Your cart is currently empty!
K-drama fan တွေရှိကြလား ? ကိုရီးယားဒရာမာတွေ ကြည့်ရတာကြိုက်တဲ့သူတွေအနေနဲ့ အခုပြောပြပေးမယ့် စီးရီးတွေဟာ ထွက်ရှိတာ ဆယ်နှစ်ရှိသွားပြီဆိုတာ သိပါသလား ? ဟုတ်ပါတယ်။ ဒီနာမည်ကြီးစီးရီးတွေဟာ ထွက်ရှိတာ ဆယ်နှစ်ရှိသွားပြီဖြစ်ပြီး ဒီထဲမှာ မြန်မာပရိတ်သတ်တွေကြား တော်တော်လေး လူကြိုက်များတဲ့ စီးရီးတွေပါပါတယ်။ ဒါကြောင့် ဘယ်စီးရီးတွေက ထွက်တာ ဆယ်နှစ်ရှိသွားပြီလဲ။ ဘယ်စီးရီးတွေကိုလဲ မကြည့်ရသေးလဲဆိုတာ သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်လိုက်ပါ။
“Reply 1988” – November 6, 2015
မိသားစုနဲ့ သူငယ်ချင်းတွေကြား ခင်မင်ရင်းနှီးမှုအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကြောင့် ပရိသတ်တွေကြားမှာ လူကြိုက်များတဲ့ K-drama တစ်ခုဖြစ်လာပါတယ်။ ဇာတ်ကားကိုလဲ 1988 ခုနှစ် ဆိုးလ်မှာ နွေရာသီ အိုလံပစ်ပွဲအတွက် ပြင်ဆင်နေချိန် နဲ့ ကိုရီးယားနိုင်ငံရဲ့ လူမှုရေးနိုင်ငံရေး အပြောင်းအလဲဖြစ်ချိန်ကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Duk Sun ( Hyeri ) ၊ Choi Taek ( Park Bo Gum ) ၊ Sun Woo ( Go Kyung Pyo ) ၊ Jung Hwan ( Ryu Jun Yeol ) နဲ့ Dong Ryong ( Lee Dong Hwi ) တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်ပါတယ်။
“She Was Pretty” – September 16, 2015
ဒီစီးရီးကတော့ အချစ်ဇာတ်လမ်းပုံစံဖြစ်ပြီး Ji Sung Joon (Park Seo Joon) နဲ့ Kim Hye Jin (Hwang Jung Eum) တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ငယ်ချစ်ဦးတွေဖြစ်ကြတဲ့ Sung-Joon နဲ့ Hye-Jin တို့ဟာ 15 နှစ်အကြာမှာ ပြန်လည်တွေ့ဆုံဖို့ စီစဥ်ထားကြပါတယ်။ ဒါပေမယ့် Hye-Jin က သူ့ရဲ့ရုပ်ရည်ကြောင့် မတွေ့ရပဲ သူ့ရဲ့သူငယ်ချင်း Ha-ri ကို သူ့အစား သွားခိုင်းတာကနေ ဇာတ်လမ်းစတာ ဖြစ်ပါတယ်။
“Oh My Ghostess” – August 22, 2015
ဒီကိုရီးယားဒရာမာဟာ romance, comedy drama, thriller အမျိုးအစားဖြစ်ပြီး Na Bong Sun ( Park Bo Young ) နဲ့ Kang Sun Woo ( Jo Jung Suk ) တို့ကို အဓိကပါဝင်ပါတယ်။ Na Bong Sun ( Park Bo Young ) ဟာ စားဖိုမှူးအကူတစ်ယောက်ဖြစ်ပြီး နာမည်ကြီး စားသောက်ဆိုင်ကို ဖွင့်လှစ်တဲ့ စူပါစတားစားဖိုမှူး Kang Sun Woo ( Jo Jung Suk ) ရဲ့ လက်ထောက်ဖြစ်ပါတယ်။ Bong Sun ဟာ သရဲတစ္ဆေများကို မြင်နိုင်စွမ်းရှိပြီး Soon Ae ( Kim Seul Gi ) ခန္ဓာကိုယ်မှာ သရဲတစ်ကောင် ပါလာတာကနေ ဇာတ်လမ်းစတာ ဖြစ်ပါတယ်။
“Kill Me, Heal Me” – January 7, 2015
“Kill Me, Heal Me” ဟာ psychological thriller ဇာတ်လမ်းမျိုးဖြစ်ပြီး စိတ်ကျန်းမာရေးနဲ့ အတိတ်က ဒဏ်ရာတွေဟာ လက်ရှိဘဝအပေါ် များစွာ သက်ရောက်မှုရှိပုံကို ရိုက်ကူးဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Oh Ri Jin (Hwang Jung Eun)၊ Oh Ri On (Park Seo Joon) Cha Do Hyun (Ji Sung) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းမှာ Cha Do Hyun (Ji Sung) ဟာ personalities 6 မျိုးရှိတဲ့သူ ဖြစ်ပြီး ဇာတ်ရုပ်တစ်ခုစီတိုင်းကိုလည်း အကောင်းဆုံး သရုပ်ဆေင်ပြထားတာကို တွေ့ရမှာပါ။
“Oh My Venus” – November 16, 2015
Kim Young Ho (So Ji Sub) ဟာ ဟောလီးဝုဒ်က A list အနုပညာရှင်တွေကို လေ့ကျင့်ပေးတဲ့ trainer တစ်ယောက်ဖြစ်ပါတယ်။ Kang Joo Eun (Shin Min Ah) ကလဲ ရှေ့နေတစ်ယောက်ဖြစ်ပြီး ဝိတ်တက်လာတာကြောင့် သူမရဲ့ ချစ်သူ စွန့်ပစ်ခြင်းကို ခံထားရသူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လေယာဥ်ပေါ်မှာ အမှတ်မထင် တွေ့ဆုံခဲ့ကြပြီး Joo Eun (Shin Min Ah) ကို ဝိတ်ချဖို့ ကူညီပေးတာကနေ ဇာတ်လမ်းစတာ ဖြစ်ပါတယ်။
နောက်ရက်တွေကျရင်လည်း 2025 မှာ ထွက်ရှိတာ ဆယ်နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ ကိုရီးယားဒရာမာတွေကို ပြောပြပေးဦးမှာမလို့ စောင့်မျှော်နေကြပါနော်။
#Famousdrama #Kdrama #series #entertainment #korean #myangoal






