0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
နွေရာသီအတွက် အမိုက်စား activities များ
Mar 16, 2025
—
by
Milo Kevin
in
Things to do (events)
နွေရာသီရောက်ပြီဆိုရင်တော့ ကိုရီးယားမှာ နေပူဒဏ်ကို တတ်နိုင်သမျှ သက်သာစေဖို့ ခရီးထွက်ကြတာတွေ ရှိသလို ရေပန်းစားတဲ့ activities တွေလဲ မျိုးစုံရှိပါတယ်။ ဒါကြောင့် နွေရာသီရောက်တဲ့အချိန်မှာ ဘယ်လို အမိုက်စား activities တွေ ရှိလဲသိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
1. Kayaking နဲ့ Water Sports များ
ကိုရီးယားနိုင်ငံရောက်ရင်တော့ ဟန်မြစ်ကို မသွားဖူးတဲ့သူ မရှိလောက်ဘူးထင်ပါတယ်။ မြန်မာတွေကြားမှာလဲ romantic အဆန်နေရာ၊ အပန်းဖြေလို့ကောင်းတဲ့ နေရာအဖြစ်လည်း သွားကြလေ့ရှိပါတယ်။ ကိုရီးယားနိုင်ငံအတွင်းက အရှည်ဆုံးမြစ်တွေထဲက တစ်ခုဖြစ်ပြီး ဟန်မြစ်မှာ ကယပ်လှေစီးကြည့်တာ အမိုက်ဆုံး activity တစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် ဟန်မြစ်မှာ ရွက်လှေစီးခြင်း၊ လှိုင်းစီးဘုတ်စီးခြင်း၊ ရေလွှာလျှောစီးခြင်း၊ Parasailing စီးခြင်း၊ လှိုင်းစီးခြင်းစတဲ့ activities တွေကို ပြုလုပ်နိုင်ပါသေးတယ်။ Jamwon Hangang Park (잠원한강공원) မှာ ရွက်လှေစီးလို့ကောင်းပြီး Ttukseom Hangang Park 뚝섬한강공원, Mangwon Hangang Park 망원 한강공원 မှာ ဆိုရင်လဲskiing၊ wakeboarding နဲ့ windsurfing တွေ စီးလို့ကောင်းပါတယ်။ ရေမကူးတတ်တဲ့သူတွေကိုတော့ သတိထားဖို့ အကြံပေးပါတယ်။ Life jacket တွေ ဝတ်ရပေမယ့်လည်း ရေကူးတတ်ထားရင် အန္တရယ်အကင်းဆုံး ဖြစ်ပါတယ်။
2. စက်ဘီးစီးခြင်း
စက်ဘီးစီးပြီးတော့လည်း ကိုရီးယားနိုင်ငံတစ်ဝှမ်းက အကောင်းဆုံးရှုခင်းတွေကို ကြည့်ရှုနိုင်ပြီး စက်ဘီးစီးဖို့အတွက်လည်း လမ်းကြောင်းသီးသန့်ပြုလုပ်ထားပေးပါတယ်။ ဆိုးလ်မှာလဲ ဒီလိုမျိုးအမိုက်စား စက်ဘီးလမ်းကြောင်းတွေရှိပြီး Nanji Hangang Park (난지한강공원)၊ Seoul Forest နဲ့ Yeuido Park (여의도공원) တွေဟာ စီးလို့အကောင်းဆုံးနဲ့ ရှုခင်းအကောင်းဆုံး နေရာတွေ ဖြစ်ပါတယ်။ ကိုယ့်မှာ စက်ဘီးမရှိရင်လည်း စက်ဘီးငှားလို့ရတဲ့ နေရာတွေလည်း အများကြီး ရှိပါတယ်။
3. တောင်တက်ခြင်း
ဆိုးလ်မှာ နွေရာသီရောက်ရင် အကောင်းဆုံး activities တွေထဲက တစ်ခုကတော့ တောင်တက်တာပဲ ဖြစ်ပါတယ်။ ဆိုးလ်မြို့ဟာ တောင်တန်းတွေ အပြည့်နဲ့ စိမ်းစိုနေတာကြောင့် တောင်ပေါ်တက်ပြီး တစ်မြို့လုံးရဲ့ ရှုခင်းကို ကြည့်ဖို့ အကောင်းဆုံးချိန်ဖြစ်ပါတယ်။ တောင်တက်ခြင်းဟာလဲ ကိုရီးယားယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတခုဖြစ်လာပါတယ်။ အသက်အရွယ်မရွေး တောင်တက်ကြလေ့ရှိပေမယ့် တောင်ကိုရီးယားမှာ မတူကွဲပြားတဲ့ တောင်တန်းတွေရှိပြီး ဒီတောင်တွေရဲ့ ပထဝီဝင်အနေအထားပေါ် မူတည်ပြီး ရေပန်းစားပါတယ်။
4. ကျောက်နံရံတုတက်ခြင်း။
တောင်တက်ခြင်း နဲ့ ကျောက်ဆောင်တက်ခြင်းတွေဟာ ကိုရီးယားမှာ ပိုပြီးရေပန်းစားလာခဲ့တာကြောင့် လူလုပ်ကျောက်ဆောင်နံရံတု ပြုလုပ်ထားပြီး လေ့ကျင့်လို့ရပါသေးတယ်။ တကယ့်ကျောက်ဆောင်နံရံတွေ (rock climbing) မတက်သေးပဲ လေ့ကျင့်ချင်လို့ဖြစ်ဖြစ်၊ အပျင်းပြေ ကျောက်ဆောင်တက်ကြည့်ချင်ရင်တော့ အထောက်အကူပစ္စည်း အစုံအလင်နဲ့ တက်ရတဲ့ Bouldering က အကောင်းဆုံး ဖြစ်ပါတယ်။
5. Bungee Jumping
ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ activity ဆိုရင်တော့ Bungee Jumping ရှိပါသေးတယ်။ Bundang (분당구) မှာရှိတဲ့ Yuldong Park (율동공원) မှာ 45 မီတာအမြင့်ရှိတဲ့ Bungee Jumping ရှိပါတယ်။ တစ်နှစ်ပတ်လုံး ဖွင့်ထားတာကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့အချိန် သွားနိုင်ပါတယ်။ ဒါ့အပြင် Yuldong Park (율동공원) မှာ 13 မီတာအမြင့်ရှိတဲ့ ကျောက်ဆောင်ရှိပြီး rock climbing တက်လို့ရတာကြောင့် တစ်ရက်တည်းမှာ rock climbing နဲ့ bungee Jumping နှစ်ခုစလုံး ပြုလုပ်နိုင်ပါတယ်။
#summer #activities #korea #myanmar #myangoal #thingstodo
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
ယောကျာ်းလေးတွေ ဘာကြောင့် မျက်နှာသစ်ဆပ်ပြာတွေ သုံးသင့်လဲ ?
Next:
Galaxy Z Fold 4၊ Flip 4 အတွက် Security Update ကို ကိုရီးယားမှာ မတ်လ 2025 မှာ ပေးမယ်
→
Latest
Apple ရဲ့ တိုက်ရိုက် စပိုင်ဝဲလ် သတိပေးချက် စနစ်
Pegasus လိုမျိုး ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံပြီး အစိုးရအဆင့် အထူးထောက်လှမ်း စပိုင်ဝဲလ်တွေနဲ့ သင့် iPhone ကို…
Read more
: Apple ရဲ့ တိုက်ရိုက် စပိုင်ဝဲလ် သတိပေးချက် စနစ်
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.