0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Jjigae ဆိုတာဘာလဲ ?
Mar 10, 2025
—
by
Milo Kevin
in
Food & Drinks
ဒီနောက်ပိုင်းကာလတွေမှာ ကိုရီးယားအစားအစာတွေဟာ တစ်ကမ္ဘာလုံးအနှံ့ ရေပန်းစားလားပြီး ကိုရီးယားခေါက်ဆွဲပြုတ်တွေ (Ramyeon), ကိုရီးယား barbecues တွေအပြင် Kimbaps, Bibimbap, Tteokbokki, Fish Cake တွေလဲ လူကြိုက်အများဆုံးနဲ့ အစားများလာကြပါတယ်။ ဒါ့အပြင် Jjigae လို့ခေါ်တဲ့ ဟင်းလျာတစ်မျိုးလဲ အစားများလာကြသလို နာမည်လဲ ကြီးလာကြပါတယ်။ ဒီအစားအစာကတော့ မိုးရာသီ ဒါမှမဟုတ် ဆောင်းရာသီလိုမျိုး အုံ့မှိုင်းမှိုင်းနဲ့ ရာသီဥတုအေးတဲ့အချိန်မှာ စားလို့အကောင်းဆုံး ဖြစ်ပါတယ်။ အဲ့ဒီ့အစားအစာကတော့ Jjigae ဘဲ ဖြစ်ပါတယ်။
Jjigae ဆိုတာဘာလဲ ?
Jjigae (찌개) ကို ဘာသာပြန်မယ်ဆိုရင်တော့ စွပ်ပြုတ်(stew) လို့ အဓိပ္ပာယ်ရပါတယ်။ jjigae အမျိုးအစားပေါင်းများစွာရှိပြီး အခြေခံအနေနဲ့ gochujang ၊ doenjang ၊ ganjang ၊ ဒါမှမဟုတ် saeujeot ဟင်းရည်နှစ်တွေနဲ့ ပြုလုပ်ထားကြတာ ဖြစ်ပါတယ်။ Jjigae ကတော့ ဟင်းချို (gguk) ထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီး အမျိုးအစား ကွဲပြားသွားကြတာဖြစ်ပါတယ်။
Jjigae အမျိုးအစားတွေကို နာမည်ပေးတဲ့ အခါမှာလဲ သူတို့မှာပါတဲ့ အဓိကပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီး နာမည်ပေးထားလေ့ရှိပါတယ်။ Sundubu Jjigaeဆိုလဲ တို့ဟူးပါဝင်တာကြောင့်ဖြစ်ပြီး Doenjang Jjigae နဲ့ Kimchi Jjigae မှာလဲ doenjang လို့ခေါ်တဲ့ ပဲပိစပ်အနှစ်နဲ့ ကင်မ်ချီပါဝင်တာကြောင့် ဖြစ်ပါတယ်။
Jjigae မှာ အဓိကအနေနဲ့ ပါဝင်တာကတော့ ဟင်းသီးဟင်းရွက်တွေ၊ တို့ဟူးတွေ၊ ငါး ဒါမှမဟုတ် အသားတွေ ဖြစ်ပါတယ်။ ကိုရီးယားမှာ jjigae စားတဲ့အခါ တစ်ဦးချင်းစားတာထက် မိသားစုလိုက် တစ်အိုးထဲ စားကြတာဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာတော့ jjigae ကို တစ်ကိုယ်စာ စားဖို့အတွက် မှာလို့ရပါတယ်။ BBQ ဆိုင်အများစုမှာ ထမင်းနဲ့ တွဲဘက်ပြီး jjigae ကို အရည်သောက်အဖြစ် ပေးပါသေးတယ်။
ကိုရီးယားထမင်းဝိုင်းတွေမှာလဲ jjigae ကတော့ မပါမဖြစ် ဟင်းလျာဖြစ်ပါတယ်။ Joseon မင်းဆက် ကာလတုန်းက Jochi လို့လူသိများခဲ့ပြီး ဘုရင်ရဲ့ surasang (တော်ဝင်ဟင်းလျာပွဲတော်) မှာ jjigae အမျိုးအစားနှစ်မျိုးကတော့ အမြဲတမ်းပါဝင်နေရမှာ ဖြစ်ပါတယ်။
နောက်ရက်တွေကျရင် Jjigae အမျိုးအစားပေါင်း များစွာရှိတဲ့အထဲက အကျော်ကြားဆုံးနဲ့ အရသာအရှိဆုံး jjigae (ကိုရီးယားစွပ်ပြုတ်) တစ်ချို့ကို ပြောပြပေးမှာမလို့ ဘယ်လို Jjigae အမျိုးအစားတွေလဲ သိချင်ရင်တော့ စောင့်မျှော်နေကြပါနော်။
#jjigae #food #korea #myanmar #myangoal #dish #traditionalfood
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Sensitive Skin အတွက် အကောင်းဆုံး Korean Moisturizer 10 မျိုး
Next:
How to Take Care of Sensitive Skin?
→
Latest
တရုတ်ဈေးကွက်ကို စိုးမိုးထားဆဲ iPhone 17 Series
ပိုကောင်းပေမယ့် ပိုမရောင်းရတဲ့ Android Ultra တွေနဲ့ တရုတ်ဈေးကွက်ကို စိုးမိုးထားဆဲ iPhone 17 Series…
Read more
: တရုတ်ဈေးကွက်ကို စိုးမိုးထားဆဲ iPhone 17 Series
Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ်
Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ် ဒီရက်ပိုင်း…
Read more
: Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ်
Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ
Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ Apple က…
Read more
: Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ
Advance levelအထိ ကိုရီးယားဘာသာစကားကို လေ့လာသွားလို့ရမယ့် website များ
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Edu ကနေပြီးတော့ ကိုရီးယားဘာသာစကားကို လေ့လာနေ တဲ့သူတွေအတွက် Advanced…
Read more
: Advance levelအထိ ကိုရီးယားဘာသာစကားကို လေ့လာသွားလို့ရမယ့် website များ
တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ
တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ Apple ဟာ…
Read more
: တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.