0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Seaside Cafes In Busan
Jun 12, 2025
—
by
Milo Kevin
in
Travel
ဘူဆန်ကို တွေးကြည့်တဲ့အခါ စိတ်ထဲမှာ ပထမဆုံးမြင်ရတဲ့ အရာတစ်ခုကတော့ လှပတဲ့ပင်လယ်ပြင်တွေ ဖြစ်ပါတယ်။ Busan မှာ ပင်လယ်သမုဒ္ဒရာရဲ့ အံ့သြဖွယ်မြင်ကွင်းတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်များစွာရှိပါတယ်။ အရသာရှိတဲ့ သောက်စရာတွေ၊ အချိုပွဲတွေနဲ့အတူ ကမ်းခြေမှာ အေးအေးဆေးဆေး အနားယူရင်း ပျော်ရွှင်စွာ အပန်းဖြေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ MyanGoal ကနေပြီးတော့ ဘူဆန်မှာရှိတဲ့ Seaside Cafes တွေကို ဖော်ပြပေးလိုက်ပါတယ်။
1. WAVEON COFFEE 웨이브온 커피
WAVEON COFFEE ဆိုင်ကတော့ ဘူဆန်မြို့ပြင်က Gijang ဧရိယာမှာ တည်ရှိတဲ့ နာမည်ကြီး ကော်ဖီဆိုင်ဖြစ်ပါတယ်။ ဒီကော်ဖီဆိုင်ရဲ့ ထောင့်တိုင်းကနေ လှပတဲ့ပင်လယ်ပြင်ကို မြင်နိုင်ပါတယ်။ ဒီဆိုင်ရဲ့ ဒီဇိုင်းကို နာမည်ကြီး ဗိသုကာပညာရှင် Kwak Hee Soo (곽희수) က ဖန်တီးထားတဲ့ အနုပညာလက်ရာဖြစ်ပြီး ကိုရီးယားဗိသုကာဆု ရရှိထားပါတယ်။ ကော်ဖီဆိုင်ရဲ့ အတွင်းရော အပြင်ရောက သက်တောင့်သက်သာရှိပြီး ပင်လယ်ပြင်ရဲ့ အဆုံးမဲ့ ရှုခင်းကို ခံစားရင်း အပန်းဖြေ အနားယူနိုင်ပါတယ်။
လိပ်စာ – 부산 기장군 장안읍 해맞이로 286 / 286 Haemaji-ro, Jangan-eup, Gijang-gun, Busan
ဖွင့်ချိန် – 10:00-00:00 / နောက်ဆုံးအော်ဒါ 23:00
2.H.US Coffee 에이치어스
Cheongsapo ဧရိယာကတော့ အဖြူရောင်နဲ့ အနီရောင် မီးပြတိုက်တွေအပြင် လှပတဲ ပင်လယ်ရှုခင်းတွေကြောင့် ကျော်ကြားပြီး ဒီကမ်းရိုးတန်းနားမှာ အထပ်သုံးထပ်နဲ့ H.US Coffee ဆိုတဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ကော်ဖီဆိုင်ရဲ့ အထပ်တစ်ခုစီတိုင်းက သန့်ရှင်းပြီး ရိုးရှင်းတဲ့ အပြင်အဆင်တွေကို မတူညီတဲ့ အရောင်တွေနဲ့ ပေါင်းစပ်ထားပါတယ်။ အရွယ်အစားကြီးမားတဲ့ ပြတင်းပေါက်တွေရှေ့မှာ သမုဒ္ဒရာကို အပေါ်စီးကနေ မြင်ရတဲ့အတွက် ဒီနေရာမှာ ဓာတ်ပုံကောင်းကောင်း ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် အလွန်လှပတဲ့ ပင်လယ်ကမ်းခြေနဲ့ ကိုက်ညီတဲ့ မီနူးများစွာ ရပါတယ်။
လိပ်စာ – 부산해운대 청사포로 135 / 135 Cheongsapo-ro, Haeundae, Busan
ဖွင့်ချိန် – အပတ်စဉ် 11:30-18:30၊ စနေ၊ 11:30-19:30
3.Edge 993 엣지993
Haeundae Blueline Park ကို 2020 ခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်ပြီး ကတည်းက Haeundae ကနေ Cheongsapo ကိုသွားဖို့ ပိုမိုလွယ်ကူလာပြီး ဒီလမ်းတစ်လျှောက်မှာ ပင်လယ်ပြင်ကို မျက်နှာမူထားပြီး လှပတဲ့ ကော်ဖီဆိုင်များစွာရှိပါတယ်။ ဒီဆိုင်တွေထဲက Edge 993 ကတော့ တခြားဆိုင်တွေထက် ဆိုင်သေးပေမယ့် ရှုခင်းကတော့ မေ့လို့မရပါဘူး။ပြတင်းပေါက်နားမှာထိုင်ပြီး ဖြတ်သန်းသွားတဲ့ ရောင်စုံရထားတွေကို ကြည့်ရတာ အရမ်းစိတ်သက်သာရာ ရစေပါတယ်။ ဒါ့အပြင် ဒီဆိုင်က သောက်စရာတွေက unique ဖြစ်တာကြောင့် စမ်းသောက်ကြည့်ဖို့ အကြံပြုပါတယ်။
လိပ်စာ – 부산해운대구 달맞이길62번길 78 / 78 Dalmaji-gil 62-beongil၊ Haeundae-gu၊ Busan
ဖွင့်ချိန် – တနင်္လာ-သောကြာ- 11:00-21:00, သောကြာ-တနင်္ဂနွေ- 11:00-22:00
4.Byul Bed 별침대
Gwangalli ကမ်းခြေကလဲ ဘူဆန်ကို ရောက်တဲ့အခါ သွားကြည့်သင့်တဲ့ နေရာဖြစ်ပါတယ်။ ဒီဧရိယာမှာ ဟိုတယ်တည်းခိုခန်းနဲ့ ရှုခင်းပြင်ကဖေး (ကိုယ်ပိုင်ဝန်ဆောင်မှုဘား) ပေါင်းစပ်ထားတဲ့ Byul Bed ဆိုတဲ့ ကော်ဖီဆိုင် ရှိပါတယ်။ ကမ်းခြေနားမှာ ရှိတာကြောင့် သက်တောင့်သက်သာရှိစွာနဲ့ ကမ်းရိုးတန်းမြင်ကွင်းကို ခံစားနိုင်ပါတယ်။ ဒီနေရာမှာ တည်းခိုဖို့ ဘွတ်ကင်မတင်ထားဘူး ဆိုရင်တော့ ဒုတိယထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကို အသုံးပြုဖို့ ဝမ် 11,800 နဲ့ လက်မှတ်ကို ဝယ်ယူရပါမယ်။ ကိုယ်တိုင်ဝန်ဆောင်မှုဘားမလို့ ကိုယ့်ကြိုက်သလို စီမံဖန်တီးပြီး အကန့်အသတ်မရှိ သောက်နိုင်ပါတယ်။ ဒီဆိုင်ကနေ Gwangan တံတားရဲ့ မြင်ကွင်းကို ကြည့်ရတာ အံ့မခန်းပါပဲ။
လိပ်စာ – 부산 수영구 광안해변로 203 / 203 Gwanganhaebyeon-ro၊ Suyeong-gu၊ Busan
ဖွင့်ချိန် – 10:00-00:00
Busan မှာ ပင်လယ်သမုဒ္ဒရာရဲ့ အံ့သြဖွယ်မြင်ကွင်းတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်တွေဟာ ဒီလောက်နဲ့ ပြီးသွားပြီ မထင်ပါနဲ့။ နောက်ထပ်ညွှန်းပေးချင်တဲ့ ကော်ဖီဆိုင် 4 ဆိုင်ကျန်ပါသေးတယ်။ ကျန်နေသေးတဲ့ ဆိုင်တွေကို နောက်တပတ် တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်နေကြပါနော်။
←
Previous:
part 2 – Jeju ကျွန်းက စုံတွဲတွေအတွက် အကောင်းဆုံးနေရာများ
Next:
နာမီးဘီးယားလူငယ်ရဲ့ ကမ္ဘာ့အံ့အားသင့်စရာ တီထွင်မှု
→
Latest
တရုတ်ဈေးကွက်ကို စိုးမိုးထားဆဲ iPhone 17 Series
ပိုကောင်းပေမယ့် ပိုမရောင်းရတဲ့ Android Ultra တွေနဲ့ တရုတ်ဈေးကွက်ကို စိုးမိုးထားဆဲ iPhone 17 Series…
Read more
: တရုတ်ဈေးကွက်ကို စိုးမိုးထားဆဲ iPhone 17 Series
Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ်
Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ် ဒီရက်ပိုင်း…
Read more
: Viber ထဲမှာ ChatGPT တိုက်ရိုက် သုံးနိုင်ပြီ… Chat လို့ ပိုကောင်းသွားမယ့် နည်းပညာသစ်
Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ
Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ Apple က…
Read more
: Apple ရဲ့ နေ့ချင်းညချင်း ဈေးနှုန်းမြှင့်တင်မှုက Wall Street ကို ဘယ်လိုဂယက်ရိုက်သွားစေလဲ
Advance levelအထိ ကိုရီးယားဘာသာစကားကို လေ့လာသွားလို့ရမယ့် website များ
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Edu ကနေပြီးတော့ ကိုရီးယားဘာသာစကားကို လေ့လာနေ တဲ့သူတွေအတွက် Advanced…
Read more
: Advance levelအထိ ကိုရီးယားဘာသာစကားကို လေ့လာသွားလို့ရမယ့် website များ
တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ
တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ Apple ဟာ…
Read more
: တစ်ကမ္ဘာလုံးကို အံ့အားသင့်စေမယ့် iPhone 18 Pro စီးရီးရဲ့ ဈေးနှုန်းထိုးတက်မှု ကောလာဟလများ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications