0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ဘူဆန်မြို့ရဲ့ indoor activities
Jul 30, 2025
—
by
Milo Kevin
in
Travel
တချို့လူတွေက အအေးဒဏ်ကို အရမ်းကြီးမခံနိုင်တာကြောင့် အပြင်မှာ အကြာကြီးလျှောက်မလည်နိုင်တာရင်လဲ စိတ်မပူပါနဲ့။ ဘူဆန်မှာ outdoor activities တွေ လုပ်ပြီးလို့ အေးမြတဲ့ ရာသီဥတုကနေ နွေးနွေးထွေးထွေးလေး အပန်းဖြေအနားယူပြီး လည်ပတ်ချင်သူတွေအတွက် ကျွန်တော်တို့ MyanGoal – Travel ကနေပြီးတော့ indoor activities တွေကိုလဲ ပြောပြပေးလိုက်ပါတယ်။
Busan ရဲ့ ငါးပြတိုက်မှာကတော့ ပင်လယ်ရေနေ သတ္တဝါမျိုးစုံရဲ့ ဂေဟစနစ်ကိုလဲ လေ့လာခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ Sea Life Aquarium မှာ ပင်ဂွင်းတွေကို ကျွေးမွေးခြင်း၊ ငါးမန်းတွေနဲ့ တခြားငါးမျိုးစုံကို ကြည့်ရှုနိုင်တဲ့အပြင် ပင်လယ်ရေညှိတွေကိုလဲ ပြသထားပါတယ်။ ဒီပြတိုက်ကတော့ Haeundae ကမ်းခြေမှာတည်ရှိပြီး Aquarium ရဲ့ဖွဲ့စည်းပုံကလဲ ပင်လယ်ထဲ ရောက်သွားသလို ခံစားရစေမှာဘဲဖြစ်ပါတယ်။ Mermaid Princess ဇာတ်လမ်းနဲ့ ရေအောက် virtual reality အပါအဝင် ရှိုးအမျိုးမျိုးကိုလဲ ကလေးအတွက် ပြသလေ့ရှိပါတယ်။
Shinsegae Centum City ကလဲ စျေးဝယ်ရာတာ ကြိုက်တဲ့သူတွေအတွက် နေရာကောင်းတစ်ခုဖြစ်ပါတယ်။ 2009 ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဧရိယာ စတုရန်းရန်းပေပေါင်း 3.16 သန်း ကျယ်ဝန်းတဲ့ ဒီစတိုးဆိုင်ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်လဲ တင်ခဲ့ပါသေးတယ်။ ကျယ်ဝန်းတဲ့ ခန်းမတွေအတွင်းမှာ စိတ်လှုပ်ရှားဖွယ်ရာ အားလပ်ရက် အပြင်အဆင်တွေနဲ့ ဆောင်းရာသီ activities မျိုးစုံရှိပါတယ်။ ဒါ့အပြင် ဆောင်းရာသီကို ပျော်ပျော်ရွှင်ရွှင်နဲ့ အေးဆေးလုံခြုံစွာ ဖြတ်သန်းနိုင်မယ့် မိုးလုံလေလုံရေခဲကွင်းတစ်ခုလဲ ရှိပါတယ်။ စကိတ်ကွင်းကတော့ လူပေါင်း 500 လောက်အထိ ဆန့်ပြီး ပျော်ရွှင်စရာ ဆောင်းရာသီ အတွေ့အကြုံတစ်ခုကို ရရှိစေမှာပါ။ အစားအသောက်အတွက်ဆိုလဲ ကိုရီးယားအစားအစာ မျိုးစုံရှိတဲ့အပြင် တခြား အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေကို မြည်းစမ်းနိုင်ပါသေးတယ်။ ဒီစတိုး အပေါ်ဆုံးထပ်မှာဆိုရင် ကမ္ဘာကျော်ရုပ်ရှင်ရုံတစ်ခုလည်းရှိပြီး BIFF (Busan International Film Festival) ပွဲတွေကိုလဲ မကြာခဏကျင်းပလေ့ရှိပါတယ်။
ကိုရီးယားရိုးရာ jjimjilbang ချွေးထုတ်ခန်းကို ခံစားလိုက်ပါ။
ဆောင်းရာသီဆိုရင်တော့ jjimjilbang (찜질방၊ Korean ချွေးထုတ်ခန်း) နေရာအနှံ့ လည်ပတ်ပြီးသွားရင် နွေးနွေးထွေးထွေးနဲ့ အနားယူနိုင်မယ့် အကောင်းဆုံးနေရာဖြစ်ပါတယ်။ Shinsegae Centum City မှာရှိတဲ့ Spa Land အပါအဝင် ကိုရီးယားက အကောင်းဆုံး ချွေးထုတ်ခန်းတွေဟာ ဘူဆန်မှာရှိပါတယ်။ ဒီ Spa Land မှာ ရေပူရေချိုးတာ၊ အပူထုတ်ပေးတဲ့ ကြမ်းပြင်တွေနဲ့ သက်တောင့်သက်သာ အနားယူလို့ရမယ့် နေရာတွေရှိတာကြောင့် အအေးဒဏ်တွေကနေ ခေတ္တခဏအနားယူပြီး စတိုင်လ်ကျကျ ဖြတ်သန်းကြည့်လိုက်ပါ။ ချွေးထုတ်ခန်းအတွင်းက ရေတွေကလဲ မြေအောက် ပေ ၁၀၀၀ ကနေ စုပ်ယူထားတဲ့ သဘာဝအတိုင်း စိမ့်စမ်းရေတွေ ဖြစ်ပါတယ်။ မတူညီတဲ့ ရေကူးကန်တွေအပြင် finnish style ချွေးပေါင်းအိမ်နဲ့ ရေနွေးငွေ့ခန်းလည်း ရှိပါတယ်။ ချွေးထုတ်ခန်း အပြင်ဘက်မှာဆိုလဲ စုံတွဲတွေ၊ သူငယ်ချင်းတွေနဲ့ မိသားစုတွေ အားလုံးအတွက် ကိုရီးယားရိုးရာအပူပေးစနစ် (온돌၊ Korean အပူပေးစနစ်) ကိုလဲ အတူတကွ ခံစားနိုင်ပါတယ်။ အပူချိန်အမျိုးမျိုးရှိတဲ့ Sauna စတိုင်အခန်း အခန်း ၁၃ ခန်းရှိတဲ့ထဲ တစ်ခုဆီမှာလဲ ထူးခြားတဲ့ ကိုယ်ပိုင်အပြင်အဆင်တွေ ရှိပါတယ်။ အနှိပ်ခုံတွေ၊ ရေပူစမ်းတွေ၊ spa တွေ၊ စားသောက်ဆိုင်တွေလဲ အစုံအလင် ရှိပါသေးတယ်။
←
Previous:
ဂျပန်ကျည်ဆန်ရထားရဲ့ ငလျင်ကာကွယ်နည်းပညာ
Next:
Xiaomi ရဲ့ HyperOS 3: iOS 26 လို Liquid Glass ဒီဇိုင်းနဲ့ AI ပါတဲ့ OS အသစ်
→
Latest
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည် စမတ်ဖုန်းတွေကို လက်ကနေ ကိုင်သုံးနေရတဲ့ ခေတ်ကနေ…
Read more
: Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ် Facebook ပေါ်မှာ သူများရဲ့ MyDay…
Read more
: Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO (အမျိုးအမည်မသိ ပျံသန်းရေးယာဉ်) ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့…
Read more
: အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံ (ဘတ် ၈၄၂…
Read more
: ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications