0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
How to Take Care of Sensitive Skin?
Mar 11, 2025
—
by
Milo Kevin
in
Shopping & Promo
Sensitive အသားအရေတွေကို မထိခိုက်စေမယ့် ပြီးပြည့်စုံစေမယ့် အသားအရေ ထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ Beauty Tips အနေနဲ့ Sensitive အသားအရေရှိတဲ့ သူတွေအတွက် အရေပြားကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲ ဆိုတာကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
Sensitive အရေပြားတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ ?
Sensitive အသားအရေတွေအနေနဲ့ အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေကို ရာသီဥတု၊ တချို့အလှကုန်ထုတ်ကုန်တွေနဲ့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုမျိုးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒီလိုမျိုးကြုံတွေရတဲ့အခါ အရေပြားမှာ အနီကွက်တွေ၊ အင်ပျဉ်ထတာ၊ ယားယံတာ၊ နီမြန်းတာ ဒါမှမဟုတ် သွေးကြောတွေ နီရဲလာခြင်းတို့လိုမျိုးတွေ ပိုမိုဖြစ်လွယ်တာ ဖြစ်ပါတယ်။ အရေပြားရောဂါ ဒါမှမဟုတ် နှင်းခူ၊ ဓါတ်မတည့်တဲ့ အရေပြားရောင်ရမ်းခြင်း၊ တင်းတိပ်တွေလဲ ဖြစ်တတ်ကြပါတယ်။
ထိခိုက်လွယ်တဲ့ အသားအရေရှိရင် ဘာတွေကို ရှောင်ရမလဲ ?
အရေပြားရောဂါတွေ အဖြစ်များစေတဲ့ ပါဝင်ပစ္စည်းတွေကတော့ အမွှေးနံ့သာတွေ ဒါမှမဟုတ် ဆိုးဆေးတွေ၊ sulfates၊ parabens နဲ့ တခြားပြင်းထန်တဲ့ ဓာတုပစ္စည်းတွေကြောင့် ဖြစ်ပြီး သာမန်အသားအရေတွေထက် အရေပြားထိခိုက်လွယ်မှုနဲ့ ဓာတ်မတည့်မှုတွေကို ပိုမိုခံစားရစေပါတယ်။
Sensitive skin ကို ဘယ်လို ဂရုစိုက်ရမလဲ ?
လက်ဖက်စိမ်း၊ ခရု mucin၊ centella asiatica၊ ရှားစောင်းလက်ပတ်နဲ့ propolis တွေဟာ အရေပြားရောင်ရမ်းမှုကို သက်သာစေခြင်း၊ အနာကျက်မြန်စေခြင်းစတဲ့ ဂုဏ်သတ္တိတွေရှိတာကြောင့် hypoallergenic၊ အမွှေးအနံ့တွေကင်းတဲ့ အသားအရေထိန်းပစ္စည်းတွေကို ရွေးချယ်အသုံးပြုသင့်ပါ။
Sensitive အသားအရေဟာ အရေပြားရောဂါတွေ ခံစားနေချိန်မှာ ညင်သာစွာ ကုသပေးနိုင်တဲ့ အလှကုန်ပစ္စည်းတွေ လိုအပ်သောကြောင့်၊ ဓာတုပစ္စည်းနည်းပါးပြီး သဘာဝပစ္စည်းတွေပါတဲ့ အလှကုန်ပစ္စည်းတွေကို ရှာဖွေသင့်ပါတယ်။
Sensitive အသားအရေအတွက် patch test ကို ဘယ်လိုလုပ်မလဲ ?
ကောင်းမွန်တဲ့ skin patch test က ထုတ်ကုန်တစ်ခုအပေါ် ကို့ရဲ့ ဓါတ်မတည့်တာတွေနဲ့ တုံ့ပြန်မှုတွေကို စစ်ဆေးနိုင်ပြီး ကိုယ့်အသားအရေနဲ့ သင့်လျော်မှုရှိမရှိကို စစ်ဆေးနိုင်ပါတယ်။
ထုတ်ကုန်တစ်ခုရဲ့ နမူနာအရွယ်အစားကို ဦးစွာစမ်းသုံးကြည့်ပြီး ဒီထုတ်ကုန်တွေကို မေးရိုး၊ လည်ပင်းနား ဒါမှမဟုတ် နားနောက်ဘက်တို့လို နေရာတွေအနီးမှာ အနည်းငယ်ပွတ်လိမ်းကြည့်ပေးပါ။
ပိုမိုကောင်းမွန်သောရလဒ်ရရှိစေဖို့ နာရီအနည်းငယ် ဒါမှမဟုတ် 24 နာရီစောင့်ပြီး နီမြန်းတာတွေ ဒါမှမဟုတ် အရေပြားယားယံတတ်တဲ့ လက္ခဏာတွေကို ရှာဖွေကြည့်ပါ။ ဓါတ်မတည့်မှု လက္ခဏာတွေကို မခံစားရရင်တော့ နေ့စဥ် အသားအရေ ထိန်းသိမ်းမှုတွေမှာ အသုံးပြုဖို့စိတ်ချရပါတယ်။
#myangoal #cosmetics #shopping #korea #skincare #Myanmar #SensitiveSkin #greentea
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Jjigae ဆိုတာဘာလဲ ?
Next:
ဖုန်းအသစ်ကိုင်ဖို့ အရင်လို စျေးအများကြီးပေးဝယ်စရာမလိုတော့ပါဘူး
→
Latest
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည် စမတ်ဖုန်းတွေကို လက်ကနေ ကိုင်သုံးနေရတဲ့ ခေတ်ကနေ…
Read more
: Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ် Facebook ပေါ်မှာ သူများရဲ့ MyDay…
Read more
: Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO (အမျိုးအမည်မသိ ပျံသန်းရေးယာဉ်) ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့…
Read more
: အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံ (ဘတ် ၈၄၂…
Read more
: ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.