0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
part 2 – Jeju ကျွန်းက စုံတွဲတွေအတွက် အကောင်းဆုံးနေရာများ
Jun 11, 2025
—
by
Milo Kevin
in
Travel
ဒီနေ့မှာတော့ Jeju ကျွန်းက စုံတွဲတွေအတွက် အကောင်းဆုံးနေရာများတွေထဲက ကျန်နေသေးတဲ့ နေရာတွေဖြစ်တဲ့ Cheonjiyeon ရေတံခွန်, Hallim Park, Yeomiji ရုက္ခဗေဒဥယျာဉ်, Jeju Swiss ရွာ, Jeju Starlight World ပန်းခြံနဲ့ နက္ခတ်တာရာပြခန်း တွေအကြောင်းကို ပြောပြလိုက်ပါတယ်။
5.Cheonjiyeon ရေတံခွန်
သဘာဝ အထိမ်းအမှတ်နေရာဖြစ်တဲ့ Cheonjiyeon ရေတံခွန်ကို သစ်သားလမ်းအတိုင်း လျှောက်ပြီး ကျောက်တံတားလေးကတဆင့် သွားရမှာဘဲ ဖြစ်ပါတယ်။ စီးဆင်းနေတဲ့ရေရဲ့ အသံဟာ စိတ်ဝိညာဉ်ကို ခွန်အားဖြစ်စေပြီး ဒီနေရာမှာ ဓာတ်ပုံမရိုက်ဘဲ ပြန်မသွားနိုင်ပါဘူး။ Jeju က အကျော်ကြားဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ Cheonjiyeon အနီးရှိ Saeyeon တံတားကိုလည်း သွားရောက်လည်ပတ်နိုင်ပါသေးတယ်။
တည်နေရာ- 667-7 Cheonji-dong၊ Seogwipo-si၊ Jeju-do၊ တောင်ကိုရီးယား
6.Hallim Park
Hallim ပန်းခြံကတော့ ဧရာမ ထန်းပင်ကြီးတွေနဲ့ ဝါးပင်တွေအပါအဝင် သစ်ပင်မျိုးစိတ်မျိုးစုံကို ကြည့်ရှုနိုင်တဲ့ သဘာဝဥယျာဉ်တစ်ခုဖြစ်ပါတယ်။ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေကြားက လမ်းတလျှောက် Jeju ကို ကိုယ်စားပြုတဲ့ ပန်းပုရုပ်တုတွေ ရှိပါတယ်။ Hallim ပန်းခြံထဲမှာလဲ Hyeopjae ဂူနဲ့ Ssangyong ဂူ တို့ရှိပါတယ်။ Ssangyong လှိုဏ်ဂူအလယ်က မျက်နှာကျက်မှာ အပေါက်တစ်ခုရှိပြီး ဒီအပေါက်ကနေ ထိုးတဲ့ နေရောင်အောက်မှာ ပေါက်ရောက်တဲ့ အပင်တွေကိုလဲ တွေ့နိုင်ပါတယ်။
တည်နေရာ- 300 Hallim-ro၊ Hallim-eup၊ Jeju-si၊ Jeju-do၊
ဖွင့်ချိန်- မတ်လမှ သြဂုတ်- နံနက် ၈း၃၀ မှ ညနေ ၅း၃၀ ထိ နေ့စဉ်။ စက်တင်ဘာ-အောက်တိုဘာ- နံနက် ၈း၃၀ မှ ညနေ ၅ နာရီအထိ နေ့စဉ်။ နိုဝင်ဘာ-ဖေဖော်ဝါရီ- နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄း၃၀ ထိ
7.Yeomiji ရုက္ခဗေဒဥယျာဉ်
Yeomiji ရုက္ခဗေဒ ဥယျာဉ်ကတော့ အပင်မျိုးစုံ ရှင်သန်ကြီးထွားနေတဲ့ တောတွင်းသဘာဝ အလှတရားများ တည်ရှိရာနေရာ ဖြစ်ပါတယ်။ စိမ်းလန်းစိုပြေတဲ့ သစ်တောတွေ၊ အပူပိုင်းသစ်ပင်တွေ၊ ဖန်လုံအိမ်တွေ၊ ဝင်္ကပါတွေ၊ နိုင်ငံတကာဥယျာဉ်ခြံမြေတွေနဲ့ သက်ကယ်မိုးထားတဲ့ အဆောက်အဦတွေကိုလဲ တွေ့နိုင်ပါတယ်။ Yeomiji Botanical Garden ဟာ အလွန်ကြီးမားပြီး ဥယျာဉ်အတွင်း ရထားစီးရင်တောင် ဆယ်မိနစ်ခန့် အချိန်ယူရတာကြောင့် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေကို ဝတ်ဆင်သင့်ပါတယ်။ ရာသီဥတု သာယာတဲ့နေ့တွေမှာဆိုရင် Halla တောင်ရဲ့မြင်ကွင်းကို ခံစားနိုင်တဲ့အပြင် ဥယျာဉ်တစ်ခုလုံးကိုလဲ အပေါ်စီးကနေ မြင်နိုင်ပါသေးတယ်။
တည်နေရာ- 93 Jungmungwangwang-ro၊ Seogwipo-si၊ Jeju-do၊ တောင်ကိုရီးယား
ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ
8.Jeju Swiss ရွာ
Swiss Village ရဲ့ ရောင်စုံအဆောက်အဦးတွေက ထူးခြားပြီး ထင်ရှားတဲ့ မြင်ကွင်းရှိတာကြောင့် လည်ပတ်သူတွေ သဘာဝအတိုင်းဆွဲဆောင်နိုင်ပြီး တည်းခိုခန်းများ၊ အမှတ်တရပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းဆိုင်တွေအပြင် ကော်ဖီဆိုင်တွေလဲ ရှိပါသေး။ ဒီအဆောက်အဦးတွေက ဓာတ်ပုံရိုက်ဖို့အတွက် နောက်ခံမြင်ကွင်းတွေကို လှလှပပ ဖန်တီးပေးထားတာကြောင့် အမှတ်တရကောင်းတွေ ရစေမှာပါ။ ချစ်ရသူတွေအနေနဲ့ ချစ်ခြင်းမေတ္တာကို သင်္ကေတပြုပြီး ရိုမန်တစ်ဆန်တဲ့ အငွေ့အသက်တွေကို ဖန်တီးနိုင်မှာဘဲ ဖြစ်ပါတယ်။
တည်နေရာ- 566-27 Hamwaro-ro၊ Jocheon-eup၊ Jeju-si၊ Jeju-do၊ တောင်ကိုရီးယား
9.Jeju Starlight World ပန်းခြံနဲ့ နက္ခတ်တာရာပြခန်း
Jeju Starlight World နဲ့Planetarium သည် နက္ခတ္တဗေဒပညာကို လေ့လာဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့အပြင် မိသားစုလိုက် အံ့သြဖွယ် သိပ္ပံပညာကို ကြည့်ရှုနိင်ပါတယ်။ ဒါအပြင် ချစ်ရတဲ့သူလေးနဲ့ အနာဂတ်ဆန်ဆန် ကြယ်တွေ၊ နက္ခတ်တာရာတွေနဲ့ စကြဝဠာကြီးလောက် ချစ်ပါတယ်ဆိုပြီး ကြူးလို့ရပါသေးတယ်။ 😜 ခေတ်မီတဲ့ မှန်ပြောင်းတွေရှိတာကြောင့် စကြဝဠာအနှံ့ တိကျစွာကြည့်နိုင်တဲ့အပြင် ကျွမ်းကျင်သူတွေကလဲ မြင်တွေ့နေရတဲ့အရာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလဲ ပြောပြပေးနေမှာပါ။ စကြဝဠာကြီးရဲ့ အံ့ဖွယ်ရာတွေကို ကြည့်ရှုဖို့အတွက် နက္ခတ်တာရာပြခန်း ဒါမှမဟုတ် 4D ပြဇာတ်ရုံကို သွားရောက်နိုင်ပါတယ်။ ဒီအထပ် ၂ ထပ်ရှိတဲ့ ပြပွဲခန်းမမှာ နက္ခတ္တဗေဒသမိုင်းနဲ့ အာကာသခရီးတွေအကြောင်း ပြသထားပါသေးတယ်။ အပြင်ဘက်က ပလာဇာမှာ solar system ကို ရောင်စုံပုံစံနဲ့ ပြသထားပြီး စူးစမ်းလေ့လာနိုင်ဖို့အတွက်လဲ မှန်ပြောင်းများစွာ ရှိပါသေးတယ်။
တည်နေရာ- Odeung-dong၊ Jeju-si၊ Jeju-do၊ တောင်ကိုရီးယား
ကဲ ဒါဆိုရင်တော့ Jeju ကျွန်းကို သွားချင်ရင်တော့ ကျွန်တော်တို့ MyanGoal – Travel ဆီကို ဆက်သွယ်လိုက်ပါ။ လေယာဥ်လက်မှတ် ဖြတ်ပေးတာအပြင် တခြားဝန်ဆောင်မှုတွေလဲ ရှိသေးတာမလို့ အသေးစိတ် လာရောက်စုံစမ်းလိုက်ပါ။
←
Previous:
Jeju ကျွန်းက စုံတွဲတွေအတွက် အကောင်းဆုံးနေရာများ
Next:
Seaside Cafes In Busan
→
Latest
Cook ဟာ အခုဆိုရင် Apple ရဲ့ တရားဝင် သံတမန် ဖြစ်လာ
ဒီနှစ်အစောပိုင်းမှာ Apple က Cook ရဲ့ ရာထူးသစ်မှာ အစိုးရတွေနဲ့ ဆက်ဆံရေး တာဝန်ယူရမယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။…
Read more
: Cook ဟာ အခုဆိုရင် Apple ရဲ့ တရားဝင် သံတမန် ဖြစ်လာ
Tim Cook ဟာ White House Dinner ကို တက်ရောက်ခြင်းဖြင့် John Ternus ကို အငြင်းပွားဖွယ်ရာ ကိစ္စတွေကနေ ကာကွယ်ပေးထား
Tim Cook ရဲ့ Apple CEO ဘဝတုန်းက ခက်ခဲတဲ့ အစိတ်အပိုင်းတစ်ခုကတော့ Immigration Policy…
Read more
: Tim Cook ဟာ White House Dinner ကို တက်ရောက်ခြင်းဖြင့် John Ternus ကို အငြင်းပွားဖွယ်ရာ ကိစ္စတွေကနေ ကာကွယ်ပေးထား
ဓာတ်ပုံဆရာ Austin Mann ရဲ့ iPhone 18 Pro Camera သုံးသပ်ချက်
iPhone 18 Pro နဲ့ Pro Max တို့ဟာ Main Camera နည်းပညာနဲ့…
Read more
: ဓာတ်ပုံဆရာ Austin Mann ရဲ့ iPhone 18 Pro Camera သုံးသပ်ချက်
Apple ရဲ့ တိုက်ရိုက် စပိုင်ဝဲလ် သတိပေးချက် စနစ်
Pegasus လိုမျိုး ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံပြီး အစိုးရအဆင့် အထူးထောက်လှမ်း စပိုင်ဝဲလ်တွေနဲ့ သင့် iPhone ကို…
Read more
: Apple ရဲ့ တိုက်ရိုက် စပိုင်ဝဲလ် သတိပေးချက် စနစ်
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications