0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2 – Best Things to Do with Kids in Busan
May 18, 2025
—
by
Milo Kevin
in
Travel
အရင်ရက်က ကိုရီးယားနိုင်ငံ ဘူဆန်မြို့ကို ခရီးထွက်တဲ့အခါ ကလေးတွေနဲ့ အတူ သွားရောက် လည်ပတ်ကြည့်သင့်တဲ့ နေရာ ၈ နေရာထဲက ကိုရီးယား အမျိုးသား ရေကြောင်းပြတိုက်၊ ဘူဆန်အမျိုးသားသိပ္ပံပြတိုက်၊ Beomeosa (ဗိမာန်တော်)၊ ဘူဆန်အရုပ်ပြတိုက်တို့ကို ပြောပြခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal-Travel ကနေ ကျန်နေသေးတဲ့ Busan Citizens Park၊ LetsRun Park Busan-Gyeongnam၊ LG သိပ္ပံခန်းမ၊ Busan Cinema Center အကြောင်းတွေကို ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။
5. Busan Citizens Park
Busan Central Park လို့လဲခေါ်တဲ့ Busan Citizens Park ရဲ့ မြက်ခင်းပြင် ဧရိယာဟာ ဘောလုံးကွင်း 6 ကွင်းခန့်လောက် ရှိပါ။ ကြေးမုံရေကန်နှင့် ရေတံခွန်အတုအနီး တောင်ဘက်ခြမ်းမှာရှိတဲ့ ရေကန်နဲ့ အနောက်ဘက်ခြမ်းရှိတဲ့ လူလုပ် ရေတံခွန်နားတဝိုက်မှာ ပျော်ပွဲစားထွက်ချင်ရင်လဲ အဆင်ပြေပါတယ်။ ဂျပန်တွေ ကိုရီးယားကို သိမ်းထားစဥ် ကာလမှာ အမေရိကန်တပ်တွေဟာ ဒီနေရာမှာ တပ်စွဲထားခဲ့တာကြောင့် သမိုင်းဝင် ဖြစ်စဥ်တွေကိုပါ စူးစမ်းလေ့လာနိုင် ပါတယ်။
တည်နေရာ- 195-1 Yeonji-dong၊ Busanjin-gu၊ Busan၊ တောင်ကိုရီးယား
ဖွင့်ချိန်- နေ့စဉ် နံနက် ၅ နာရီမှ သန်းခေါင်အထိ
6. LetsRun Park Busan-Gyeongnam
LetsRun ပန်းခြံမှာတော့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တိုင်း မြင်းစီးပြိုင်ပွဲ ပြုလုပ်လေ့ရှိပြီး အသက် ၆ နှစ်နဲ့အထက် ကလေးတွေအနေနဲ့ မြင်းစီးကြည့်လို့ ရပါတယ်။ ဒါ့အပြင် မြင်းတွေကို အစားကျွေးချင်ရင်လဲ ရတဲ့အပြင် Toma Village နဲ့ စွတ်ဖားလှည်း ဆွဲခြင်းတို့တွေပါ ကလေးတွေအတွက် ပြုလုပ်ထားပါတယ်။ ပျော်ပွဲစားထွက်ဖို့လဲ အဆင်ပြေတာကြောင့် မိသားစုတွေအနေနဲ့ အေးဆေးအနားယူနိုင်ပါတယ်။
တည်နေရာ- LetsRun Park Busan-Gyeongnam၊ 929 Garak-daero၊ Gangseo-gu၊ Busan၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၅ နာရီမှ ည ၈ နာရီအထိ
7. LG သိပ္ပံခန်းမ
LG Science Hall ကတော့ အုပ်စုလိုက် လေ့လာခရီးစဉ်တွေအတွက်သာ ဖွင့်ထားပေမယ့် ကျောင်းအားလပ်ချိန်တွေမှာ ကြိုတင် စာရင်းသွင်းထားပြီးတော့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ ကလေးတွေအနေနဲ့ နယ်ပယ်အသီးသီးက ခေတ်မီနည်းပညာတွေကို တွေ့ကြုံခံစားနိုင်တာကြောင့် LG Science Hall ဟာ ပညာရေးဆိုင်ရာ လေ့လာစရာ နေရာတစ်ခု ဖြစ်လာပါတယ်။ သင့်ရန် အာမခံထားသောကြောင့် ကြိုတင်စာရင်းသွင်းရတာ 2 ပတ်ကြာစောင့်ဆိုင်းရပေမယ့် ကလေးတွေ စိတ်ကျေနပ်မှု ရရှိမှာ အမှန်ဘဲ ဖြစ်ပါ။
တည်နေရာ- 165 Saessak-ro၊ Busanjin-gu၊ Busan၊ တောင်ကိုရီးယား
ဖွင့်ချိန်- တနင်္လာ-သောကြာ နံနက် ၉ နာရီမှ ညနေ ၆ နာရီ၊ စနေနေ့ နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ (စနေ၊ တနင်္ဂနွေပိတ်သည်)
8. Busan Cinema Center
Busan Cinema Center ကို လည်ပတ်ပြီးတော့ ကလေးတွေနဲ့အတူ ထူးခြားတဲ့ အဆောက်အဦတွေ၊ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပန်းပုတွေကိုလဲ ကြည့်ရှုနိုင်ပါတယ်။ ကလေးတွေ အနေနဲ့ အဆောက်အဦရှေ့မှာရှိတဲ့ ရင်ပြင်မှာလဲ လွတ်လပ်စွာ ပြေးလွှား ဆော့ကစားနိုင်ပါတယ်။ Busan Cinema Center ဟာ Busan International Film Festival (BIFF) ကျင်းပရာ နေရာဖြစ်ပြီး အထူးရုပ်ရှင်ပြသမှုတွေ၊ ဖျော်ဖြေပွဲတွေနဲ့ ပြပွဲတွေကို လက်ခံကျင်းပတဲ့ ယဉ်ကျေးမှုနေရာတစ်ခု ဖြစ်ပါတယ်။ ထိုင်ခုံ 4,000 နီးပါးရှိတဲ့ BIFF ပြဇာတ်ရုံ၊ Cinema I၊ Cinema II၊ Cinematheque၊ Haneulyeon ပြဇာတ်ရုံ၊ Indieplus နဲ့ Library တို့ပါရှိပါတယ်။
တည်နေရာ- Busan Cinema Center၊ 120 Suyeonggangbyeon-daero၊ Haeundae-gu၊ Busan၊
#kids #Myanmar #visit #AirTicket #myangoal #korea #travel #activities #busan #thingstodo
←
Previous:
သင်ဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်းကစလို့ iPhone ဒါမှမဟုတ် Apple ထုတ်ကုန်တစ်ခုခု ပိုင်ဆိုင်ခဲ့သူဆိုရင်၊ အခုတော့ ဒေါ်လာ ၉၅ သန်းတန် Siri သူလျှိုစွပ်စွဲမှုအတွက် လျော်ကြေးတောင်းခံဖို့ အခွင့်အရေးရှိပါပြီ။
Next:
တောင်ကိုရီးယားမှာ SK-II, Estee Lauder အလှကုန်အတုတွေ ပျံ့နှံ့နေပါပြီ
→
Latest
တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး
တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တစ်ရက်တည်းမှာတင် ဒေါ်လာ ၂၄…
Read more
: တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး
OS Update အသစ်တွေကို မိတ်ဆက်ပေးတော့မယ်
လာမယ့် WWDC ပွဲကြီးမှာ ထုံးစံအတိုင်း Apple တစ်ဖွဲ့လုံးရဲ့ iPhone, iPad နဲ့ MacBook…
Read more
: OS Update အသစ်တွေကို မိတ်ဆက်ပေးတော့မယ်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည် စမတ်ဖုန်းတွေကို လက်ကနေ ကိုင်သုံးနေရတဲ့ ခေတ်ကနေ…
Read more
: Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ် Facebook ပေါ်မှာ သူများရဲ့ MyDay…
Read more
: Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO (အမျိုးအမည်မသိ ပျံသန်းရေးယာဉ်) ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့…
Read more
: အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications