ထိပ်တန်း အကောင်းဆုံး Bibimbap ဆိုင်များ – part 2

ဒီနေ့မှာတော့ ဆိုးလ်က အကောင်းဆုံး Bibimbap ဆိုင်တွေကို ပြောပြပေးသွားဦးမှာမလို့ သိချင်သေးရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။

နံပါတ် 5- Sae Byeok Jib (새벽집)

ဟန်မြစ်ရဲ့ တောင်ဘက်ခြမ်းမှာ နေတာဖြစ်ဖြစ်၊ ရောက်နေရင်ဖြစ်ဖြစ် ရုတ်တရက် ဗိုက်ဆာလို့ bibimbap စားချင်နေရာတော့ Sae Byeok Jib (새벽집) ကို‌တော့ သွားသင့်ပါတယ်။ Bibimbap ကို အဓိကရောင်းတဲ့ ဆိုင်မဟုတ်ပေမယ့်လည်း သူတို့ရဲ့ yukhoe bibimbap (육회비빔밥) ဒါမှမဟုတ် “အမဲသားစိမ်း bibimbap” ကတော့ အရသာကောင်းတယ်ဆိုပြီး နာမည်ကြီးပါတယ်။ အမဲသားစိမ်းကို ပထမဆုံးအကြိမ်အဖြစ် မြည်းစမ်းကြည့်ဖို့လဲ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဟင်းအမယ်တွေရဲ့ ဈေးနှုန်းကလဲ တော်တော်လေး သက်သာပါတယ်။ ဒီစားသောက်ဆိုင်မှာ စျေးလဲတန်ပြီး အရသာရှိတဲ့ galbi (갈비) လို့ခေါ်တဲ့ “နံရိုးဟင်း” ကြောင့်လဲ လူသိများပါတယ်။

တည်နေရာ : Gangnam-gu၊ Cheongdam-dong 129-10 (강남구 청담동 129-10)

နံပါတ် 6- Grandma Yu’s Bibimbap (유할머니의 비빔밥)

Jeonju bibimbap စစ်စစ်ကို စားလို့ရမယ့် နေရာတွေထဲကတစ်ခုကတော့ အဖွား Yu’s ပြုလုပ်တဲ့ အရသာအတိုင်း ပြုလုပ်ထားတဲ့ ဒီဆိုင်ရဲ့ bibimbap ဖြစ်ပါတယ်။ ဖွင့်တာလဲ နှစ် ၄၀ လောက်ရှိပြီ ဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ဟာ ကိုရီးယားလူမျိုးတွေကြားမှာလဲ ရေပန်းစားပြီး ဒီဆိုင်မှာ စားရဖို့ တန်းစီစောင့်ဆိုင်းနေတာကိုလဲ တွေ့နိုင်ပါတယ်။ ဒီဆိုင်ရဲ့ ဝန်ဆောင်မှုကလဲ bibimbap အပြင် အရံဟင်းအနည်းငယ်လည်း ချထားပေးပေမယ့် ကုန်သွားရင်တော့ ထပ်တောင်းလို့ မရပါဘူး။

တည်နေရာ : Jung-gu၊ Bukchang-dong 12-2 (중구북창동 12-2)

နံပါတ် 7- Bon Bibimbap (본비빔밥)

Bon Bibimbap ကတော့ franchise ဆိုင်တွေလဲ ရှိပြီး bibimbap စားချင်သူတွေအတွက် တစ်နေရာရာကို သွားစရာမလိုဘဲ ဆိုးလ်တဝိုက် အလွယ်တကူ နီးစပ်ရာဆိုင်မှာ စားနိုင်ပါတယ်။ ဒီဆိုင်ဟာ တခြားဆိုင်တွေလောက် ဖွင့်တာ မကြာသေးပေမယ့်လည်း နေ့လည်စာစားချိန်ဆို တန်းစီနေတဲ့လိုင်းက သူတို့ရဲ့ အစားအစာ ကောင်းမကောင်း သိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စျေးနှုန်းသက်သက်သာသာနဲ့ bibimbap အမျိုးစား အစုံဆုံးရွေးချယ်နိုင်ပါတယ်။

တည်နေရာ- https://www.bonif.co.kr/ ကြည့်ပါ။

နံပါတ် 8- Matna Bunshik (맛나분식)

ဒီဆိုင်ကတော့ Wangsimni လမ်းကြားမှာ တည်ရှိတဲ့ စားသောက်ဆိုင်အသေးလေး တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဒီဧရိယာတဝိုက် ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေကြားမှာ ရေပန်းစားပါတယ်။ ဒီဆိုင်ရောက်ရင်တော့ သူတို့ရဲ့ cheese dolsot bibimbap ကိုတော့ မြည်းစမ်းခဲ့ကြည့်သင့်ပါတယ်။ ဒီစားသောက်ဆိုင်အကြောင်းကို လူတွေ သိပ်မသိပေမယ့် ဒီဆိုင်မှာ လာစားဖူးသူတွေကတော့ သူတို့ရဲ့ အစားအသောက်ကောင်းတာကို သိကြပါတယ်။

တည်နေရာ : Seongdong-gu, Haengdang-dong (성동구행당동)

#korea #myangoal #myanmar #traditional #food #korean #bibimbap


Latest