OpenAI မှ အသစ်ထွက်ရှိလာသည့် ChatGPT-5 ကို အခမဲ့ စတင်အသုံးပြုနိုင်ပြီ

OpenAI မှ အသစ်ထွက်ရှိလာသည့် ChatGPT-5 ကို အခမဲ့ စတင်အသုံးပြုနိုင်ပြီ

နည်းပညာလောကကို လှုပ်ခတ်သွားစေမယ့် သတင်းတစ်ခု ထွက်ပေါ်လာပါပြီ။ OpenAI ကနေ သူတို့ရဲ့ အစွမ်းထက်ဆုံး၊ အမြန်ဆုံးနဲ့ အကောင်းဆုံး AI Model ဖြစ်တဲ့ GPT-5 ကို တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

OpenAI ရဲ့ CEO ဖြစ်သူ Sam Altman ကတော့ GPT-5 ဟာ Coding နဲ့ Writing မှာ ကမ္ဘာ့အကောင်းဆုံး Model ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ သူက GPT-4 ကို ကောလိပ်ကျောင်းသားတစ်ယောက်နဲ့ နှိုင်းယှဉ်ခဲ့ပြီး၊ GPT-5 ကိုတော့ “PhD အဆင့်ရှိ ပညာရှင်တစ်ဦးနဲ့ တကယ်စကားပြောနေရသလို ခံစားရမယ့် ပထမဆုံး Model” ဖြစ်တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။

GPT-5 ရဲ့ ထူးခြားချက်များ

GPT-5 ဟာ အရင် Model တွေထက် ပိုမိုစမတ်ကျလာတဲ့အပြင် Response ပိုမြန်လာမယ်၊ အမှားနည်းသွားမယ်၊ ပြီးတော့ ပိုပြီးထိရောက်မှုရှိလာမှာ ဖြစ်ပါတယ်။

GPT-5 နှင့် GPT-5 Thinking – Model အသစ်မှာ GPT-5 နဲ့ GPT-5 Thinking ဆိုပြီး နှစ်မျိုးပါဝင်လာပါတယ်။ GPT-5 က Default ဖြစ်ပြီး၊ သင်မေးလိုက်တဲ့ မေးခွန်းက ပိုမိုရှုပ်ထွေးပြီး လေးလေးနက်နက် လေ့လာဖို့ လိုအပ်တဲ့အခါမှာ GPT-5 Thinking Model ကို အလိုအလျောက် ပြောင်းလဲပေးမှာပါ။
အခမဲ့ အသုံးပြုနိုင်ခြင်း – Free User တွေအတွက် GPT-5 ကို ၅ နာရီတစ်ကြိမ် Message ၁၀ စောင်အထိ ပို့ခွင့်ပေးထားပါတယ်။ Limit ပြည့်သွားရင်တော့ GPT-5 mini Version ကို အလိုအလျောက် ပြောင်းလဲအသုံးပြုနိုင်မှာပါ။
GPT-5 Thinking ကို အသုံးပြုနိုင်ခြင်း – GPT-5 Thinking ကိုတော့ တစ်ရက်တစ်ကြိမ် အခမဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။


Latest