0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ဆိုးလ်မှာ အလကားသွားရောက်လည်ပတ်လို့ရမယ့် နေရာ 8 ခု (Part-2)
May 4, 2025
—
by
Milo Kevin
in
Travel
ဆိုးလ်မှာ အလကားသွားရောက်လည်ပတ်လို့ရမယ့် နေရာ 8 ခုထဲက ကျန်နေသေးတဲ့ ဆိုးလ်မြို့ တံတိုင်း, Dongdaemun ဒီဇိုင်းပလာဇာ, Bongeunsa ဘုရားကျောင်း, Ihwa Mural ကျေးရွာ အကြောင်းကို စောင့်မျှော်နေသူတွေအတွက် တင်ဆက် ပေးလိုက်ပါတယ်။
5. ဆိုးလ်မြို့ တံတိုင်း
ဆိုးလ်မြို့တံတိုင်းကို ဂျိုဆွန်မင်းဆက်လက်ထက်မှာ မြို့တော်ကို ရန်သူတွေဆီကနေ ကာကွယ်ဖို့ အတားအဆီးအဖြစ် တည်ဆောက်ခဲ့ပါတယ်။ မူလက အဓိက တံခါးလေးပေါက်နဲ့ တခြား တံခါးပေါက် အသေးလေးခု ရှိပါတယ်။ ရာစုနှစ်တွေ ကြာညောင်းလာတာနဲ့အမျှ အဆောက်အအုံအစိတ်အပိုင်းတွေလဲ တဖြည်းဖြည်း ပျက်စီးလာပါတယ်။ ၂၀ ရာစုနှောင်းပိုင်းကစပြီးတော့ ပြန်လည် ထိန်းသိမ်းစောင့်ရှောက်ရေးတွေကို ဆက်လက်လုပ်ဆောင်လာခဲ့ပါတယ်။
လာရောက်ကြည့်ရှုသူတွေနဲ့လဲ ဆိုးလ်မြို့တံတိုင်းရဲ့ အစိတ်အပိုင်းအချို့နဲ့ ဗိသုကာလက်ရာတွေကို စူးစမ်းလေ့လာရင်း Hanyangdoseong stamp လမ်းကြောင်း ခရီးစဉ်ကိုလဲ လည်ပတ်လို့ရပါတယ်။ ဒီခရီးစဥ်တလျှောက် Baegak တောင်တန်းလမ်း၊ Naksan တောင်လမ်း၊ Heunginjimun Gate လမ်း၊ Namsan (Mongmyeoksan) တောင်တက်လမ်း၊ Sungnyemun Gate Trail နှင့် Inwangsan တောင်လမ်းတို့ကိုလဲ သွားလို့ရပါသေးတယ်။
တောင်တက်ရတာကြိုက်ပြီး ရှုခင်းတွေကို ကြည့်ချင်ရင်တော့ Hanyangdoseong stamp လမ်းကြောင်း ခရီးစဉ်ကို ထည့်သွင်းစဥ်းစားသင့်ပြီး အခမဲ့ပြုလုပ်နိုင်တာကြောင့် အကုန်အကျလဲ သက်သာနိုင်ပါတယ်။
အနီးဆုံးမြေအောက်ရထားဘူတာ ဆိုးလ်မြေအောက်ရထားဘူတာထွက်ပေါက် 4 (서울역 4번출구) ( Namdaemun တံခါး )
6. Dongdaemun ဒီဇိုင်းပလာဇာ
Dongdaemun Design Plaza (DDP) သည် Dream၊ Design နှင့် Play ကိုကိုယ်စားပြုပြီး ဒီအဆောက်အအုံရဲ့ ပုံသဏ္ဍာန်နဲ့ ခေတ်မှီတဲ့ ဗိသုကာပညာကြောင့် နှစ်စဉ်နှစ်တိုင်း ဓာတ်ပုံဆရာတွေနဲ့ ခရီးသွားတွေရဲ့ အာရုံစိုက်ခြင်းကို ခံရပါတယ်။ DDP မှာ ပြပွဲတွေ၊ ဖက်ရှင်ရှိုးတွေ၊ ကွန်ဖရင့်များနှင့် အခြားပွဲတွေကိုလဲ ကျင်းပလေ့ရှိပေမယ့် လည်ပတ်သူတွေအနေနဲ့ DDP ရဲ့ ရင်သပ်ရှုမောဖွယ် ဒီဇိုင်းတွေကို အမှန်တကယ် မြင်တွေ့ချင်ရင်တော့ အပြင်ဘက်မှာ လွတ်လွတ်လပ်လပ် လေ့လာနိုင်ပါတယ်။ ဒါ့အပြင် အနားယူဖို့ ခုံတန်းလျားတွေရှိတဲ့အတွက် အဆောက်အအုံကို နောက်ခံအဖြစ်ထားပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။
အနီးဆုံးမြေအောက်ရထားဘူတာ- Dongdaemun သမိုင်းနှင့်ယဉ်ကျေးမှုပန်းခြံ ဘူတာရုံ ထွက်ပေါက် 1 (동대문역사문화공원역 1번 출구)
7. Bongeunsa ဘုရားကျောင်း
ဆိုးလ်မှာရှိတဲ့ အလကားသွားလို့ရတဲ့ ထိပ်တန်း လည်ပတ်စရာ စာရင်းထဲက နောက်တစ်ခုကတော့ Bongeunsa ဘုရားကျောင်းဖြစ်ပါတယ်။ နှစ်ပေါင်းတစ်ထောင်ကျော် ရှည်လျားပြီဖြစ်တဲ့ သမိုင်းကြောင်းရှိပြီး ဗုဒ္ဓဘာသာ ကျမ်းဂန်ပေါင်း ၃၄၀၀ ကျော်ရှိရာ ဘုရားကျောင်းဖြစ်ပါတယ်။ ဝင်ကြေး အခမဲ့ဖြစ်တာကြောင့် ဘုရားကျောင်း အတွင်းပိုင်းက ဗိသုကာလက်ရာတွေကိုလဲ လွတ်လပ်စွာ လမ်းလျှောက်ရင်း စူးစမ်းလေ့လာနိုင်ပါတယ်။ ဓာတ်ပုံရိုက်လို့ ရပေမယ့်လည်း ကန့်သတ်ဧရိယာအချို့ရှိကြောင်း သတိပြုရပါမယ်။
အနီးဆုံး မြေအောက်ရထားဘူတာ- Bongeunsa ဘူတာရုံ ထွက်ပေါက် 1 (봉은사역 1번 출구)
8. Ihwa Mural ကျေးရွာ
Ihwa Mural ကျေးရွာကတော့ ရောင်စုံပန်းချီကားတွေ၊ လမ်းဘေးပန်းချီတွေအပြည့်နဲ့ ဝန်းရံထားတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ 2006 ခုနှစ်မှာ တောင်ကိုရီးယားအစိုးရ လူထုအနုပညာလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ “မြို့တွင်းအနုပညာ” ပရောဂျက်ကို စတင်ခဲ့ပြီး Ihwa Mural Village ကလဲ ဒီပရောဂျက်အတွက် ရွေးချယ်ထားတဲ့ ခရိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျေးရွာအတွင်းမှာ နံရံတွေနဲ့ လှေကားထစ်တွေတလျှောက် သော ထူးခြားတဲ့ အနုပညာလက်ရာတွေကို ခြယ်သထားပြီး နောက်ထပ် ဆွဲဆောင်မှုတစ်ခုကတော့ ဆိုးလ်မြို့ရဲ့ လှပတဲ့ရှုခင်းတွေနဲ့ နေဝင်ချိန်ကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
အနီးဆုံးမြေအောက်ရထားဘူတာ : Hyehwa Station ထွက်ပေါက် 2 (혜화역 2번 출구)။
#seoul #korea #Myanmar #myangoal #travel #visit
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
ဆိုးလ်မှာ အလကားသွားရောက်လည်ပတ်လို့ရမယ့် နေရာ 8 ခု
Next:
ကိုရီးယားမှာ ကလေးများနေ့ကို ဘယ်လိုကျင်းပကြသလဲ?
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.