချတဲ့ စနစ်ကတော့ Yes24 ဒါမှမဟုတ် Interpark ကနေတဆင့် online မှာ ဝယ်ယူကြတာဘဲ ဖြစ်ပါတယ်။ လက်မှတ်ရောင်းချတဲ့နေ့မှာ ဝယ်ယူသူတွေ အရမ်းများလေ့ရှိတာကြောင့် လိုင်းကျတက်တာတွေ ကြုံနိုင်ပြီး အခက်အခဲ တစ်စုံတစ်ရာမဖြစ်စေဖို့ အကောင့်ကို ကြိုတင်ပြုလုပ်ထားဖို့ အကြံပြုပါတယ်။ K-pop ဖျော်ဖြေပွဲတွေအတွက် လက်မှတ်ဝယ်တဲ့အခါ ကိုယ့်ရဲ့နာမည်အစစ်အမှန်ကိုသာ အသုံးပြုသင့်ပြီး လက်မှတ်လိမ်ရောင်းတာတွေ မကြုံရအောင် resell tickets တွေကိုလဲ မဝယ်ဖို့ အကြံပါတယ်။
2.Tickets တွေ ဝယ်တဲ့အခါ ဒီအချက်တွေကိုလဲ မမေ့ပါနဲ့ ။
online ပေါ်မှာ လက်မှတ်ဝယ်တဲ့အခါ fan club websites တွေအပါအဝင် websites အများအပြားဟာ ကိုးရီးယားဘာသာစကားကို အသုံးပြုတာကြောင့် အခြေခံ ကိုရီးယားစာ တတ်ထားဖို့ လိုအပ်ပါတယ်။ ကိုရီးယားနိုင်ငံမှာ ကျောင်းတက်နေတဲ့သူတွေဆို အဆင်ပြေပေမယ့် မြန်မာနိုင်ငံကနေ ဝယ်မယ့်သူ၊ reading ပိုင်း အားနည်းသူတွေကတော့ သေချာလေး ဂရုစိုက်ဝယ်ဖို့ အကြုံပြုပါတယ်။ ဒါ့အပြင် K-pop ဖျော်ဖြေပွဲတွေ ကျင်းပမယ့် ရက်စွဲကို သေချာလေးမှတ်သားထားဖို့ လိုအပ်ပြီး တချို့ဖျော်ဖြေပွဲတွေဟာ ညနေပိုင်းကနေ စတင်ပြီး တရားဝင်ရောင်းချလေ့ရှိတာကြောင့် လက်မှတ်ရောင်းချတဲ့ အချိန်ကို သေချာစစ်ဆေးဖို့ မမေ့ပါနဲ့။ တရားဝင် လက်မှတ်ရောင်းချတဲ့ အချိန်မရောက်ခင် website ထဲကို အနည်းဆုံး 15 မိနစ်အလိုလောက်ကထဲက ဝင်ထားပါ။ ဒါ့မှဝယ်တဲ့သူတွေ အရမ်းများနေတဲ့အချိန် ကိုယ်လဲလုဝယ်နိုင်မှာ ဖြစ်ပါတယ်။
3. Light stick ဝယ်ဖို့လဲ မမေ့ပါနဲ့။
K-pop fan တွေအနေနဲ့ ကိုယ်အားပေးတဲ့ K-pop idols or groups တွေရဲ့ light stick တွေကိုလဲ ကြိုတင်ပြီး ဝယ်ထားဖို့ အကြံပြုပါတယ်။ Light stick တွေ ဝယ်မယ်ဆိုလဲ K-pop idols or groups တွေရဲ့ သက်ဆိုင်ရာ official merchandise store တွေ၊ websites တွေကနေ ဝယ်ယူနိုင်ပါတယ်။
Light stick တွေကိုလည်း ပွဲစတဲ့နေ့မှာလဲ ရောင်းချပေးလေ့ရှိပါတယ်။ ဒါပေမယ့် အရေအတွက် အကန့်အသတ်နဲ့သာ ရောင်းချလေ့ရှိတာကြောင့် ဝယ်တဲ့လူအရမ်းများပြီး အကုန်မြန်ပါတယ်။ ဒါကြောင့် ပွဲစတဲ့နေ့မှ ဝယ်မယ်ဆိုရင် အရောင်းဆိုင်ဖွင့်တာနဲ့ အမြန်ဆုံးသွားဝယ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးတိုးဝှေ့မဝယ်ချင်ရင်တော့ ကြိုတင်ပြီး ဝယ်ထားသင့်ပါတယ်။
4. Light stick ကို Bluetooth ကနေတစ်ဆင့် ချိတ်ဆက်ပါ။
ယခုအခါ light stick တွေကို ပရိတ်သတ်တွေကြားထဲမှာ ဝှေ့ယမ်းရုံသာမက အမှတ်တရပစ္စည်းအဖြစ် စုဆောင်းလာကြပါသေးတယ်။ ဒါ့အပြင် နည်းပညာတိုးတက်လားတဲ့နဲ့အမျှ မတူညီတဲ့ ဖျော်ဖြေပွဲအပြင်အဆင်တွေအတိုင်း လိုက်ပြောင်းလဲပေးနိုင်မယ့် Light stick ဝွေလဲ ရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် light stick ရပြီးပြီဆိုရင် သက်ဆိုင်ရာ app ကို download လုပ်ပြီး Bluetooth ကနေတဆင့် ချိတ်ဆက်ဖို့ လိုအပ်ပါတယ်။ ချိတ်ဆက်ပြီးပြီဆိုရင်တော့ ဖျော်ဖြေပွဲနေ့မှာ stage က မီးရောင်စုံအပြင်အဆင်အတိုင်း လိုက်ပြောင်းလဲပေးနေမှာဘဲ ဖြစ်ပါတယ်။
နောက်ထပ်ပြင်ဆင်ထားရမယ့် အချက် 4 ချက်ကိုလဲ နောက်ရက်ကျတင်ဆက်ပေးမှာမလို့ သိချင်သေးတယ်ဆိုရင်တော့ စောင့်မျှော်နေကြပါနော်။
#myanmar #korea #entertainment #kpop #concerts #myangoal #tips
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
How to use Niacinamide products ?
Next:
iOS 19 မကြာခင် မိတ်ဆက်တော့ မယ့် Apple
→
Latest
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့…
Read more
: Samsung ရဲ့ One UI 5.1 ဗားရှင်းနဲ့ အထက်မှာ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခု
Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
ဗီဒီယိုတည်းဖြတ်သူတွေနဲ့ Content Creator တွေအတွက် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ နည်းပညာလောကရဲ့ ထိပ်သီး Apple…
Read more
: Apple ဟာ Color Grading ပိုင်းမှာ နာမည်ကျော်ကြားတဲ့ Web-based Tool တစ်ခုဖြစ်တဲ့ Color.io ကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံဟာ တကယ်တော့ လက်တွေ့ဆန်တဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်တည်လာခဲ့တာပါ။…
Read more
: Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo ဖြစ်ပေါ်လာပုံ
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့ Android ရဲ့ Developer Menu…
Read more
: Android ဖုန်း ဒါမှမဟုတ် Tablet တွေကို ပိုမိုမြန်ဆန်လာစေဖို့
Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပါပြီ
Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပြီး ဒီ Update ရဲ့…
Read more
: Apple ကနေ မနေ့ကပဲ iOS 26.5 ကို တရားဝင်ထုတ်ပေးလိုက်ပါပြီ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.