0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Sensitive Skin အတွက် အကောင်းဆုံး Korean Moisturizer 10 မျိုး
Mar 10, 2025
—
by
Milo Kevin
in
Shopping & Promo
Sensitive Skin ရှိတာမလို့ Moisturizer သုံးဖို့ဝယ်ရတဲ့ အခါမှာ စဥ်းစားရခက်နေပါသလား ? ဒါဆိုရင်တော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ Sensitive Skin အတွက် အကောင်းဆုံး Korean Moisturizer 10 မျိုးကို ပြောပြပေးမှာမလို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆက်ပြီးဖတ်ကြည့်ကြည့် လိုက်ပါနော်။
1.Pyunkang Yul Nutrition Cream
ဒီအစွမ်းထက်တဲ့ moisturizer ဟာ ခြောက်သွေ့ကြမ်းတမ်းပြီး မွဲခြောက်နေတဲ့ အသားအရေပိုင်ရှင်တွေအတွက် အရေပြားကို ရေဓာတ်နဲ့ အာဟာရကို ဖြည့်ဆည်းပေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ အမွှေးအကြိုင်တွေ ဒါမှမဟုတ် တခြားအန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေမပါဘဲ EWG-ဘေးကင်းတဲ့ ပါဝင်ပစ္စည်းတွေကနေ သီးသန့် ထုတ်လုပ်ထားတာကြောင့် sensitive အသားအရေ အပါအဝင် အရေပြားအမျိုးအစား အားလုံးအတွက် အထူးကောင်းမွန်ပါတယ်။ အစွမ်းထက်ပြီး အိုမင်းရင့်ရော်မှုကို ဆန့်ကျင်ပေးတဲ့ ပေါင်းစပ်ပါဝင်ပစ္စည်းအဖြစ် milk vetch root extract ပါဝင်ပြီး နူးညံတဲ့ texture ကြောင့် အရေပြားအတွင်းထဲထိ နက်ရှိုင်းစွာအာဟာရဖြည့်တင်းပေးပါတယ်။
2.Etude House SoonJung 2x Barrier Intensive Cream
ဒီ cream ရဲ့ 93% ဟာ သဘာဝအတိုင်းရရှိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး၊ ယားယံတတ်တဲ့ အသားအရေကို သက်သာစေဖို့ panthenol နဲ့ madecassoside ပါ၀င်ပြီး shea butter နဲ့ oil complex တို့က အသားအရေကို ချောမွေ့နူးညံ့စေပါတယ်။
3.Benton Aloe Propolis Soothing Gel
ဒီgel ကိုတော့ အသားအရေ အမျိုးအစားအားလုံးအတွက် ရေဓာတ်ပြန်လည်ဖြည့်တင်းနိုင်တဲ့ ဖော်မြူလာကို အသုံးပြုထားပါတယ်။ ရှားစောင်းလက်ပတ် 80% ပါဝင်ပြီး ယားယံတတ်တဲ့အသားအရေကို သက်သာစေဖို့ polysaccharides နဲ့ 10% bee propolis extract ကြောင့်လဲ သဘာဝအတိုင်း ဘက်တီးရီးယားတွေကို တိုက်ထုပေးပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့အပြင် ဝက်ခြံအမာရွတ်တွေကိုလဲ ပျောက်ကင်းစေပါတယ်။
4.Urang Rose Ceramide Cream
ခြောက်သွေ့တတ်ပြီး sensitive ဖြစ်တတ်တဲ့ အသားအရေတွေအတွက် ဒီ moisturizer ကို အထူးဖော်မြူလာနဲ့ ထုတ်လုပ်ထားပါတယ်။ ဒီဖော်မြူလာမှာ နှင်းဆီရေ၊ နှင်းဆီအဆီနဲ့ ceramics တို့ကို ရောစပ်ထားတာကြောင့် အရေပြားရဲ့ ခံနိုင်ရည်အားကို ပိုမိုကောင်းစေပြီး အသားအရေညစ်ညမ်းမှုနဲ့ ပြင်ပက အညစ်အကြေးတို့ကို protein barrier နဲ့ ကာကွယ်ပေးထားပါတယ်။
5.Cosrx Ultimate Nourishing Rice Overnight Spa Mask
ဒီ 3-in-1 မျက်နှာလိမ်း cream ကို Sleeping Mask၊ wash-off mask ဒါမှမဟုတ် နေ့စဉ်သုံး cream အဖြစ် အသုံးပြုနိုင်ပါတယ်။ rice extract 65% ကျော်၊ niaciamide (ဗီတာမင် B3) နဲ့ တခြား သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ထားတာကြောင့် အသားအရေကို တောက်ပစေပြီး ရေဓာတ်ဖြည့်တင်းပေးတဲ့အပြင် အရေပြားနီမြန်းတာ၊ ဝက်ခြံအစက်အပြောက်တွေနဲ့ ယားယံတာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အသားအရေ အမျိုးအစားအားလုံးအတွက် သင့်လျော်တဲ့ vegan ထုတ်ကုန်တစ်ခုလဲ ဖြစ်ပါတယ်။
ကျန်နေသေးတဲ့ Moisturizer 5 မျိုးကိုတော့ နောက်ရက်ကျရင် တင်ဆက်ပေးမှာမလို့ စောင့်မျှော်နေကြပါနော်။
#myangoal #cosmetics #shopping #SkinCare #korea #Myanmar #SensitiveSkin
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
iOS 19 မကြာခင် မိတ်ဆက်တော့ မယ့် Apple
Next:
Jjigae ဆိုတာဘာလဲ ?
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.