ဆိုးလ်ရဲ့ အရသာ အကောင်းဆုံး Korean BBQ ဆိုင်များ part-2

ဒီနေ့မှာလဲ ဆိုးလ်မှာ ကိုရီးယား BBQ ဆိုင်ကောင်းကောင်းကို သွားစားချင်ကြတဲ့ သူတွေအတွက် နောက်ထပ် ဆိုးလ်ရဲ့ အကောင်းဆုံး ကိုရီးယား BBQ ဆိုင်တွေကို ထပ်ပြီး ပြောပြပေးလိုက်ပါတယ် ဗျို့။ 🗣️🔊

5. Hanmiok

တည်နေရာ- ဂန်းနမ်

Hanmiok ဆိုင်ဟာ ဆိုးလ်က အကောင်းဆုံး ကိုရီးယား BBQ ဆိုင်တွေထဲမှာ ပါဝင်ရတာကတော့ အမဲသားရဲ့ အရည်အသွေးနဲ့ ဆိုင်ရဲ့ ထူးခြားတဲ့ အပြင်အဆင်ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆိုင်မှာ သီးသန့်ခန်းယူပြီးလဲ စားလို့ရပါသေးတယ်။ ဒီဆိုင်ဟာ ပုံမှန် BBQ ဆိုင်တွေလို မဟုတ်ဘဲ အသားတွေ၊ ဟင်းသီးဟင်းရွက်တွေကို ကိုယ့်ရဲ့စားပွဲပေါ်မှာ blow torch နဲ့ တခါတည်း လာကင်ပေးတာ ဖြစ်ပါတယ်။ ဒီဆိုင်မှာ အစားကြည့်သင့်ဆုံး မီနူးကတော့ Chadol Gujeolpan လို့ခေါ်တဲ့ ဟင်းလျာဖြစ်ပါတယ်။

6. Hongik Sutbul Galbi

တည်နေရာ- Hongdae

Hongdae မှာ ရှိတဲ့ Hongik Sutbul Galbi ဆိုင်ကလဲ ဆိုးလ်ရဲ့ အကောင်းဆုံးကိုရီးယား BBQ ဆိုင်တစ်ခုဖြစ်ပါတယ်။ ဒီဆိုင်ဟာ စျေးနှုန်းလဲသင့်တင်ပြီး အရံဟင်းတွေကလဲ free ရတဲ့အပြင် ရွေးချယ်စရာ အသားမျိုးစုံလဲ ရှိပါတယ်။ Weightlifting Fairy Kim Bok Joo လို K-drama အတွက်လဲ ရိုက်ကူးရေးနေရာအဖြစ် အသုံးပြုခဲ့ပါသေးတယ်။ ဒါ့အပြင် ဒီဆိုင်ဟာ မနက် ၄ နာရီအထိ ဖွင့်တာ ဖြစ်ပါတယ်။ 

7.  Sammi Daepo Korean BBQ House (삼미대포 시청점)

တည်နေရာ- ဆိုးလ်မြို့တော်ခန်းမနား

ဆိုးလ်မြို့ရဲ့ City Hall အနီးနားမှာလဲ အရည်အသွေးကောင်းတဲ့ Sammi Daepo Korean BBQ House လို့ခေါ်တဲ့ ကိုရီးယား BBQ စားသောက်ဆိုင်ရှိပါတယ်။ ဒီဆိုင်ဟာ တစ်လမ်းလုံး စားသောက်ဆိုင်တွေ အပြည့်ရှိတဲ့ Namdaemun-ro လမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီဆိုင်မှာ အကောင်းစား အမဲသား၊ chadolbaegi တွေ အပါအဝင် ဟင်းလျာမျိုးစုံရှိပါတယ်။ ဒါ့အပြင် ဒီဆိုင်က ဟင်းရည်တွေကလဲ မြည်းကြည့်ခဲ့သင့်ပါတယ်။

8. Yang Good

တည်နေရာ- ဂန်းနမ်

Yang Good ဆိုင်ကတော့ တခြား ကိုရီးယား BBQ စားသောက်ဆိုင်တွေနဲ့ ယှဉ်ရင် နည်းနည်းလေး ကွဲပြားပါတယ်။ ဒီဆိုင်မှာ အမဲသားက အဓိကမဟုတ်ဘဲ သိုးသားဖြစ်ပါတယ်။ ဒီဆိုင်မှာ ပရီမီယံ သြစတြေးလျ halal သိုးသား ကို ရရှိနိုင်ပါတယ်။ သင့်စားပွဲတွင် ရွှမ်းရွှမ်း၊ အရည်ရွှမ်းရွှမ်း သိုးသား ဒါမှမဟုတ် ကြက်သားတုတ်ထိုးတွေကို ကိုယ်တိုင်စားပွဲပေါ်မှာ မီးသွေးနဲ့ ကိုင်စားနိုင်မှာ ဖြစ်ပါတယ်။

#korea #myangoal #myanmar #bbq #restaurant #seoul #food


Latest