0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ယောကျာ်းလေးတွေ ဘာကြောင့် မျက်နှာသစ်ဆပ်ပြာတွေ သုံးသင့်လဲ ?
Mar 16, 2025
—
by
Milo Kevin
in
Shopping & Promo
အသားအရေထိန်းသိမ်းတဲ့အခါတွေမှာ မိန်းကလေးတွေကတော့ ညတိုင်း အဆင့်ဆင့် ပုံမှန်ပြုလုပ်လေ့ရှိပေမယ့် ယောကျာ်းလေးတွေမှာတော့ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာအဖြစ် သုံးနိုင်တဲ့ all-in-one ထုတ်ကုန်တစ်ခုနဲ့ဘဲ ကျေနပ်နေကြပါတယ်။
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ ယောကျာ်းလေးတွေအတွက် ဘာကြောင့် မျက်နှာသစ်ဆပ်ပြာတွေ သုံးသင့်လဲ ? ဘယ်နှစ်ကြိမ်လောက် အသုံးပြုသင့်လဲဆိုတာကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။ မနက်အိပ်ရာနိုးတာနဲ့ ဝက်ခြံပေါက်တာကို ဘယ်သူမှ မကြိုက်ကြဘူး၊ သန့်ရှင်းတဲ့ အသားအရေကိုဘဲ ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကောင်လေးကို ဖြစ်ဖြစ်၊ ကိုယ်တိုင် အသားအရေ ထိန်းသိမ်းတတ်ကြတဲ့ ယောကျာ်လေးတွေအတွက်လဲ အဆီပြန်တတ်တဲ့ အသားအရေအမျိုးအစားအတွက် အကောင်းဆုံး မျက်နှာသန့်စင်ဆေးတွေကို ဖော်ပြထားပါတယ်။
Facebook Link –
အကယ်၍ ကိုယ်က ခန္ဓာကိုယ်အတွက် အသုံးပြုတဲ့ ဆပ်ပြာတုံးဟောင်း ဒါမှမဟုတ် ရေနဲ့ပဲ မျက်နှာကို ဆေးကြောတဲ့ ယောကျာ်းလေး တစ်ယောက်ဆိုရင်တော့၊ ကိုယ့်ရဲ့ အသားအရေကို နူးညံ့သိမ်မွေ့တဲ့ မျက်နှာသန့်စင်ဆေးနဲ့ အဆင့်မြှင့်ဖို့ အချိန်တန်ပါပြီ။
မျက်နှာကို ဆပ်ပြာတုံးနဲ့သစ်တာ မကောင်းဘူးလား?
အဲဒါကတော့ ကိုယ်အသုံးပြုနေတဲ့ ဆပ်ပြာအမျိုးအစားပေါ် မူတည်ပါတယ်။ သမားရိုးကျဆပ်ပြာတွေဟာ စနစ်တကျ အစိုဓာတ် မထိန်းပေးနိုင်တာကြောင့် အရေပြားကို ပွန်းပဲ့စေတာ၊ ယားယံတာတွေအပြင် အရေပြားထဲက သဘာဝအဆီတွေကိုလဲ ဖယ်ထုတ်နိုင်ပြီး အရေပြားရဲ့ pH ကို ထိခိုက်စေနိုင်တာကြောင့် skin barrier ကို ပျက်စီးစေနိုင်ပါတယ်။
ဆပ်ပြာထဲက ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် အသုံးဝင်နိုင်ပေမယ့်လည်း မျက်နှာမှာတော့ အရေပြားစားပြီး ဝက်ခြံတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဆိုးဆေးပါတဲ့ ဆပ်ပြာတွေကလဲ အသားအရေကို ရှုံ့တွစေတာ၊ နီရဲတာနဲ့ မွဲခြောက်တာတွေကို ဖြစ်စေနိုင်ပြီး အမွှေးနံ့တွေကြောင့်လဲ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။
Facial Cleanser ကို ဘယ်လိုသုံးရမလဲ။
အရင်ဆုံး မျက်နှာကို မကိုင်ခင် လက်ကို အရင်ဆေးကြောပါ။ ဒါမှလဲ ကိုယ့်ရဲ့ မျက်နှာကို အညစ်အကြေးနဲ့ ပိုးမွှားတွေ မကူးစက်အောင် တားဆီးပေးနိုင်ပါလိမ့်မယ်။
လက်ကိုရေစွတ်ပြီး ရေနွေးနွေးနဲ့ မျက်နှာကို သစ်ပြီး ကိုယ့်ရဲ့အသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ ထုတ်ကုန်ကို အသုံးပြုပေးပါ။ ကိုယ့်ရဲ့ လက်ချောင်းထိပ်တွေကို အသုံးပြုပြီး မျက်နှာနဲ့ လည်ပင်းတဝိုက်ကို စက်ဝိုင်းပုံစံနဲ့ အနည်းဆုံး တစ်မိနစ်ကနေ နှစ်မိနစ်အထိ သေချာစွာ နှိပ်နယ်ပေးပါ။
ပြီးရင်တော့ ရေနွေးနွေးနဲ့ ဆေးကြောပါ။ ရေနွေးက ပူနေရင်တော့ မသုံးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေပူတွေက အသားအရေကို ယားယံစေပြီး ခြောက်သွေ့စေနိုင်ပါတယ်။ ရေအေးနေရင်လဲ တချို့ အညစ်အကြေးတွေနဲ့ မိတ်ကပ်အမျိုးအစားတွေကို ထိထိရောက်ရောက် မဖယ်ရှားနိုင်တာကြောင့် ရေနွေးနွေးကို အသုံးပြုသင့်ပါတယ်။
ယောကျာ်းလေးတွေ မျက်နှာကို ဘယ်နှစ်ကြိမ် သစ်သင့်လဲ ?
များသောအားဖြင့် တစ်နေ့ကို တစ်ကြိမ်၊ နှစ်ကြိမ်ထက် မပိုစေဘဲ (ချွေးထွက်များတဲ့ လေ့ကျင့်ခန်းလုပ်ရင်တော့ သုံးကြိမ်)၊ နံနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် သစ်သင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မျက်နှာကို မကြာခဏသစ်ရင်လဲ အရေပြားရဲ့ သဘာဝအတိုင်း lipid barrier ကို ဆိုးကျိုးဖြစ်စေပြီး ထိခိုက်လွယ်တဲ့ အရေပြားကို ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။
#myangoal #cosmetics #Shopping #cleanser #korea #skincare #myanmar
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Wi-Fi ထက် များစွာပိုမြန်မယ့် Li-fi ကို တီထွင်
Next:
နွေရာသီအတွက် အမိုက်စား activities များ
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.