0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ဆိုးလ်ရဲ့ ဆောင်းရာသီမှာ ဘာတွေသွားကြမလဲ ?
Jun 17, 2025
—
by
Milo Kevin
in
Travel
ဆောင်းရာသီမှာဆိုရင်တော့ ဆိုးလ်မြို့မှာ ပွဲလမ်းသဘင်တွေနဲ့ ပွဲတော်မျိုးစုံကို ခံစားနိုင်ပါတယ်။ ဆိုးလ်မြို့လယ်ခေါင်က စကိတ်ကွင်းတွေမှာ စကိတ်စီးနိုင်တဲ့အပြင် မြို့တဝိုက် ဧရိယာနဲ့နီးတဲ့ အပန်းဖြေစခန်းတွေမှာလဲ တစ်ရက်တာ ခရီးစဉ်တွေ သွားနိုင်ပါသေးတယ်။ ဆောင်းရာသီ အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ ပွဲတော်တွေကြောင့်လဲ မြို့ရဲ့ညဘက်မြင်ကွင်းတွေကြောင့်လဲ စုံတွဲတွေနဲ့ မိသားစုတွေအတွက်လဲ အမှတ်တရကောင်းတွေ ဖန်တီးနိုင်မှာဘဲ ဖြစ်ပါတယ်။
1.အိုလံပစ်ပန်းခြံ ရေခဲစကိတ်ကွင်း
ဆောင်းရာသီ အားကစားတွေကို ကစားနိုင်မယ့် အိုလံပစ်ပန်းခြံ ရေခဲစကိတ်ကွင်းကို နှစ်စဉ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ အစောပိုင်းအထိ ပန်းခြံအတွင်းရှိ Peace Square မှာဖွင့်လှစ်ပါတယ်။ ဆိုးလ်မြို့လယ်ခေါင်မှာ အသက်အရွယ်မရွေး စကိတ်စီးနိုင်တဲ့ ဧရိယာတစ်ခုဖြစ်တဲ့အပြင် ဆောင်းရာသီမှာ လူကြိုက်များတဲ့ အပန်းဖြေနေရာတွေထဲက တစ်ခုလဲဖြစ်ပါတယ်။ အိုလံပစ်ပန်းခြံရဲ့ အထင်ကရဖြစ်တဲ့ World Peace Gate နဲ့လဲ နောက်ခံထားပြီး ဓာတ်ပုံကောင်းကောင်း ရိုက်နိုင်ပါသေးတယ်။ ဒီစကိတ်ကွင်းမှာ ကလေးငယ်တွေနဲ့ စကိတ်စီးတာ အခုမှစစီးမယ့်သူတွေအတွက် 4 ပတ်ကြာ လေ့ကျင့်ရေးအစီအစဉ်လဲ ရှိပါတယ်။ စကိတ်ကွင်းကို ညဘက်မှာလည်း ဖွင့်ထားတာကြောင့် ကြယ်ရောင်စုံ ညဘက်ကောင်းကင်အောက်မှာ လင်းထိန်နေတဲ့ မီးရောင်တွေနဲ့အတူ ရိုမန်တစ်ဆန်ဆန် ရင်ခုန်စရာ လေထုထဲမှာ စကိတ်စီးဖို့ စုံတွဲတွေအများအပြားလဲ လာရောက်ကြပါတယ်။
တည်နေရာ- 424၊ အိုလံပစ်-ရို၊ Songpa-gu၊ ဆိုးလ်၊ ကိုရီးယားသမ္မတနိုင်ငံ
ဖွင့်ချိန်- နေ့စဉ် နံနက် ၅ နာရီမှ ၁၁း၃၀ နာရီအထိ
2.Gyeongbokgung နန်းတော်
ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိတဲ့ သမိုင်းဝင် နေရာဖြစ်တဲ့အပြင် Theme တွေကို ရာသီအလိုက် ပုံစံပြောင်းလဲပြီး ပြင်ဆင်ထားတတ်တဲ့ Gyeongbokgung နန်းတော်ဟာ ဆောင်းရာသီဆိုရင် နှင်းတွေနဲ့ ဖုံးလွှမ်းနေတာကြောင့် ပုံမှန်မြင်နေကျ နန်းတော်ထက် ပိုလှပါတယ်။ Heungnyemun ဂိတ်ကနေပြီးတော့ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ Inwangsan တောင်ကို လှပစွာကြည့်ရှုနိုင်မှာဘဲ ဖြစ်ပါတယ်။ Hyangwonjeong ဥယျာဥ်မှာရှိတဲ့ မေပယ်ပင်တွေကြောင့်လဲ လှပစေတဲ့အပြင် ကိုရီးယားရိုးရာရောင်စုံ ဆေးသုတ်ခြင်း Dancheong ဒီဇိုင်းကြောင့်လဲ နန်းတော်ရဲ့ ကျက်သရေကို ပိုမိုတိုးစေပါတယ်။ အပြာရောင်ကောင်းကင်ကြီးနဲ့ နှင်းဖြူဖြူတွေကြားက နန်းတော်ဟောင်းရဲ့ ရှုခင်းတွေအောက်မှာ ကိုရီးယားရိုးရာ ဝတ်စုံတွေနဲ့ ဓာတ်ပုံကောင်းကောင်း ရိုက်နိုင်ပါတယ်။ နန်းတော်ကို ဝန်းရံထားတဲ့ အမျိုးသားရိုးရာပြတိုက်နဲ့ Bukaksan တောင်တို့ကြောင့် မမေ့နိုင်တဲ့ ဆောင်းရာသီအမှတ်တရကောင်းတွေကို ဖန်တီးနိုင်မှာဘဲ ဖြစ်ပါတယ်။
တည်နေရာ- 161၊ Sajik-ro၊ Jongno-gu၊ ဆိုးလ်၊ ကိုရီးယားသမ္မတနိုင်ငံ
ဖွင့်ချိန်- ဗုဒ္ဓဟူး-တနင်္လာနေ့ နံနက် ၉ နာရီမှ ညနေ ၆ နာရီ (အင်္ဂါနေ့ပိတ်သည်)
3.Lotte World
Lotte World ဟာ Lotte World Adventure နဲ့ Magic Island ဆိုပြီး အံ့ဖွယ်အပန်းဖြေဥယျာဉ် နှစ်ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး မိုးလုံလေလုံ အပန်းဖြေဥယျာဉ်ဖြစ်တဲ့ The Adventure ဧရိယာမှာလဲ ဆောင်းရာသီ ရောက်ပြီဆိုတာနဲ့ ဒဏ္ဍာရီပုံပြင်ဆန်ဆန် ဆန်တာကျေးရွာအဖြစ် ပြောင်းလဲသွားပြီး Santa Claus ရဲ့မွေးရပ်မြေကို ရောက်နေသလို ခံစားမိစေမှာဖြစ်ပါတယ်။ ဒီဧရိယာထဲ ရောက်ပြီဆိုတာနဲ့ တွေ့ရမယ့် Dream Castle မှာဆိုလဲ နဂါးငွေ့တန်း ဂလက်ဆီရဲ့ လှပပုံတွေကို မီးရောင်စုံတွေနဲ့ ပြုလုပ်ထားပါတယ်။ The Adventure မှာ မြေညီထပ်ကနေ လေးထပ်အထိ မတူညီတဲ့ အပြင်အဆင်တွေနဲ့ ရင်ခုန်ဖွယ်စီးစရာများစွာ ရှိပါတယ်။ Magic Island မှာဆိုလဲ ရေခဲရဲတိုက်ပုံစံနဲ့ အလှဆင်ထားတဲ့ Lotte World ရဲ့အထင်ကရ Magic Castle လဲ ရှိပါတယ်။ မိသားစုတွေအတွက် Lotte World ရဲ့ ဇာတ်ကောင်တွေနဲ့ တေးဂီတဖန်တီးမှုတွေပါဝင်တဲ့ Christmas Character Fantasia ကိုလဲ ကြည့်ခဲ့သင့်ပါတယ်။ ပန်းခြံတလျှောက်က စားသောက်ဆိုင်တွေနဲ့ အဆာပြေမုန့်ဆိုင်တွေမှာဆိုလဲ ဆောင်းရာသီပုံစံ အစားအစာတွေလဲ ရနိုင်ပါတယ်။
တည်နေရာ- 240၊ အိုလံပစ်-ရို၊ Jamsil-dong၊ Songpa-gu၊ ဆိုးလ်၊
ဖွင့်ချိန်- တနင်္လာ-စနေ မနက် ၉း၃၀ မှ ည ၁၀ နာရီ (တနင်္ဂနွေနေ့ပိတ်သည်)
4.Starlight Garden ပွဲတော်
Starlight Garden Festival ကတော့ Gapyeong ရှိ Garden of Morning Calm မှာ နှစ်စဉ်ကျင်းပတဲ့ ဆောင်းရာသီ ပွဲတော်တစ်ခုဖြစ်ပြီး မီးရောင်စုံတွေနဲ့ ဖန်တီးထားတဲ့ အံ့သြဖွယ် ဆောင်းညကို ခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ဥယျာဉ်အတွင်းမှာ ထိန်းသိမ်းထားတဲ့ သစ်ပင်တွေနဲ့ ပန်းပုတွေကို ရောင်စုံမီးတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ပြပွဲတစ်ခုဖြစ်ပါတယ်။ ဝင်ပေါက်မှာဆို ကြီးကျယ်ခမ်းနားပြီး အရောင်အသွေးစုံလင်တဲ့ Hometown Garden နဲ့ ပန်းရောင်ပန်းပွင့်တွေနဲ့ ဖုံးလွှမ်းထားတဲ့ Tunnel of Love စုံတွေတွေအတွက် အကြိုက်တွေ့စေမှာပါ။ Morning Plaza ကနေ Moonlight Garden ကို သွားတဲ့လမ်းကလဲ “Jack and the Beanstalk” ဒဏ္ဍာရီပုံပြင်ကို အမှတ်ရနေစေပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ ရင်ခုန်စရာ date လုပ်နိုင်တဲ့အပြင် လှပတဲ့ဆောင်းညမှာ ကိုယ့်ရဲ့မိသားစုနဲ့ ပျော်ရွှင်စရာ အမှတ်တရတွေကို ဖန်တီးနိုင်မှာဘဲ ဖြစ်ပါတယ်။
တည်နေရာ- 432၊ Sumogwon-ro၊ Sang-myeon၊ Gapyeong-gun၊ Gyeonggi-do၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၈း၃၀ မှ ည ၇ နာရီအထိ
ဆိုးလ်ရဲ့ ဆောင်းရာသီမှာတော့ ဒီလောက်နဲ့ သွားစရာတွေကုန်သွားမှာမဟုတ်ပါဘူး။ နောက်ထပ် စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ် နေရာတွေကို နောက်ရက်မှာ ထပ်မံပြောပြပေးသွားမှာမလို့ စောင့်မျှော်နေကြပါနော်။ ဆောင်းရာသီ အားလပ်ရက်ရှည်ပိတ်လို့ ကိုရီးယား သွားချင်လို့ ဖြစ်ဖြစ်၊ ကိုရီးယားကနေ ပြည်တော်ပြန်ချင်လို့ဘဲ ဖြစ်ဖြစ် လေယာဥ် လက်မှတ်ဖြတ်ချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ MyanGoal – Travel မှာ လာရောက် စုံစမ်းနိုင်ပါတယ်။
←
Previous:
part 2/ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က သမိုင်းဝင် အဆောက်အအုံနဲ့ နေရာများ
Next:
iPhone ရောင်းအားပြန်လည်မြင့်တက်လာ၊ တရုတ်ဈေးကွက်မှာ ထိပ်ဆုံးရောက်ရှိ
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications